Sunday, November 09, 2008

Happy Anniversary

နိုဝင်ဘာလ ၉ ရက်နေ့တွေဟာ ကျွန်တော်တို့ ၂ ယောက် အတွက် Official Anniversary ပါပဲ။ လွန်ခဲ့တဲ့ ၄ နှစ်က ကျွန်တော်တို့ ၂ ယောက် နှစ်ဘက် မိဘတွေနဲ့ တရားရုံးမှာ လက်မှတ်ထိုးခဲ့ကြတယ်။ နှစ်ပတ်လည် အမှတ်တရအနေနဲ့ ကျွန်တော်တို့ ၂ ယောက် အပြန်အလှန် ပေးခဲ့ကြတဲ့ Post Card လေးတွေရယ် ပေးခဲ့တဲ့ သီချင်းရယ် ပေါင်းပြီး ဒီ Clip လေးကို လုပ်လိုက်ပါတယ်။

Happy Anniversary!





38 comments:

MrDBA - 11/10/08, 1:22 AM

လူငယ်တွေများ တယ်လဲအနုအရွလုပ်ကြတယ်ကိုး။ :P
ပျော်ရွှင် ငြိမ်းချမ်းသော မိသားစုလှေကလေး ရှေ့ဆက်ချီတက်ဗျို့။

khin oo may - 11/10/08, 1:24 AM

မုတ်သုန်အနမ်းဆိုဘဲ ။ လေသွားတယ်။ တင်စားချက်က ပြင်းထန်းလို့လွင့်သွားတယ်။

:-* - 11/10/08, 1:24 AM

Happy Anniversary Ko Andy and madam ..

Ain & mummy

ဇနိ - 11/10/08, 1:28 AM

Happy Anniversary!
ကိုဇနိ မဇနိ

Dr. Nyan - 11/10/08, 1:37 AM

အမှတ်တရလေးတွေသိမ်းထားနိုင်တာလေးစား
တယ်ဗျို့။ အမြဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။

nu-san - 11/10/08, 1:52 AM

Happy Anniversary to a Lovely Couple!!! :)

အမှတ်တရလေးတွေကို အခုလို စုစည်းထားတာ ကောင်းတယ် Andy ရေ... ဘယ်တော့မှ မပျောက်တော့ဘူးပေါ့.. :)

Anonymous - 11/10/08, 1:59 AM

Happy Anniversary!!!

pandora - 11/10/08, 3:01 AM

ပျော်ရွှင်စရာ မိသားစုကလေး အခုလိုပဲ အမြဲတမ်း အေးအေးချမ်းချမ်း ရှေ့ခရီးဆက်နိုင်ကြပါစေ။

ရွှေဂျမ်း - 11/10/08, 3:04 AM

Happy Anniversary! သီချင်းနားထောင်ပြီး ကဒ်လေးတွေကို ကြည့်ရတာ ကြည်နူးစရာကောင်းလိုက်တာ။း)

အောင်သာငယ် - 11/10/08, 10:15 AM

Happy Anniversary!

ငြိမ်းချမ်းပျော်ရွှင်သော မောင်နှံအဖြစ်
အနှစ်တရာတိုင်ပါစေ။

ခင်မင်သော

Myo Kyaw Htun - 11/10/08, 12:39 PM

အခုလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲတမ်း ဖြတ်သန်းနိုင်ပါစေ။

star - 11/10/08, 12:52 PM

ဝမ်းမြောက်ပါတယ်။ အားကျပါတယ်။ :P ပျော်ရွှင်သော မိသားစုလေး ထာဝရပိုင်ဆိုင်နိုင်ပါစေ။

sin dan lar - 11/10/08, 1:16 PM

Happy Anniversary!
စိန်ရတု ၁၀ ခါပြန်ထိ ပျော်ရွှင် ငြိမ်းချမ်းသော မိသားစုကလေးဖြစ်ပါစေ...

thet mon - 11/10/08, 1:35 PM

Happy Anniversary!

TZA - 11/10/08, 1:50 PM

Happy Anniversary!
သားသမီး ၁၀ ခါပြန်ထိ ပျော်ရွှင် ငြိမ်းချမ်းသော မိသားစုကလေးဖြစ်ပါစေ...

Kay - 11/10/08, 1:58 PM

Happy Anniversary !
We She Me

:)

A Linn Nyi - 11/10/08, 1:59 PM

Happy Anniversary Andy & MMS :-)

ThuHninSee - 11/10/08, 2:14 PM

အဲဒီနေ့မှာစပြီး နောက်ထပ်နှစ်တစ်ရာတိုင်ပါစေ.နော်။

Anonymous - 11/10/08, 2:34 PM

Happy Anniversary Bro and Sis. Wishing to get happy family forever with our cute cute niece and handsome nephew....

KWS+NNS

Ko Paw - 11/10/08, 5:30 PM

ပျော်ရွှင်ပါစေဗျာ…. ကျနော့် နှစ်ပတ်လည်နဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပါဘဲ။ ကျနော့် တရားဝင်လက်မှတ်ရေးထိုးတာက နိုဝင်ဘာ ငါးရက်။ မင်္ဂလာပွဲက ၁၂ ရက်နေ့။ ဒါပေမယ့် ကျွန်တော်က ရှစ်နှစ်မြောက်ဆိုတော့ သမ္ဘာနှစ်ထပ်ကွမ်းရင့်တယ်နော့။ ရှစ်မိနစ် အန်ဒါဝါးတား…လေ…ဟဲဟဲ။

strike - 11/10/08, 5:41 PM

"Happy Anniversary"......................sorry for late wish...:P

Peanut - 11/10/08, 6:46 PM

တကယ်စိတ်ချမ်းသာဖို့ကောင်းလိုက်တာ.....

Happy Anniversary!!!

May Moe - 11/10/08, 7:03 PM

Happy Anniversary !ထာဝရ ပျော်ရွှင် ငြိမ်းချမ်းသော မိသားစုကလေးဖြစ်ပါစေ :)

imaginary clouds no 2 - 11/10/08, 10:11 PM

ရေးဖော်ကြီး အန်ဒီ ၊ ပျော်ရွင်သော မိသားစုဘဝ လေးကိုဒီထက်ပိုပြီး အမြဲသာယာပျော်ရွင်နိုင်ပါစေ ။ (အိမ်နားနီးရင်လာသောင်းကျန်းမလို့ ။ )

imaginary clouds no 2 - 11/10/08, 10:15 PM

သြော် --ရေးတာကျန်သွားသေးတယ် ။ ဆလိုက်ထဲမှာ ပါတဲ့ ကဗျာ အကြောင်းလေးနည်းနည်းရေးပါဦး ။ပျော်ရွင်သော မိသားစုဘဝလေး အမြဲထာဝရပိုင်ဆိုင်ပါစေ ။

Htoo Tay Zar - 11/10/08, 11:02 PM

Happy Anniversary!! We She Me =D

ဂျစ်တူး - gyit_tu - 11/11/08, 12:09 AM

အားကျစရား)

အကို အန်ဒီ နဲ့ အမတို့ နောက်ထပ် နှစ်များမှာလည်း ပျော်ရွှင် ချစ်နိုင်ကြပါစေး)

rita - 11/11/08, 1:07 AM

Happy Anniversary n wishing for more n more....

Taungoo - 11/11/08, 1:27 AM

wesheme မှသည် son-wesheme
daughter-wesheme တိုင်အောင် ဆက်လက်၍ မိသားစုတွေ အေးချမ်းပျော်ရွှင်စွာ ချီတက်နိုင်ပါစေဗျာ

မေတ္တာဖြင့်

P.Ti - 11/11/08, 7:24 PM

ဆုတောင်းလာတာ နောက်ကျသွားတယ်...

ကြည်နူးစရာ အားကျဖွယ်ကောင်းတဲ့ ဒီမိသားစု နှစ်ပေါင်းများစွာ နှစ်ပတ်လည်နေ့တွေ ပျော်ရွှင်စွာ ဆင်နွဲနိုင်ကြပါစေ...

မြစ်ချေသူ - 11/12/08, 3:39 AM

Happy Anniversary !
So sweet...
အားကျလိုက်တာ
အခုလိုကြည်နူးစရာ အမှတ်တရလေးတွေနဲ့ အတူ အေးချမ်း၊ သာယာတဲ့မိသားစုလေးဖြစ်ပါစေလို့ 

ခင်မင်စွာဖြင့်

sandra - 11/12/08, 4:25 AM

Happy Anniversary!
ချစ်စရာ သားသမီးလေးတွေနဲ့ ရာသက်ပန် ပျော်ရွှင်ပါစေ။

Moe Cho Thinn - 11/12/08, 6:14 AM

ခရီးသွားနေလို့ နောက်ကျသွားတယ် ကိုAndy ရေ..
ပို့စ်လေးက ချစ်စရာကောင်းလွန်းလို့ Video clip လေးကြည့်ပြီး ကြည်နူးလိုက်တာ။ အင်မတန် ကဗျာဆန်လိုက်တာပါလား။

ပို့စ်ကဒ်လေးတွေကို သိမ်းထားတုန်းဆိုတော့ အချစ်တွေလဲ သိမ်းထားတုန်း၊ နွေးထွေးတုန်း၊ လတ်ဆတ်တုန်း ဆိုတာ သိသာပါတယ်။ အမ ဆုတောင်းပေးစရာတောင် မလိုတော့ဘူး ထင်ပါရဲ့။
အလေးပြုသွားပါတယ် Mr. & Mrs. Myint..

Andy Myint - 11/12/08, 11:05 PM
ကျွန်တော်တို့ နှစ်ယောက်စလုံးက အာားလုံးကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ။ အခုလို မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်သွားမည်တောင် မထင်ထားမိဘူး

ကိုဒီဘီအေ .... (ကိုဇနိ တစ်ခါ ရေးဖူးသလို) ကိုယ့်ကိုယ်ကိုတော့ လူငယ်တွေလို့ အမြဲတမ်း ထင်နေတာပဲ။ အထူးသဖြင့် ရှေ့မှာ အစ်ကိုတို့လို (ကိုပေါတို့လို) လူတွေကို ကြည့်ပြီး ငါတို့တော့ ငယ်သေးတယ် ဆိုပြီး ထင်နေတာ... ဟားဟား... တကယ်ပြောတာ နောက်နေတာမဟုတ်ဘူး

မခင်ဦးမေ... စိတ်လေသွားတယ်လား ဟဲဟဲ.. ဒီလိုပဲ ရွှီးတာလေ.. အစ်မတို့ကတော့ ရိုးဟိုးဟိုးနေပြီး ဆိုမှာပဲ

အိမ်းတို့ မေမေ... အိမ်းတစ်ယောက်ရော အတော်တတ်နေပြီပေါ့

ဇနိမောင်နှံ... Oops!... မောင်နှံခေါ်တာ မကြိုက်ဘူးဆိုတာ မေ့သွားလို့.. ကျွန်တော်တို့ မျက်စိထဲမှာတော့ ဇနိလို့ ဆိုလိုက်ရင် လိုက်ဖက်တဲ့ မောင်နှံ (စုံတွဲ)လိုပဲ မြင်လို့ပါ

ဒေါက်တာဉာဏ်... (ဒေါက်တာတို့လည်း မှတ်မှတ်ရရ ရှိတာ သိပါတယ်ဗျာ ဟင်းဟင်း ဟင်း)

မနုစံ... (မေ့တတ်လို့ ကိုယ့်ကိုယ်ကို သတိပေးနေတာ ဘာရယ် ညာရယ်တော့ မဟုတ်ဘူး ဟီးဟီး)

စာဖတ်သူ တစ်ဦး

မပန်၊

မရွှေဂျမ်း၊

ကိုအောင်သာငယ်၊

star ၊

မစန္ဒာလင်း၊

မသက်မွန်၊

ကိုသန့်ဇင်အောင် .....(ကိုယ့်ဆရာကရော ဘယ်တော့လည်းဗျ.. ဘလောက်တွေချည်းပဲ စွတ်ရေးမနေနဲ့ဦး... စွံတဲ့သူတွေက ဒီလိုပဲ အချိန်ဆွဲတတ်သလားပဲ)..

မကေ၊.... (အစ်မတို့ အကြောင်းလည်း ရေးဦးလေ.. အချွန်နဲ့ မလိုက်ပြီ)

မအလင်းညီ ....(အချိန်တွေ ကျန်သေးတယ်နော့်...)

မသုနှင်းဆီ... (နှင်းဆီ မောင်နှံလည်း အမေရိကားမှာ ပျော်ရွှင် ချမ်းမြေ့ပါစေ)

KWS NNS ၊

ကိုပေါ ....(ကိုပေါတို့အတွက်လည်း Congrats & Happy Anniversary ပါ)

STRIKE ၊

Peanut ၊

ညီမမေမိုး ....(ညီမတို့ Anniversary ကျရင်လည်း ရေးဦး)

ဆြာတိန်.... (သောင်းကျန်ချင်ရင် လာခဲ့လေ၊ ဟားဟား ကဗျာကမမည်ပါဘူးဗျာ.. ဒီလိုပဲ)

ညီမျိုးကျော်ထွန်း၊ ညီထူးတေဇာ (ငယ်တုန်း လွတ်လွတ်လပ်လပ် သောင်းကျန်းထား ငါ့ညီတို့ရေ... အဟက်ဟက်)

တီတီဂျစ် (အားကျရင် ကြိုးစားနော် တီတီဂျစ် .. နားစွင့်နေမယ်)

မရီတာ... (အပျိုကြီး မလုပ်နဲ့လေ)

(လူပြိုကြီးများဖြစ်တဲ့ ) တောင်ငူသား၊ ကိုပီတိ၊

မြစ်ချေသူ ၊

Ma Sandra ၊ (အစ်မတို့ မိသားစုလေးလည်း ရွှင်လန်း ချမ်းမြေ့ပါစေ)

မချိုသင်း... (ဟီးဟီး ဒါကလည်း ပျောက်မှာစိုးလို့ Digitize လုပ်လိုက်တာပါ)
လွတ်ငြိမ်းလေပြေ - 11/13/08, 12:50 PM

romance

လွတ်ငြိမ်းလေပြေ - 11/13/08, 1:06 PM

It’s a blessing to meet the real love.
Wish you to be able to celebrate 120th anniversary.

သက်ဝေ - 11/13/08, 4:38 PM

Happy Anniversary...!!!

kk - 11/14/08, 1:52 PM

Happy Anniversary WeSheMe !!!
ဒီလိုပဲအသက်ထက်ဆုံးပျော်ပျော်
ရွှင်ရွှင်နဲ့ဘ၀ကိုဖြတ်သန်းနိုင်ပါစေ..

Post a Comment

Many thanks for dropping a comment…

Film


Files