Wednesday, November 12, 2008

Wuzzles

Wuzzle (Word + Puzzle)ဆိုတာ စကားလုံးတွေနဲ့ ပဟေဋိ ဖွက်ထားတာပါ။ များသောအားဖြင့်တော့ လူသုံးများ စကား (Phrase) တွေ၊ လူသိများတဲ့ နေရာတွေ ကို ဖွက်ထားပါတယ်။ ဒီ Wuzzle ကို စတွေ့ဖူးတာ သင်တန်း တစ်ခု တက်ရတုန်းကပါ။ သင်တန်း ပေးနေတုန်း ၁-၂ နာရီခြား တစ်ခါ Break မလုပ်ခင်မှာ ဆလိုက်ထိုးပြီး ဖြေရတာ။ သင်တန်းမှာ မငြီးငွေ့ရအောင် လုပ်ပေးတယ်။ စိတ်ဝင်စားဖို့ ကောင်းပြီး အများနဲ့ အလုအယက် ဖြေရတာ ပျော်စရာကောင်းပါတယ်။ အဲဒီနောက်ပိုင်းမှာ Wuzzle တွေကို လိုချင်လို့ ပြန်ရှာတာ မရတော့ဘဲ အခုတလောမှ ရှာတွေ့ထားလို့ တစ်နေရာတည်းမှာ စုထားလိုက်တယ်။

Wuzzle ရဲ့ သဘောကို နမူနာ အနေနဲ့ ရှင်းပြရရင်
စာလုံးတွေရဲ့ အရေအတွက်ကို ကြည့်ပြီး ဖြေရတာမျိုးက ဒီလိုမျိုး..

ဒီပဟေဋိ အတွက် အဖြေကတော့ “That's too bad” ဒါမှမဟုတ် “Too Bad” ဖြစ်ပါတယ်။ Two Bad ပေါ့။ ဒါလေးလည်း စမ်းဖြေကြည့်ပါဦး။

စာလုံးတွေရဲ့ အနေအထား အထားအသိုကို ကြည့်ပြီး ဖြေရတာမျိုး
အဖြေကတော့ “The stakes are high” ဖြစ်ပါတယ်။ ဒါကိုလည်း ဖြေကြည့်ပါဦး

စာလုံးတွေရဲ့ အရွယ်အစားကို ကြည့်ဖြေရတာမျိုး
အဖြေကတော့ “Jumbo Jet” ပါ။ သူလိုမျိုး နောက်တစ်ခုက
၎-၅-၁၀ ခု ဖြေပြီးတဲ့ အချိန်မှာတော့ သဘောပေါက်သွားပြီး အထာနပ်သွားရင် ကျန်တာတွေ ဖြေနိုင်လာပါတယ်။


ဟောဒီမှာ အပေါ်ကလိုမျိုး Wuzzle အခု ၂၀၀ လောက်ကို တစ်နေရာတည်းမှာ စုထားပါတယ်။ Download လုပ်ပြီး Print ထုတ်။ မိသားစုနဲ့ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အပြိုင် ဖြေကြည့်ရင် ပျော်စရာကောင်းပါတယ်။ အဖြေတွေကို နောက်ဆုံး စာမျက်နှာမှာ ထည့်ပေးထားပါတယ်။ အရင်တော့ ချောင်းမကြည့်နဲ့ပေါ့။

7 comments:

ဇနိ - 11/12/08, 8:49 PM

ဖြေကြည့်ဦးမယ်
ကျေးဇူးကိုအန်ဒီ..
မိသားစုကြီး ပျော်ရွှင်ပါစေ

khin oo may - 11/12/08, 9:54 PM

Ci ii ဆိုတာ ကိုအင်ဒီ အိမ်နိုက် လူစည်၏ (ငI. ii) (စီအိ)

Ko Paw - 11/13/08, 5:51 AM

မခင်ဦးမေတို့ တော်ချက်။
အဲသည်တခုတော့ သားသား သိတယ်။ See eye to eye ညှင်းညှင်း။
ဟိုဒင်းကြီးကတော့ Just Right! လား။ Justice is blind. ဟီး...မမြင်မကန်းနဲ့ ဒေါင်လိုက်ကြီး ရေးထားတာဖြစ်ရမယ်။ နောက်ဆုံးတခုက မီဒီယံဆိုက်ဇ် ကိုပြောချင်တာလားမသိ။

Nu Thwe - 11/13/08, 9:39 AM

Is the last one minimize? It's really fun to work them out. Thanks for sharing!

Anonymous - 11/13/08, 12:06 PM

အဲဒါလည်း မိန်းမပိုးနည်း တစ်ခုပဲဗျ
ကျွန်တော့် သူငယ်ချင်းတစ်ယောက်က
ကောင်မလေးတစ်ယောက်ကို ပိုးတုန်းက အဲဒါမျိုးတွေ ခနခန ပို့တာ။
BBU ---> "To be with you" တို့
AEIO ----> "Missing u" တို့
ဆိုတာမျိုးတွေပေါ့။
ကျန်တာတွေတော့ သိပ်မမှတ်မိတော့ဘူး
သူက ကောင်မလေးတစ်ယောက်ထည်းဆီကို ပို့တာ မဟုတ်ဘူး။ သူငယ်ချင်းတွေ အကုန်လုံးဆီကိုပါ ပါတယ်။

Andy Myint - 11/16/08, 11:18 PM
ဒါမျိုးလေးတွေ စိတ်ဝင်စားတယ်လား ကိုဇနိ.. ဖြေကြည့်ဗျာ... အဖြေတွေလည်း နောက်မှာ ထည့်ပေးထားတယ်။

ဟားဟား မခင်ဦးမေတို့ကတော့ ကိုယ်လိုရာ ကိုယ်ဆွဲတွေးနေတဲ့ ခေတ်ကြီးမှာ ခေတ်နောက်မကျခဲ့လေဘူး။

မောင်လေးမှန်ပါတယ်... တစ်မှတ်..... ဒီဒီဒီ.....နောက်တစ်ခုတော့ မွှားသွားပါဘီ ကိုပေါ

That's right... Ma Nu Thwe

ဟားဟားဟား... ပြောရောမယ်.... စာဖတ်သူရယ်။ အဲဒီ သူငယ်ချင်းရော သူပိုးတဲ့ သူကို ရသွားလားဗျာ.. သူတို့တွေ ပေါင်းဖက်ပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရပါစေဗျာ... အဲလဲ့.... ရူးချင်းယောင် ပြန်ဆောင်လိုက်တယ်။ ဟီးဟီး။
pandora - 11/24/08, 3:25 AM

minimize ကိုဘယ်သူမှ မဖြေကြဘူးလား

Post a Comment

Many thanks for dropping a comment…

Film


Files