Thursday, November 27, 2008

သားနဲ့သမီးရဲ့ ဇွန်း

ကလေးတွေကို Spoon Feeding လုပ်ဖို့ သင့်တော်တဲ့ အချိန်ကတော့ ၆ လ ပတ်ဝန်းကျင်မှာပါ။ အဲဒီ ပတ်ဝန်းကျင်မှာ ကလေးတွေဟာ အစာကို စိတ်ဝင်စားတဲ့ ပုံတွေ သိသိသာသာ ပြလာပါမယ်။ လူကြီးတွေ စားတာ မြင်ရင် ပါးစပ်ကလေး တလှုပ်လှုပ်နဲ့ လူကြီးလက် ပါးစပ်ထဲကို အစာထည့်လိုက်တာကို အစအဆုံး လိုက်ကြည့်နေမည်ဆိုရင် ကလေးတွေဟာ အစာစားဖို့ စိတ်ဝင်စားလာပြ ပြောလို့ ရပါတယ်။ သားက ၅လခွဲလောက်ကတည်းက အစာတွေ စကျွေးနေပါပြီ။ Spoon Feeding ပေါ့။ ကလေးတွေကို ဇွန်းနဲ့ကျွေးခြင်း စားစေခြင်းဟာလည်း နို့တိုက်သလို အရေးပါပါတယ်။

နို့ဘူးလိုမျိုးက စို့ရတာ လွယ်တဲ့ အတွက် ဇွန်းကို ငြင်းဆန်ချင် ငြင်းဆန်လိမ့်ပါမည်။ အဲဒါကြောင့် ကလေးတွေ ဇွန်းနဲ့ စ မစား တတ်ခင်ကတည်းက လူကြီး ထမင်းဝိုင်းမှာ အတူတူ ပေးထိုင် ထားပါတယ်။ သမီးကို ပန်းကန် အလွတ်နဲ့ ဇွန်း တစ်ချောင်း ပေးထားရင် သူဘာသူ ကိုင်ပြီး ဆော့နေပါတယ်။  လူကြီးတွေ ဇွန်းနဲ့ စားတာကို ကြည့်ပြီး သူလည်း ဇွန်းနဲ့ စားရကောင်းမှန်း သိလာပါတယ်။ ၁၀လကနေ ၁၅လ အတွင်းမှာ ကလေးတွေက ဇွန်းနဲ့ စားဖို့ စိတ်ဝင်စားလာပါမည်။ ကိုယ်ခန္ဓာ အနေအထားကလည်း ဇွန်းနဲ့ စားဖို့ သင့်တော်လာပါတယ်။ ၈လလောက် အထိကတော့ သူတို့ရဲ့ လက်ကောက်ဝတ်ရိုးတွေဟာ မမာသေးတဲ့ အတွက် လက်ကို ကောင်းကောင်း လှည့်လို့ မရသေးပါဘူး။ နောက်တော့ လှည့်လို့ ရလာပြီး လှည့်တတ်လာပါလိမ့်မယ်။ ကလေးတွေ အတွက်တော့ ဇွန်းနဲ့ ပါးစပ်ထဲကို အစာရောက် အောင်ထည့်ဖို့က အတော်ကို Coordinate လုပ်ယူရတာပါ။

ဇွန်းနဲ့ စ စားစားချင်းမှာတော့ စေးကပ်တဲ့ ဆန်မှုန့်တို့လိုမျိုး အနှစ်တွေကိုပဲ စားတတ်ပါတယ်။ ဒါတောင် ပါးစပ်ပေါက်ထဲကို တည့်အောင် မနည်း ထည့်ရတာမျိုး။ နောက်တော့ ခေါက်ဆွဲတို့လိုမျိုး အမျှင်တွေကို ကော်ပြီး ခပ်စားတတ်လာပါတယ်။ တဖြည်းဖြည်း အစာ အတုံးလေးတွေကို ဇွန်းနဲ့ ခပ်တတ်လာပြီး နောက်ဆုံး ကျရင် အရည်ပါ သောက်တတ်လာပါတယ်။ အရည်တိုက်ဖို့တော့ ခွက်က ဇောက်မနက်မှ သူတို့ ခပ်လို့ ပိုကောင်းပါတယ်။ အရည် သောက်ခါစမှာတော့ မှောက်ကျမှာပါပဲ။ မှောက်ပါစေ။ ဖိတ်ပါစေ။ အ၀တ်အစားတွေ စိုသွား ပေသွားရင် ပြန်လဲပေးလို့ ရပါတယ်။ သူတို့ကို သောက်ခွင့် ပေးထားလိုက်ပါတယ်။ နောက်ကြာရင် မဖိတ်အောင် သောက်တတ်သွားပါတယ်။

လူကြီးက Spoon Feeding လုပ်ပြီးရင် ကလေးတွေ သူဘာသူ ကိုင်တွယ်တတ်၊ ပါးစပ်ထဲ ထည့်တတ်အောင် Fingering Food  လို့ပြောလို့ရတဲ့ မုန့်လက်ညှိုးလိုမျိုး၊ ဘီစကစ်လိုမျိုးတွေ ကျွေးနိုင်ပါတယ်။ သူ့လက်က ကောင်းကောင်း ကိုင်တွယ် တတ်ပြီ ဆိုမှ ဇွန်းကို ကျင့်ပေးရတာပါ။ ကလေးက လက်နဲ့ပဲ စားနေသေးရင်လည်း အတင်းကြီး တိုက်တွန်းတာမျိုး မဟုတ်ဘဲ ဇွန်းကို ဆော့စရာ တစ်ခုအနေနဲ့ ပေးထားရပါမည်။ အချိန် အနည်းငယ် အတွင်းမှာ ဇွန်းနဲ့ စားတတ်သွားပါမည်။ ကလေးတွေက ဇွန်းနဲ့ ကိုယ်ဘာကိုယ် စားတတ်သွားရင် လူကြီး ခွံ့ကျွေးတာကိုတောင် စိတ်မရှည်ချင် ဖြစ်လာပြီး သူတို့ဘာ သူတို့ပဲ စားချင်လာပါမည်။ မှောက်မှာ ပေမှာ မစိုးရိပ်ပဲ ဇွန်းနဲ့ ပေးစားထားပါ။ မှောက်တတ်ရင်လည်း နည်းနည်း ပိုထည့်ပေးထားပါ။ ဒါမှ လူကြီး ကျွေးသလောက် ၀င်မှာပါ။

ဇွန်းနဲ့ စ စားခါစမှာတော့ အနည်းနဲ့ အများ ညစ်ပေတာတော့ ရှိမှာပဲ။ အဲဒါကြောင့် အစာစားတိုင်း သွားရည်ခံ(Bid) ၀တ်ပေးတဲ့ အကျင့်ကို လုပ်ပေးရပါမည်။ သမီးတုန်းက Bid မ၀တ်ပေးတာ များတော့ နောက်ပိုင်းကျရင် Bid ၀တ်ခိုင်းရင် ငြင်းဆန်ချင်ပါတယ်။ သမီးက အဲဒီလိုပဲ ဦးထုပ်တို့ Bid တို့လိုမျိုး အပိုဝတ်ရတာတွေကို မ၀တ်ချင်ဘူး။ သူ့အမေလိုပဲ မိန်းမဖြစ်ပြီး အ၀တ်အစားဆို ဆန်းဆန်းပြားပြား ရှုပ်ရှုပ်ရှက်ရှက် ဆို မ၀တ်ချင်ဘူး။


ဒီဇွန်း ၂ ချောင်းကို ဆိုင်မှာတွေ့ရင် ကျွန်တော် အဖြူရောင်ဇွန်းကိုပဲ ၀ယ်ဖြစ်မှာပါ။ အ၀ါရောင်ကြီးက ကလေးအတွက် ကြီးတယ် ထင်လို့ပါ။ တကယ်လည်း အဖြူရောင်ဇွန်းက ၀ယ်ထားတာ ဖြစ်ပြီး အ၀ါရောင်ကတော့ လက်ဆောင်ရတာပါ။ တကယ့်တကယ်ကျတော့ အ၀ါရောင်ဇွန်းက သမီးအတွက် ပိုပြီး သင့်တော်ပါတယ်။ လက်ကိုင်က အပြားကြီးတော့ လည်မထွက်သွားတဲ့ အတွက် ကလေးဇွန်းဝယ်ရင် လက်ကိုင်အပြားကြီးတာကို ၀ယ်သင့်ပါတယ်။ သူတို့ ကိုင်ရတာ ပိုပြီး အဆင်ပြေပါတယ်။

Spoonsအဖြူရောင်  ဇွန်းလေးကတော့ သမီး ငယ်ငယ်တုန်းက ကျွေးတဲ့ ဇွန်းကို သားက အမွေ ဆက်ခံထားတာပါ။ အဲဒီ ဇွန်းလေးက သားတို့ သမီးတို့ ၆လ အရွယ်လောက်မှာ ကျွေးလို့ ကောင်းပါတယ်။ သူတို့ ပါးစပ်နဲ့ အတော်ပဲ။ နောက်တစ်ခု ကောင်းတာက ဇွန်းဖင်မှာ အထစ်ကလေးတွေ ပါတော့ ပန်းသီးလိုမျိုးကို ပြုတ်ပြီး ကျွေးရင် ချေလို့ကောင်းတယ်။ ကလေးတွေ သွားပေါက်ချိန် ရောက်ရင်တော့ ဒီဇွန်းက မကောင်းတော့ပါဘူး။ သူတို့ သွားတွေနဲ့ ခြစ်မိတတ်တယ်။ စစချင်း ကျွေးတဲ့ အချိန်မှာတော့ ရာဘာဇွန်းလိုမျိုးတွေ ရနိုင်ရင် ပိုကောင်းပါတယ်။ ဒါမှသူတို့ ကိုက်မိရင် မနာအောင်ပါ။

ဇွန်းနဲ့ ကောင်းကောင်း စားတတ်ပြီး ဆိုမှ ကော်ခက်ရင်းတုံးတုံးနဲ့ ကျွေးပါတယ်။ ခက်ရင်းက နည်းနည်း အန္တရာယ်ရှိတဲ့ အတွက် သတိတော့ ထားရပါမည်။ ကလေးတွေမှာ Instinct (ပင်ကို ဓါတ်ခံ) က ပါလာပြီး အစားအစာတွေကို ကိုယ့်ဘာကိုယ် စားဖို့ သင်ပေးစရာ မလိုပါဘူး။ ဒီလိုပဲ ဇွန်းနဲ့ စားတတ်တာဟာလည်း လူကြီးက အနည်းငယ် တည့်မတ်ပေးရပေမည့် အချိန် အနည်းငယ်ပေးလိုက်ရင် တတ်လာပါတယ်။ ကလေးငယ်တွေက အတုခိုးတတ်တဲ့ အတွက် လူကြီးကို ကြည့်ပြီး သူ့ဘာသူ တတ်လာပါလိမ့်မည်။ လောစရာ မလိုပါဘူး။ ဇွန်းနဲ့ စားတတ်တာဟာ စာရေးတတ်သလိုမျိုး ပုံဆွဲတတ်သလိုမျိုးမို့ ကလေးတွေအတွက် စောင့်ကြည့်ရမည့် Milestone (မှတ်တိုင်) တစ်ခု ဖြစ်ပါတယ်။

တခြားဖတ်ရန် - သမီးရဲ့ အစားအစာနဲ့ တိုးတက်မှု ( ၅လမှ ၈လ အထိ)

Tuesday, November 25, 2008

ဟစ် ၂ သိန်းပြည့် အမှတ်တရ

သားလေး မွေးတဲ့ နေ့မှာ အလည်ရောက်တဲ့ လူကြီး မိဘတွေလည်း အခုတော့ ဒီမှာ ဗီဇာ သက်တမ်း ရှိသလောက် ၆ လနီးနီး နေပြီးတော့ မြန်မာပြည် ပြန်သွားရပြီ။ ဘ၀က အခုမှ ပြန်စတယ်။ လူကြီးတွေ ရှိရင်တော့ အင်မတန် သက်သာတာ။ ကလေးတွေကို သူတို့နဲ့ ပစ်ထားပြီး ကိုယ်လုပ်ချင်ရာ လုပ်လို့ရတယ်။ အခုတော့ ဒီမှာ ကလေး ၂ ယောက်က တစ်ဘက်နဲ့ လူကြီး ၂ ယောက်က တစ်ဘက် ပွဲက အခုမှ စတယ်။ ကျွန်တော် အလုပ်သွားရင် အိမ်မှာ သူတို့ အမေတစ်ယောက်တည်းနဲ့ ကလေးက ၂ ယောက် ဖြစ်ရော။ သူမက ပြောတယ်။ `ကလေးတွေက အမေတစ်ယောက်တည်းကို လုနေကြတယ်။´တဲ့။ ကျွန်တော်ကလည်း ကလေးတွေကို ပြန်ပြောလိုက်တယ်။ `မင်းတို့တွေ အဝေမတည့်တာနဲ့ ဆရာ ငတ်ပြီ´ ဆိုတော့ သူမက `ဟွန့်... ဘယ်က ဆရာက ငတ်ရတာတုန်း´ ဆိုပြီး ကလေးတွေနဲ့ အပြိုင် အမေကို လုနေလို့ ပြန်ပြောလာတယ်။ `အေးလေကွာ ကလေးတွေနဲ့ အလုပ်ရှုပ်နေတော့ ငါတို့ ထမင်း ဟင်းမချက်ဖြစ်ရင် ငတ်တာကို ပြောတာပါ။´ လို့ လျှောချရတယ်။

သြော်ဇီက စင်္ကာပူလို မိဘတွေကို Long Stay ခေါ်ဖို့ သိပ်မလွယ်ဘူးလေ။ အဲဒါကြောင့် နှစ်ဖက် မိဘတွေကို ချိန်ပြီး ခေါ်ရတယ်။ ဒီကြားထဲမှာတော့ သူမက နည်းနည်းတော့ ကသီမှာပေါ့လေ။ သမီးကိုတော့ တစ်ပတ် ၂ ရက် ကလေးထိန်းကျောင်း စပို့နေပြီ။ သမီးက ကျောင်းမှာ ပျော်ပါတယ်။ ကျောင်းက ပြန်လာပြီးကတည်း စကားတွေ ပြောနေတယ်။ ဘာတွေ မှန်းတော့ မသိဘူး။ အိမ်ထဲမှာနေရတာ သူက ပျင်းလာပြီ။ အပြင်ထွက်ဖို့ပဲ ပူဆာနေတော့တယ်။ ကျောင်းမှာဆို အဖော်လည်း ရတယ်။ တခြားကလေးတွေနဲ့ ဆော့ဖြစ်တာပေါ့။ မနက်ဆိုရင် ၉-၁၀ နာရီလောက် ကျောင်းပို့ ညနေဆိုရင် ၄-၅ နာရီလောက် သွားကြိုတယ်။ ကျောင်းမှာ ဘာတွေ ကျွေးလည်းတော့ မသိဘူး။ အတော်တော့ စားလာပုံ ရတယ်။ ကျောင်းသွားပြီး နောက်တစ်နေဆို အီးပါလိုက်ရင် အထုပ်လိုက်ပဲတဲ့ အဘွားရှိတုန်းက သတိထားမိပြီး ပြောတယ်။ အိမ်မှာ စားတဲ့ အစာဆိုရင် ၀မ်းချုပ်တာနဲ့ ဘာနဲ့။ ကျောင်းက အစာတွေ စားပြီးတော့ ၀မ်းတွေ ဘာတွေလည်း မှန်တယ်။ ထုံးစံအတိုင်း ကျောင်းသွားပြီးတော့ ဖျားတာပဲ။ ကျောင်းကနေ ကူးတာလည်း ဖြစ်မှာပေါ့ ။ သွားတွေကလည်း ပေါက်ချင်တာလည်း ပါချင်ပါမှာ။ အတော်လေး ဖျားလိုက်သေးတယ်။ သမီးရဲ့ တိုးတက်မှုတွေ ရေးဦးမယ်။ အားရင် ပေါ့လေ။ သားကတော့ အခုတော့ ချထားလို့ ရပေမည့် သူကလည်း လက်ကြိုက်တယ်။ ချီထားရင် ငြိမ်နေတာပဲ။

အခုတော့ ဒီမိသားစုရဲ့ အချိန်ဇယားတွေ ပြောင်းရတော့မည်။ ကျွန်တော်က ရုံးစောစော သွားပြီး စောစော ပြန်လာမှ ဖြစ်မည်။ နို့မို့ဆို အိမ်မှာ ကလေးနှစ်ယောက်နဲ့ အမေတစ်ယောက်တည်း။ ရုံးက စောစောပြန်မည်ဆိုတော့ ရုံးမှာ အရင်လို အီးယောင်ဝါး လုပ်လို့ မရတော့ဘူး။ အလုပ်တွေ ပြတ်အောင်လုပ်ပြီးမှ ကိုယ်က အလုပ်ပြီးတယ် ဆိုပြီး စောစောပြန်လို့ ကောင်းမှာ။ ရုံးမှာ ဘလော့လို့ မဖြစ်တော့ဘူး။ ဘလော့ဖို့ နေနေသာသာ ဘလော့ရေးဖို့ Research တောင်လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အိမ်ရောက်ရင်လည်း အခု ဒီစာရေးသလို သူတို့တွေ အိပ်မှပဲ ရေးနိုင်မှာ။ အားလပ်ချိန်မှာလည်း ဘလော့ချည်းပဲ မဟုတ်သေးပြန်ဘူး။ တခြား လုပ်စရာတွေက ရှိသေးတယ်။ အနည်းဆုံးတော့ တီဗွီ ကြည့်စရာ။ တခြား စာအုပ် ဖတ်စရာတွေ လေ့လာစရာတွေ ရှိသေးတယ်။

ဟစ် ၂ သိန်းပြည့် အမှတ်တရလည်း အသေအချာ မရေးဖြစ်တော့ပါဘူး။ ၄လ အတွင်း နောက်ထပ် ဟစ် တစ်သိန်း ရမည်လို့ မထင်ထားတာတော့ အမှန်ပဲ။ ဟစ်တစ်သိန်း အတွက် ဒီလေးလအတွင်းမှာ Top Referer ကတော့ (၂၄၆၆ Visitors) နဲ့ ကိုပေါရဲ့ ဘလော့ ပါပဲ။ ကိုပေါ ဘလော့က လူစည်ပြီး လာတဲ့သူတွေကလည်း ဘလော့ ပုံမှန် ဖတ်နေကြသူတွေ အပြင် ကိုပေါကို ခင်တဲ့ သူတွေပါ ပါတော့ ကျွန်တော် ဘလော့ ပရိတ်သတ် အသစ်တွေ ထပ်ရလိုက်တယ်။ စင်္ကာပူ ပရိတ်သတ်တွေ အပြင် မလေးရှား ပရိတ်သတ်တွေပါ ရလိုက်သေးတယ်။ ဒေါက်တာလွဏ်းဆွေ (၂၄၁၁ ခု)၊ မပန် (၂၃၆၀) နဲ့ TZA ရဲ့ ဒီကိုလာ (၁၉၆၉) ခုကတော့ ထုံးစံ အတိုင်း အစဉ်လိုက်ပါပဲ။ ဘလော့ဖတ်သူတွေရဲ့ လမ်းကြောင်းဟာ ဒီဘလော့ လည်ပြီး ဟိုဘလော့ကို လည်တာပါ။ မပြောင်းသေးပါဘူး။ ဘလော့ ပရိုမိုးရှင်းဆု ပေးရလောက်တဲ့ မဇနိကြောင့်လည်း နဂိုကတည်းက ဖတ်လို့ ကောင်းနေတဲ့ သိုင်းသိုင်းဝိုင်းဝိုင်း အိုးဝေဘလော့ကနေ (၁၄၈၀) လာပြီး ဘလော့ ဘိုးအေကြီး ညီလင်းဆက်ကပါ လင့်ပေးလိုက်လို့ (၁၄၄၆) ခုနဲ့ အတော် စည်ကားသွားပါတယ်။ သူတို့ဆီကနေ တစ်ယောက်လာပြီးရင် တခြား စာတွေပါ ထပ်ဖတ်သွားတော့ ဒီ Top5 Referrer တွေဆီကပဲ အနည်းဆုံး ၂၅% လောက် ဟစ်ရလိုက်တယ်။ နောက်ပြီး ကံကောင်းချင်တော့ Blogspot က ကျွန်တော်လုပ်ထားတဲ့ Feed Roll လိုမျိုး ပုံလေးတွေနဲ့ လုပ်လို့ရလာပြီး ခင်မင်တဲ့ ဘလော့တွေက ကျွန်တော့် ဘလော့ကို Preview လုပ်ပေးတော့ အဲဒီကနေ လာတာတွေ ကြောင့်လည်း ဒီလို အမြန် ပြည့်သွားတာပါ။ အားလုံးကို ကျေးဇူးတင်စရာပဲ။

ဟစ် ၂ သိန်း ပြည့်ရင် ဘလော့ မရေးတော့ဘူးလို့ စဉ်းစားထားသေးတယ်။ ဘလော့အပြင် တခြား လုပ်စရာတွေ ရှိသေးတယ်လေ။ ဘလော့မှာ အားထည့်သလို အားထည့်မယ်ဆို အခုနေ ကျွန်တော် ဘွဲ့တစ်ခုလောက် ထပ်ရနေပြီ။ ဒါပေမယ့်လည်း သံယောဇဉ်က မပြတ်နိုင် ဖြစ်နေတယ်။ ဂျစ်တူးကတော့ ပြတ်တယ်။ မရေးတော့ဘူးတဲ့။ ကျွန်တော်ကတော့ မနေနိုင်သေးဘူး။ အဲဒီတော့ တစ်လ ၃-၄ ပို့စ်လောက်ပဲ ရေးတော့မယ်။ ဘလော့ရေးတာ ဖတ်တာ အနိမ့်ဆုံး Priority အဖြစ် သတ်မှတ်လိုက်ပြီ။ လာလည်တဲ့ သူတွေလည်း အချိန်မကုန်ရအောင် တစ်ပတ် နှစ်ပတ်နေမှ တစ်ခါ လာကြည့်ပေါ့။ နို့မဟုတ်ရင် လာမောဖြစ်သွားမယ်။

`ကွန်ပြူတာ သုံး တာ ၁၀ မိနစ် ပြည့် တိုင်း.. မျက်စိကို အနားပေးဖို့..အဝေး ကို လှမ်းလှမ်း ကြည့် ပေးပါ´ ဆို သလိုပဲ.. ပုံရိပ်ယောင် ကမ္ဘာထဲ မှာ..ပျော်မွေ့ပြီးတိုင်း.. ဘလော့ တွေ ဖတ်ပြီးတိုင်း.. ဟိုး-------အဝေးကို လှမ်း လှမ်း ကြည့်ပေး ကြ ရမယ် ..ထင်ပါရဲ့။

လို့ မကေက ရေးထားတယ်။ ကျွန်တော်လည်း ဘလော့တွေမှာ အချိန် မပေးတော့ဘဲ တခြား လှမ်းကြည့်စရာတွေ ရှိသေးတယ်။ တခြား လေ့လာစရာတွေ လုပ်စရာတွေက အောတိုက် ရှိနေသေးတယ်။ ဘလော့ကို Entertainment အဖြစ် လုပ်ခဲ့ပေမည့် လူက (သရဲသဘက်စီးသလို) ဘလော့စီး သွားပြီး အပန်းပြေ ဆိုတာထက်တော့ ပိုလုပ်ခဲ့မိတယ်။

ဟစ်တစ်သိန်းပြည့်တုန်းက ဟစ် ၂ သိန်းကို ၆ လအတွင်း ပြည့်အောင်လုပ်မည် စိတ်ကူးခဲ့တယ်။ အခု ဟစ် ၂ သိန်းပြည့်တော့ Resolution က ဘလော့ ဖတ်ခြင်း ရေးခြင်းမှာ တစ်လကို နာရီ ၂၀ ထက်ပိုပြီး မသုံးတော့ဘူး ဆိုတာပါပဲ။ ဒါတောင် အတော်များနေသေးတယ်။ အရင်တုန်းက တစ်လကို နာရီ ၅၀ ကျော် သုံးခဲ့တယ်။ Comment တွေ CBox တွေကိုလည်း ဖတ်ပေမည့် ပြန်နိုင်တော့မှာ မဟုတ်ပါဘူး။ လိုအပ်ရင်တော့ ပြန်မှာပေါ့။ အဆင်မပြေ ဖြစ်နေတာတော့လည်း မဟုတ်သေးပါဘူး။ Priority တွေကို Shuffle လုပ်လိုက် ရုံပါပဲ။

တခြားဖတ်ရန် -Hit တစ်သိန်း အမှတ်တရ 

Friday, November 21, 2008

မတောက်လိုက်ရသော Old Flame များ (၃)

ကျွန်တော် အရက်သောက်လို့ မူးလာရင် တမ်းတ တတ်တဲ့ သူ တစ်ယောက် ရှိတယ်။ မူးတိုင်း သူ့ကို တမ်းတတာတော့ မဟုတ်ပါဘူး။ သူငယ်ချင်း တစ်ယောက်နဲ့ သောက်ဖြစ်ပြီး မူးမှ။ ကျွန်တော်က တခြားအုပ်စုနဲ့ သောက်ရင် တခြားတစ်ယောက်ကို လွမ်းပြတတ်တယ်လေ။ ပြီးတော့ အရမ်းမူးနေတဲ့ အချိန်မှာလည် မဟုတ်သေးပြန်ဘူး။ မမူးတမူး အချိန်မှာ။ အမူးပါး ဖြစ်နေသေးတဲ့ အချိန်မှာပေါ့ဗျာ။ သူက ကျူရှင်မှာ ကျွန်တော်နဲ့ စာပြိုင်ဘက် ကောင်မလေးပါ။ မူးမူးနဲ့ ကျွန်တော်က စာပြိုင်ဖက် ကောင်မလေးကို အကြောင်းပြောရင် သူကလည်း သူစိတ်ဝင်စားနေတဲ့ ကောင်မလေး အကြောင်း ပြောပါရော။ နောက်ပြီး မူးမှ ပြောဖြစ်တာကလည်း အဲဒီ ကောင်မလေးက ကျွန်တော်ထက် အများကြီးတော်ပြီး ကျွန်တော်က သူ့ကို မကျေနပ်လည်းဖြစ် စိတ်လည်းဝင်စားလို့ပဲ ဆိုပါတော့။

ကျွန်တော် ငယ်ငယ်က ကျောင်းစာမှာ တော်သယောင် ရှိပါတယ်။ တကယ် မတော်ဘဲ တော်တဲ့ စာရင်းထဲ ၀င်နေလို့ပါ။ အဲဒီတော့ တကယ်တော်တဲ့ သူတွေနဲ့ ယှဉ်ရပါရော။ ကျွန်တော်နဲ့ ယောက်ျားလေး စာပြိုင်ဖက်ဆိုလို့ ခုနကပြောတဲ့ကောင်ပဲ မည်မည်ရရ ရှိတယ်။ အဲဒီကောင်နဲ့ ကျွန်တော်နဲ့က နှစ်ယောက်သား ပြိုင်တယ်လည်း မဟုတ်ပါဘူး။ သူသာလိုက် ကိုယ်သာလိုက်ပါပဲ။ တကယ်ပြိုင်ရတာက မိန်းကလေးတွေနဲ့။ ဘယ်မိန်းကလေးနဲ့ ပြိုင်ပြိုင် ရှုံးတာပါပဲ။ သိတယ်မဟုတ်လား။ မိန်းကလေးတွေက စာလုပ်ရင် အသေအချာ လုပ်တာကိုး။ ကျွန်တော်က နဘော်သရေ လျော့တိလျော့ရဲ။ ဒါပေမယ့် ဆရာတွေ၊ ဆရာမတွေက ကျွန်တော့်ကို လူတော် စာရင်းထဲ ထည့်ထားတော့ ကျွန်တော့်မှာ မနိုင်ဘဲနဲ့ ပြိုင်နေရတယ်။

ကျူရှင်တွေက တချို့ဘာသာတွေကျရင်တော့ မတူဘူးပေါ့။ အဲဒီတော့ ဟိုဖက်ဝိုင်းမှာ ပြိုင်ဖက် ကောင်မလေးတစ်ယောက် တွေ့လိုက်။ ဒီဖက် ၀ိုင်းမှာ ပြိုင်ဖက် ကောင်မလေး တစ်ယောက်တွေ့လိုက်နဲ့ ကျွန်တော့်မှာ ပြာနေတာပဲ။ ကောင်မလေးတွေ များသောအားဖြင့်ကတော့ စာတော်ပေမည့် အဲဒီ တစ်ယောက်ကတော့ စာတင်တော်တာ မဟုတ်ဘဲ ငယ်ငယ်ကတည်းက အတော့်ကို ရင့်ကျက်နေတာပဲ။ ဆရာတွေနဲ့ နိုင်ငံရေး၊ လူမှုရေးတွေ ဆွေးနွေးနေပြီ။ သူနဲ့ ကျူရှင်စတူတာ ၆ တန်းကတည်းကလား မသိ။ ၇တန်း ဂတန်းလောက်မှာ သူက လူကြီးတွေနဲ့ ဆွေးနွေး စကားပြောနေပြီ။ ကျွန်တော်တို့ကတော့ နှီးတုတ်၊ ၀ါးတုတ်တွေ၊ သားရေကွင်းတွေနဲ့ မော်တော်ကားလိုမျိုး ဆောက်ပြီး တွန်းနေတုန်း။

ကျွန်တော်က ၈တန်း ဆိုပေမယ့် လူပျိုလို မနေတတ်သေးဘူး။ TZA စကားနဲ့ ဆိုရင်တော့ အမှည့်နောက်ကျတယ်ပေါ့။ သူကတော့ အပျို တစ်ယောက်လို ဖြစ်နေပြီ။ ကျွန်တော့် မျက်နှာက ကလေးဆန်နေတုန်းမှာ သူက ရင့်ကျက်တဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီ။ သိတယ် မဟုတ်လား။ တစ်ဘက်ကို ကြည့်ချင်ရင် ခေါင်းတောင် မလှည့်တော့ဘဲ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ရင် အကုန်မြင် အကုန်သိ သလိုဖြစ်နေတယ်။ ရယ်ရင် ပြုံးရင်တောင် အရယ် အပြုံးက အဓိပ္ပါယ် ခုနှစ်မျိုးလောက် ထွက်နေပြီ။

သူက ဘာသာစုံမှာ တော်တယ်။ ကျွန်တော်က ယောက်ျားလေးမို့ သင်္ချာမှာ အနိုင်ရမလား မထင်နဲ့။ သူက အမြဲတမ်း အမှတ်ပြည့် ရတယ်။ ကျွန်တော်က လျှမ်းလို့ တစ်ခုမဟုတ် တစ်ခုမှားသွားရတာနဲ့။ ကျောင်းစာမှာတင် မဟုတ်သေးဘူး။ သူက သီချင်းအကြောင်းပြောမလား စာအုပ်စာပေအကြောင်း ပြောမလား အကုန် နားထောင်ဖူး အကုန် ဖတ်ဖူးသလိုပဲ။ လူကြီးတွေနဲ့များ ပြောနေ ဆွေးနွေးနေလိုက်တယ် ဆိုတာ။

အဲဒီလို အမြဲတော်နေ တတ်နေတဲ့ တော်တီးတီးတော်ကို ကျွန်တော်က မကျေနပ်ဘူး။ မကျေနပ်သလို စိတ်လည်း ၀င်စားပြန်တယ်။ ကျွန်တော်က ၁၀ တန်းအထိလည်း လူပျိုပီပီ မဟုတ်သေးတော့ စိတ်ဝင်စားပေမယ့် ဘာမှ ဇာတ်လမ်းတွေတော့ ဖြစ်လိုက်တယ် မရှိဘူးပေါ့။ ဒါပေမယ့် ဒီလို စိတ်ဝင်စားချက်တွေ မကျေနပ်ချက်တွေက ဘယ်အချိန်မှာ ထွက်လာသလည်း ဆိုတော့ အရက်မူးရင် ထွက်လာတယ်။ အရွယ်ရောက်လို့ သူကလည်း ဆေးတက္ကသိုလ်ရောက်။ လမ်းကြုံလို့ တွေ့မိတာကလွဲရင် မတွေ့တော့ပေမယ့် ကျွန်တော့် သူငယ်ချင်းနဲ့ အရက်မူးလို့ အပြိုင် လွမ်းကြပြီဟေ့ဆိုရင် သူက ပေါ်ပေါ်လာတယ်။ အခုပဲ သူနေတဲ့ အိမ်ကို ထသွားတော့မလို။ အခုပဲ ဆေးတက္ကသိုလ်ကို သွားတော့မလို။

သူကလည်း ငယ်ငယ်လေးနဲ့ ရင့်ကျက်လွယ်ပါတယ်။ မိန်းကလေးတွေကလည်း ၇တန်းလောက်ဆို အပျိုပေါက်နေပြီ။ ၈တန်းလောက်ဆို အထာတွေ များလာပြီး ၉တန်း ၁၀တန်းလောက်ဆိုရင်တော့ သဘာတွေ ဖြစ်နေပြီ။ ယောက်ျားလေးတွေကတော့ ၉တန်းလောက်မှ စပြီး လူပျိုပေါက်ချင်တာ။ သဘာဝအားဖြင့်လည်း မိန်းကလေးတွေက စောရင့် စောမှည့်တယ်လေ။ သူက အပျိုဖြစ်လွယ်တယ် ဆိုတာထက် စိတ်ဓါတ် ရင့်ကျက်စောတာကို သတိထားမိတာပါ။ ကိုယ်ကာယ အားဖြင့်ကတော့ တခြား မိန်းကလေးတွေလိုပါပဲ။ သူကတောင် စာကြမ်းပိုးဆိုတော့ နည်းနည်းညှပ်သေးတယ်။

ကလေးတွေမှာလည်း မိန်းကလေးတွေက ယောက်ျားလေးတွေထက် စကား စောစော ပြောတတ်တာတို့၊ လမ်းစောစော လျှောက်တတ်တာတို့ ဖြစ်တတ်ပါတယ်။ မိန်းကလေးတွေက ဘာကြောင့် ရင့်ကျက်လွယ်သလဲဆိုတော့ မိခင်တွေက သမီးဆိုရင် အစွမ်းအစတွေ အနည်းငယ် ပိုပေးလိုက်တတ်တယ်တဲ့။ နောက်ပြီး မိန်းကလေးတွေ အပျိုဖော်ဝင်ရတာ စောတာလည်း သူတို့တွေက ပြည့်ပြည့်၀၀ အပျိုဖြစ်ဖို့ အချိန် ပိုယူရလို့ပါ။ ၉ နှစ်သမီးလောက်ကနေ ၁၁-၁၂ နှစ်ကနေစပြီး အပျိုဖော် ၀င်ပေမယ့် လုံးလုံးလျားလျား အပျိုဖြစ်ဖို့ကတော့ ၁၉-၂၀ လောက်မှ ဖြစ်တတ်တာမျိုးပါ။ ယောက်ျားလေးတွေကတော့ ၁၄ နှစ်လောက်မှ စပေမယ့် ၁၈-၁၉ မှာ ကြီးကောင်ဝင်သွားပြီ။ သတ္တလောကမှာ ကြည့်ရင်လည်း အမတွေက အရင် အရွယ်ရောက်တယ်။ သူတို့မှာ အရွယ်ရှိတုန်း သားမွေးဖို့ သားဖွားဖို့တွေ သဘာဝတရားက ပေးထားတဲ့ တာဝန်တွေ အမြန် ထမ်းဆောင်ဖို့ ရှိလို့ ဒီလို အရွယ်ရောက် စောရတယ်။

သူကတော့ ကျွန်တော့်ကို ဖုတ်လေသည့် ငပိ ရှိသည်တောင် ထင်မယ် မဟုတ်ပါ။ ကျွန်တော်ကလည်း အရူးအမူး စိတ်ဝင်စားနေတာလည်း မဟုတ်ပေမည့် မှတ်မှတ်ရရတော့ ရှိပါတယ်။ မသိစိတ်ကလည်း အဲဒီလောက် တော်နေတာကို မကျေနပ် မနာလို ပြန်ဘူး။ ဒါပေမယ့် သူ့ကို လိုက်ပြိုင်နေတာလည်း မဟုတ်ဘူး။ သူကလည်း ကျွန်တော့်ကို အတန်းထဲတောင် ထည့်မယ် မထင်ပါဘူး။ သူက The Whole Burma လိုမျိုး မှန်းနေချိန်မှာ ကျွန်တော်က Professional တက္ကသိုလ် ၀င်လောက်အောင်ပဲ ကြိုးစာနေတာဆိုတော့။ အဲဒီ ကျူရှင်က ဆရာကြီးကတော့ ကျွန်တော်က သူ့ကို အတော်ကြိုက်နေတယ် ဆိုပြီး အခုအချိန်ထိ တွေ့ရင်တောင် သူ့အကြောင်းတွေ ပြောပြောပြနေတယ်။ မြန်မာပြည် ပြန်တုန်းက ဆရာကြီးကို သွားတွေ့တုန်းကတော့ သူက အင်္ဂလန်မှာ ကျောင်းသွားတက်ပြီး စင်္ကာပူမှာ ရောက်နေတယ် ဆိုပြီး သတင်းပေးလိုက်သေးတယ်။

ကျွန်တော်ကလည်း တချို့ ကိစ္စတွေ (ကျွန်တော် အမျိုးသမီးကို) `သူမ´ကို ပြန်ပြောဖြစ်ပေမယ့် ဒီတစ်ယောက် အကြောင်းကျတော့ ကျွန်တော်ကလည်း အရူးအမူး မဖြစ်ခဲ့ ပြီးတော့ စာပြိုင်ဘက်လိုလိုပဲ ဆိုတော့ အူပုတု သူမကို မပြောဘဲ ထားလိုက်ပါတယ်။ သမီးလေး မွေးတော့ နာမည်တွေ ရွေးတော့ ကျွန်တော့် အမေက သူ့နာမည်လိုမျိုး ပေးပါလား ဆိုပြီး သူမရှေ့မှာ ကျွန်တော့်ကို နောက်သလိုလို အတည်လိုလို ပြောလာတယ်။ ကျွန်တော်ကလည်း ရူးချင်ယောင်ဆောင်ပြီး တခြား နာမည် စဉ်းစားပါဦး ဆိုပြီး ခပ်တည်တည်ပဲ ပြောလိုက်တယ်။ နောက်မှ သိတာက အမေက သူမကို ကျွန်တော် ငယ်ငယ့်ကတည်းက အကြောင်းတွေကို ကျွန်တော်တို့ အိမ်ထောင် မကျခင်ကတည်းက ကြိုပြောပြီး သွားပြီလေ။ သမီးရည်းစား ဘ၀တုန်းက သူမကို မိသားစုနဲ့ ဆွေမျိုးတွေနဲ့ ရင်နှီးအောင် ကျွန်တော်တို့ မိသားစုနဲ့ သူမရယ် တခြား ညီအစ်ကို မောင်နှမ တ၀မ်းကွဲတွေရယ် ခေါ်ပြီး ချောင်းသာကို သွားကြသေးတယ်။ အဲဒီ ကတည်းက ကျွန်တော့် အကြောင်းတွေ အကုန် သူမကို အမေက ဖောက်သည်ချထားပါရောလား။


တခြားဖတ်ရန်-
မတောက်လိုက်ရသော Old Flame များ (၂)
မတောက်လိုက်ရသော Old Flame များ (၁)


နိုင်ငံခြားကို အထင်မကြီးသူများ - ပြန်ကြားစာများ

“နိုင်ငံခြားကို အထင်မကြီးသူများ” Post အတွက် ကမ္ဘာ အရပ်ရပ်ကနေ Comment တွေကို ပွင့်ပွင့်လင်းလင်း ရေးပေးကြတာကို ပြန်တင်ပေးလိုက်ပါတယ်။ Comment မဖတ်ဖြစ်တဲ့ သူတွေ၊ မဖတ်နိုင်သူတွေ အတွက် ရည်ရွယ်သလို စုစုစည်းစည်း ဖတ်ရအောင်လည်း ပါပါတယ်။ (ဟစ်တက်အောင် လုပ်စားတာလည်း ပါပါတယ် အဟက် အဟက်)

စာတွေကို ပြင်ဆင်ခြင်း မရှိပေမယ့် လိုအပ်သလို ဖြက်တောက်ထားပါတယ်။ (ညှင်းညှင်း..ညှင်း စာပေ ကင်ပေတိုင်တွေလိုပေါ့။ နောက်တာပါ။) မူရင်း ရေးသွားသူတွေကို တောင်းပန်ပါတယ်။ လိုအပ်တဲ့ အချက်အလက်ပဲ ဖတ်ရပါစေ ဆိုပြီးတော့ပါ။ နိုင်ငံ အလိုက်ပဲ စုထားပြီး မူရင်း ပြန်စာတွေ အပြည့်အစုံကိုတော့  အဲဒီပို့စ်မှာ ပြန်ဖတ် နိုင်ပါတယ်။ တကယ်လို့ အဲဒီ ပို့စ်မှာ ကောမန့်တွေ ထပ်လာရင်လည်း ဒီမှာ ထပ်တင်ပါဦးမည်။

ထူးခြားတာက အများက ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်မကြိုက်တဲ့ အချက်တွေကို ပြောသွားတာပါပဲ။ တကယ်တော့လည်း သူနိုင်ငံနဲ့သူ ကောင်းတာ မကောင်းတောတွေ ရှိတာပဲ။ ကျွန်တော်လည်း သြော်ဇီ မကောင်းကြောင်းတွေ သိရအောင် ရေးပါဦးမယ်။ ဒါတွေ ကြည့်ပြီးတော့ Overall အခြေအနေကို ကောက်ချက်တော့ ချလို့တော့မရ ဘူးပေါ့။ ဗဟုသုတ (တပိုင်းတစ) အနေနဲ့ပဲ တင်ပြထားတာပါ။

မလေးရှား

မလေးရှားမှာ အလုပ်လုပ်ခဲ့တုန်းက လစာနည်းနည်းလေးရပေမယ့် အရမ်းပျော်တယ်။ ပျော်ရွှင်ရခြင်း အကြောင်းရင်းတွေကတော့ အများကြီးပါ။ အဲသည်လောက် ကြာကြာနေဖူးမှ သိမှာပါ။
-ကိုပေါ

စင်္ကာပူ

စင်္ကာပူမှာ မနှစ်သက်တဲ့အချက်တွေ အများကြီးရှိသည့်အနက် အထူးမနှစ်ခြိုက်ဆုံးကတော့ နိုင်ငံရေးစနစ်အရ မလွတ်လပ်ခြင်းပါဘဲ။ ကိုယ်ကလည်း နိုင်ငံရေးကို နည်းနည်းစိတ်ဝင်စားမိသွားတော့၊ ကိုယ့်နိုင်ငံအရေးမှာ တတတ်တအား ပါဝင်ပတ်သက်နေမိတော့ မမြင်ချင်ယောင်ဆောင်လို့ကို မရအောင်ပါဘဲ။

ဒါပေမယ့် ကိုအင်ဒီပြောတဲ့အတိုင်း စင်္ကာပူမှာ ကောင်းတဲ့အချက်တွေကတော့ (၁) နေထိုင်ခွင့် အင်မတီးအင်မတန် လွယ်ကူခြင်း (၂) မိသားစု ခေါ်လို့လွယ်ခြင်း (၃) ဗမာပြည်နဲ့ အလွယ်တကူ ကူးလူးဆက်ဆံနိုင်ခြင်း တို့ပါဘဲ။ (မြန်မာတွေအတွက် ကောင်းတာပါ၊ စင်ကာပူနိုင်ငံသားတွေအတွက် ကောင်းသလားဆိုတာကတော့ သူတို့ကို မေးကြည့်မှဘဲ သိမှာပါ။)

တခု စဉ်းစားစရာတော့ရှိတယ်။ ကျနော့် ပတ်ဝန်းကျင်ကနေ သြော်ဇီ၊ ယူကေ၊ အမေရိကား၊ ကနေဒါ စသဖြင့် ထွက်သွားတဲ့ လူတွေအနက် စင်္ကာပူကို ပြန်လာတဲ့ မြန်မာဆိုတာ ရွှေလိုရှားတယ်။ ကိုအင်ဒီတို့၊ မကေတို့၊ မမိုးချိုသင်းတို့ စင်္ကာပူကို ပြန်လာခဲ့ကြဗျာ။ လွမ်းလို့...ဟိ။ နည်းနည်း မြန်မာပြည်မှာ နောက်ဆံတင်းစရာမရှိတဲ့လူဆိုရင် မျက်စိပွင့်လာတာနဲ့ စင်္ကာပူကနေ ပြေးကြဘို့ ကြံကြတော့တာဘဲ။ စင်္ကာပူလူမျိုးထဲက မျက်စိပွင့်သွားတဲ့လူတွေလည်း မနေကြပါဘူး။ ပြေးကြတာပါဘဲ။ မပြေးနိုင်တဲ့လူတွေကလည်း တညည်းညည်းတတွားတွားနဲ့ ကျန်ရစ်တော့တာပါဘဲ။
-ကိုပေါ

နိုင်ငံခြားမှာ ဘ၀တွေက ဟာတာတာ ဖြစ်နေတာတော့ အမှန်ပဲ။
-မပန်ဒိုရာ

တနေ့တနေ့ ဒီ HDB လှောင်အိမ်ထဲက ထွက် လိုက်ဝင်လိုက်နဲ့ စိတ်ကုန်လှသဗျာ....
တကယ်ပဲ ကျနော်ရောက်ခါစက ကြိုက်ပါတယ် အထင်လည်းကြီးတယ်....အခုတော့ လုံးဝနိုးပဲ..
စလုံးက စိတ်ဓာတ်လေးတွေ သိသွားပြီဗျ..ဒီကလူတွေက ခံစားချက်မရှိတဲ့ စက်ရုပ်သာသာတွေပဲ။
-ကိုနေ

တစ်ဖက်စွန်းကနေ အခြားတစ်ဖက်စွန်းကို ၁ နာရီကြာအောင် ကားမမောင်းရတဲ့ ကျွန်းပိစိကွေးလေးမှာ မြန်မာသူငယ်ချင်း မရှားတာနဲ့ မြန်မာအစားအစာ အလွယ်တကူ ဝယ်လို့ရတာကလွဲရင် တခြားနိုင်ငံတွေလောက် ပျော်စရာမကောင်းတာတော့ အမှန်ပါပဲ
-Loi Lem

we don't think highly of Sg Univ too.. i noe quite a few of burmese who studied in ausi, uk and came back to sg... not to talk abt its own ppl coming back.
-burmesegoldbull 

စင်ကာပူကလူတွေကိုတော့အားကျတယ်။ မြန်မာအသိုင်းအဝိုင်းများလို့။ .... အနာဂတ် မြန်မာပြည်လေးမှာ နေရသလိုမျိုးလေးလိုဆိုတော့။
-Winkabar 


The author claims that early 1960s, Kenya was doing better than Singapore, the latter was full of slums, mosquito and rat infested shanty towns, where everyone spits everywhere. Now Singapore is one of the most developed nations less than 50 years or 2 generations.
-Anonymous


စင်္ကာပူ - ဥရောပ
ဥရောပက laid back life style တဲ့။ စင်ကာပူလို stressful မဖြစ်ဘူးတဲ့။ ကိုယ်ကတော့ country road တွေတမျှော်တခေါ်လျှောက်ရတာကို shopping mall တွေနဲ့မလဲနိုင်ဘူး။ technology လုံခြုံရေးနဲ့သန့်ရှင်းရေးမှာတော့စင်ကာပူက အများကြီးသာပါတယ်။ ည၁၂နာရီထိုးမှလည်း MRT စီးပြီးတစ်ယောက်ထဲပြန်လာရဲတယ်။ ဒီမှာတော့ ညနေမိုးချုပ်ရင်တစ်ယောက်ထဲလမ်းလျှောက်ဖို့ မစွန့်စားဝံ့ပါဘူး။
-မီယာ

Singapore is a good stepping stone for Burmese ...........The compensation (even in post tax absolute terms), opportunities (job and quality of higher education) and quality of life (food, housing, communication, transportation, leisure) is better than half of the Western European nations.
-Anonymous

I do not mean that those in Singapore should not seek opportunities elsewhere.
But make sure you get most out of it from Lion city. There you can get good education (public universities and polytechnics in Singapore are better choice than third tier Universities in UK), for example, if one cannot afford the UK education straight away, use Singapore as stepping stone. Earn a good MSc in Singapore and go for UK for best graduate school there. Or study in Singapore Polytechnics and go for B.Eng or M.Eng (3 or 4 years undergraduate degree) studies at UK universities. Or get a Bachelor in Singapore, work and save money for MBA in UK, etc.. or try to win a PhD there. If you have already earned a PhD in Singapore go to UK, Canada, Europe or US for post doctorate opportunities. I am not asking to be a tin can collector who earned MSc in Yangon, then went for MSc in Singapore and MSc in elsewhere again. I think 2 public universities in Singapore are as good as top 20 UK universities or top 100 US universities or top 5 Ausi universities.
-Anonymous

Europe
In the Netherlands, a fresh grad MSc (or first year PhD pay at top engineering universities) make about 1800 Euros while 4th year PhD makes about 2200 Euros. A fresh grad MSc in top Dutch electronics giant makes about 2200 to 2400 Euros a month, the rent is about 700 to 800 Euros a month. And you can calculate its saving potential is almost like Singapore. In Germany, the same is true and there are not so many jobs. In France, its youth are working overseas as hard to get permanent jobs.

Elsewhere in Europe, for example in Spain, Italy (southern parts), Portugal, Greek and everywhere in Eastern Europe, pay is less than Singapore (in absolute terms, even before tax). I hope you get a picture by now.
-Anonymous


UK
In UK, a fresh graduate with second class honors (in Engineering, Maths and Physics) from top 5 universities got offers of pay arounud 24,000 Pounds a year. There are more than 300 universities in UK. Graduates from other majors, Graduates (with third class honors, without honors) in Engineering, Graduates from lesser universities start with less than that amount. Some MSc holders started jobs in UK with pay less than 20,000 a year. There are some Burmese who makes around 50,000 Pounds a year with experienced engineer, senior engineer, or managerial jobs but starting pay are somewhere around less than 25000 even if you earned a first class honors from top universities.

The tax rate is above 20%. So best case scenario, the take home pay is around 18,000 to 20,000 Pounds which is about 50,000 to 60,000 Singapore Dollars. That translated to 4000 to 5000 Singapore dollars a month. Considering the fact that living expenses in UK are twice of that in Singapore: a Starbuck latte costs twice, cab fares cost three times, tube (London underground) cost three times, bus fares the same, and rental fees about the twice, newspapers cost twice or more and so making 5,000 Singapore Dollars in UK is same as making 2500 in Singapore. And it is hard to get a job in UK without experience, a Singaporean friend of mine with PhD in Computer Science (followed a good honors degree from good UK univ) started career as a contractor (contract based engineer)
as it is hard to get employee job (easier to get in Singapore). A post doctoral research fellow in UK universities makes less than 20,000 Pounds and there who are complaining about Singapore should travel to UK, Europe and Australia first and live there for weeks and listen to immigrant experience there. Grass is greener somewhere but Singapore is a good starting place.
-Anonymous

ယူကေက EU (European Union) နိုင်ငံသားတွေကို လွတ်လပ်စွာ လာရောက် အလုပ်လုပ်ခွင့် ပေးရတယ်။ သူတို့မှာ ဗီဇာ ကန့်သတ်ချက် မရှိဘူး။ မြန်မာနဲ့ တခြားနိုင်ငံသားတွေ မယှဉ်နိုင်တဲ့ အားသာချက်ပါပဲ။ စီးပွါးကျချိန်မှာ အလုပ်အကိုင် ပိုခက်လာတယ်လို့ ညီမလေးတွေ ညည်းနေကြတယ်။ ဆရာဝန်တွေကိုလည်း ပြည်တွင်း ဆေးတက္ကသိုလ်တွေက နိုင်အောင် ထုတ်နိုင်လာလို့ အပြင်ကလူတွေကို ဗီဇာနဲ့ ထိန်းချုပ်လိုက်တာ နှစ်နှစ်လောက် ရှိပြီ။ နောက်တစ်ကျော့ လူလိုရင်တော့ ဖွင့်ကောင်းပြန်ဖွင့်မလား မပြောတတ်ဘူး။ ခုလောလောဆယ်တော့ အသစ်လာမယ့် သူတွေအတွက် ခက်ခဲတာ အမှန်ပဲ။
-မနုသွဲ့


UK ကို Student Visa ယူပြီး ရောက်နေတဲ့ လူတွေက ဟိုမှာ ဘယ်လိုကျောင်းတက်ကြောင်း အချိန်ပိုင်း အလုပ်လုပ်တာ ဘယ်လောက် ရကြောင်းတွေပဲ ပြောတယ်။ တကယ်တော့ အချိန်ပိုင်း အလုပ်လေး လုပ်ရဘို့ agent ရုံးရှေ့မှာ မနက်တိုင်း သွားတန်းစီရတာတွေ လူပြည့် သွားလို့ မလုပ်ရပဲ ပြန်လာရတာတွေ ဟော်တယ်မှာ စားပွဲထိုး လုပ်ရတာတွေ ပန်းကန်ဆေးရတာတွေ ပေါင်မုန့်ဆိုင်မှာ မုံဖုတ်ရတာတွေ ဒီဗွီဒီ အခွေတွေကို ဘူးထဲ တစ်နေကုန် မတ်တတ်ရပ်ပြီး ထည့်ရတာတွေ ပြန်မပြောပြတတ်ဘူး။ ပညာတတ် သူငယ်ချင်းတွေ အဲဒါမျိုးတွေ လုပ်နေတာ မြင်ရရင် စိတ်မကောင်းဘူး။ တစ်ချို့တွေကတော့ အလုပ်လုပ်ရင်း ကျောင်းတက် မယ်ဆိုပေမယ့် ကျောင်း စရိတ် ကြီးတာကြောင့် အဲဒီ odd job အလုပ်တွေမှာပဲ နစ်ပြီး ပိုက်ဆံရှာ နေကြ ရတယ်။ တကယ်ကတော့ ကိုယ်အဆင်ပြေနေတဲ့ နေရာက ကိုယ့်အတွက် အကောင်းဆုံးပါပဲ။
-Anonymous

သြော်ဇီ - UK - နယူးဇီလန်

ဘရစ်တွေကတော့ သြော်ဇီကို တော်တော် ကြိုက်ကြတယ်။ lifestyle နဲ့ weather ကို အဓိကပေါ့။ ပြောင်းပြေးသူတွေ အများကြီးပဲ။ New Zealand ကိုလည်း တော်တော် နှစ်သက်ကြတာ ကြားဖူးတာပဲ။
-မနုသွဲ့

NZ is not very nice as I met more than NZ PR working in Singapore who studied in NZ graduate schools and came to work in Singapore while paying mortgage in Auckland. 
-Anonymous

One of the great things about Aus is that, here in Australia, the government pays a lot of contribution towards your tuition fees when you're a PR or a citizen. Not only that, you also get Austudy (a living expense contribution) of up to 800AUD /month.

I'm currently studying medicine here, and 80% of tuition fees are being paid by the government. One of my friends, who's studying med in US has to pay all her tuition fees by herself, even though she's a green card holder.

In US, med tuition fees are around USD 200,000 for the 4 years MD. In Aus, med tuition fees are around AUD 170,000 for the 4 years MBBS, for which gov pays ~80% (AUD 135,000). If you think about it like that, AUD 135K is almost half of a house value. This is excluding the living expense contribution.

In Aus, we have undergrad entry med (admission is based on your year 12 & UMAT scores & interview) and graduate entry med (admission is based on undergrad degree GPA, GAMSAT scores & interview). Among the number of places available, graduate entry stream makes up about 60% and it's going to increase (I think the Aus medical education sys will also transform into US like system in the future). Undergrad entry MBBS is 6-7 years in duration and grad entry is 4 years. We also need to do 1 year intern, 2 years residency and an exam before we can register to be a GP.

So yes, it takes about 13 years (after year 12) to be a fully registered GP. [4 years undergrad + atleast 2 years in admission process for GAMSAT exam, interview, etc + 4 years med school + 1 year intern + 2 years residency/registeration]

-(Ma) yangonthu

US
In the United States, fresh graduate with BSEE or BSME (Bachelor of Science in Mech Engineering) will happily work for 50,000 USD a year pay. The minimum H1 pay is above 60000$ (correct me if I were wrong) but not all H1 make that money as rumored by others.

With experience and skills, one may make six figures salaries, but with federal tax and state tax combined will be around 30 to 40%. At the end of the day, a person making 5000 SGD a month in Singapore may be able to save as much as a person making 5000 USD a month in US. And if you are an American citizen, if you make more than 80K a year, you will have to pay tax to US government even if you are living outside of US. That made some US expatriates to convert citizenship.
-Anonymous

Canada
In Canada, I heard the tax rate is about 50% and I am not keen to pay
such rates even if it is an excellent welfare state. And I will not move to Canada as it is kind of backyard for US and eventually you will have to head south to US.
-Anonymous



Wednesday, November 19, 2008

မင်္ဂလာတရား ၃၈ပါး

ဒီဘလော့ကို နေ့တိုင်း လာအားပေးတဲ့ သူတွေ ရှိတယ်ဆိုတော့ တစ်ခါလာတိုင်း လာတိုင်း အကျိုးကျေးဇူး တစ်ခုတော့ ရအောင် ၃၈ ဖြာ မင်္ဂလာကို တစ်နေ့ တစ်မျိုး ပေါ်အောင် လုပ်ဖို့ စမ်းကြည့်တယ်။ တကယ်တော့ လုပ်ထားတာ ကြာပါပြီ။ အပြီး မသပ်ဖြစ်လို့။ နောက်ပြီး ၃၈ ဖြာ မင်္ဂလာကို မြန်မာပြည်က သတင်းစာတွေမှာလည်း ထိပ်စီးအနေနဲ့ လုပ်ကြတယ်လေ။ အဲဒါနဲ့ တူနေတာနဲ့ ဆက်မလုပ်ဖြစ်တော့တာ။ ဒင်းတို့ ဖင်မူးခေါင်းထောင်ပြီး ဘုရားရှိခိုးတာနဲ့ ကိုယ်က လိုက်မလုပ်ချင်လို့ ဘုရား မရှိခိုးရင်တော့ ကိုယ်ပဲ အကျိုးနည်းမယ်လေ။

တကယ်လို့ ကိုယ့်ဘလော့မှာ တပ်ချင်ရင်လည်း အောက်ပါအတိုင်း လုပ်နိုင်ပါတယ်။

(၁) Layout -  Page Elements ကနေ"Add a Gadget" လုပ်လိုက်ပြီး Gadget list ထဲမှာ "Feed" ဆိုတာကို + လေး နှိပ်ပြီး ထည့်လိုက်ပါတယ်။

(၂) "Configure Feed" ဆိုတာမှာ "Feed URL" အတွက် အောက်ပါ လိပ်စာကို ထည့်ပြီး Continue နှိပ်လိုက်ပါတယ်။

http://pipes.yahoo.com/pipes/pipe.run?_id=YMEepr5A3BGkWdShn0artA&_render=rss

(၃) ပြီးတော့ "Title" နေရာက စာသားတွေကို ဖျက်လိုက်ပါတယ်။ ကိုယ်ထည့်ချင်တာ ထည့်လည်း ရပါတယ်။

(၄) "Show"  မှာ "1 Items" ဆိုတာ ကို ရွေးလိုက်ပါတယ်။

(၅) "Item sources/authour" ကို Tick လုပ်လိုက်ပါတယ်။

(၆) ပြီးတော့ Save လုပ်လိုက်ပါတယ်။ ပြီးရင်တော့ ကိုယ်ထားချင်တဲ့ နေရာမှာ  ထားလိုက်ပြီး Save လုပ်ပါတယ်။

ဒါဆိုရင်တော့ တစ်နေ့ကို တစ်မျိုး ပေါ်လာပါမည်။ တစ်ကယ်တော့ အမျိုးမျိုး ပေါ်အောင် လုပ်ထားပေမည့် Blogspot က တစ်ခေါက် ပေါ်ပြီးရင် Cache လုပ်လိုက်လို့ တစ်နေ့ကို တစ်မျိုးပဲ ပေါ်တာပါ။

တခြားဖတ်ရန် - ၃၈ဖြာ မင်္ဂလာ


Tuesday, November 18, 2008

နိုင်ငံခြားကို အထင်မကြီးသူများ

ကျွန်တော် အမေရိကားက ပြန်လာတော့ ရပ်ကွက်ထဲမှာ အသိ အဒေါ်ကြီး တစ်ယောက်က “ဟဲ့..နင် အခုမှ နိုင်ငံခြားက ပြန်လာတယ်ဆို။ AIDS စစ်ပြီးသွားပြီးလား။ ဟိုဘက်လမ်းက သီဟတစ်ယောက်တော့ မလေးရှားက ပြန်လာတာ ဆေးစွဲပြီး AIDS ကူးလာလို့” တဲ့။ ကျွန်တော် ဘာပြန်ပြောလို ပြောရမှန်း မသိအောင် ဖြစ်သွားတယ်။ သူတို့ အသိုင်းအ၀ိုင်းမှာက ဒီလို လူတွေများတော့ ကျွန်တော်ကို ဒီလို လာမေးတာ သူ့အတွက်တော့ မဆန်းပါဘူး။ ကျွန်တော်ကလည်း ဒီလို ရပ်ကွက်ထဲမှာ နေတာကိုး။ တကယ်တော့ လူတွေက နိုင်ငံခြားကို အထင်မကြီးကြတတ်ပါဘူး။ ဒီလို အထင်မကြီးရခြင်း အကြောင်းအရင်းကလည်း သေသေချာချာ ဂဃနဏ မသိသေးလို့လည်း ဖြစ်နိုင်သလို အသိုင်းအ၀ိုင်း အတွေ့အကြုံကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စပြောရမယ် ဆိုရင်တော့ အမေရိကား၊ အင်္ဂလန်၊ ကနေဒါနဲ့ သြော်ဇီတို့လို နိုင်ငံတွေမှာ ရောက်နေတဲ့ ဗမာများကတော့ စင်္ကာပူကို အထင် မကြီးချင်ကြပါဘူး။ ဒီလို အထင် မကြီးကြသူတွေ ထဲမှာတော့ စင်္ကာပူကို Step stone လုပ်ပြီးမှ စင်္ကာပူကနေ တဆင့် သွားကြတဲ့ သူများတွေ မပါတတ်ပါဘူး။ ဒါကလည်း ၂ မျိုး ဖြစ်နိုင်ပါတယ်။ စင်္ကာပူ အကြောင်း ကောင်းကောင်းသိလို အထင်မသေးတာလည်း ဖြစ်နိုင်သလို စင်္ကာပူက ထွက်သွားတဲ့သူက ထွက်သွားတာမှ မကြာသေးဘူး စင်္ကာပူအကြောင်း အဆိုးပြောလို့ မကောင်းတာလည်း ဖြစ်နိုင်တယ်။

နိုင်ငံကြီးတွေ ရောက်ပြီးမှ စင်္ကာပူ လာဖို့ဆိုတာ သူတို့အတွက် အိပ်မက်ထဲတောင် ထည့်မက်တာမျိုး မဟုတ်ပါဘူး။ ဥပမာ ဒီလို နိုင်ငံတွေမှာ ကျောင်းတက်ပြီးမှ စင်္ကာပူမှာ အလုပ်လာလုပ်ဖို့ဆိုတာကို Option တစ်ခု အဖြစ် မစဉ်းစားတတ်ကြပါဘူး။ ဒါကလည်း နိုင်ငံကြီးတွေမှာ အဲဒီနိုင်ငံက စရိတ် ကြီးကြီးနဲ့ ကျောင်းတက်လာတာ ဆိုတော့ စင်္ကာပူ လစာနဲ့ဆို အရင်း ကြေမှာ မဟုတ်လို့ပါ။ အင်ဒိုနီးရှားက သူတွေကတော့ သြော်ဇီမှာ ကျောင်းတက် စင်္ကာပူမှာ ၁နှစ် ၂နှစ်လုပ်ပြီးမှ သြော်ဇီမှာ အလုပ်ပြန်လာ လုပ်ကြတယ်။ Fresh Grad တွေအတွက် အလုပ် ရှာခက်တဲ့ သြော်ဇီမှာတော့ ဒီလို လုပ်တာ အဆင်ပြေပါတယ်။ သြော်ဇီ၊ အင်္ဂလန်၊ ကနေဒါကျောင်းဆင်း ဆိုရင်လည်း စင်္ကာပူမှာ အလုပ်ရလွယ်တယ်။ (စင်္ကာပူက ထိပ်တန်း ကျောင်းတွေ ဖြစ်တဲ့ NUS SMU ဆင်းတွေလောက်တော့ အဆင့်မြင့် ရာထူးတွေ မဟုတ်ဘူးပေါ့) ပြီးတော့ သြော်ဇီကလည်း စင်္ကာပူ အတွေ့အကြုံရှိဆို အတော်အတန် အဆင်ပြေတယ်။ သြော်ဇီမှာပဲ မဟုတ်ပါဘူး။ အမေရိကားမှာလည်း စင်္ကာပူ အတွေ့အကြုံရှိဆို အတိုင်းအတာ တစ်ခုအထိ လက်ခံတယ်။ သူတို့ကတော့ စင်္ကာပူကိုဆိုရင် Utopia လေးလို့ သဘောထားတတ်ကြတယ်။

နိုင်ငံကြီးတွေကနေ ပြောင်းလာပြီး အလုပ် လာလုပ်ဖို့လောက် ထိတော့ စင်္ကာပူကို အထင်ကြီးစရာ မလိုပါဘူး။ ဒါပေမယ့် နိုင်ငံကြီးတွေမှာ နေပြီး စင်္ကာပူကို အထင်သေးနေရတာကတော့ စင်္ကာပူအကြောင်း မသိလိုလည်း ဖြစ်နိုင်သလို စင်္ကာပူက အဆင်မပြေတဲ့ မြန်မာတချို့အကြောင်းပဲ သိလို့လည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ စင်္ကာပူကလူတွေရဲ့ ပုံမှန် ၀င်ငွေက နိုင်ငံကြီးတွေရဲ့ ၀င်ငွေကို မမီလို့ပါ။ အဲဒီအချက်နဲ့တင် အထင်ကြီးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါက အမြင်သာဆုံး တိုင်းတာနည်းကိုး။ ဒါပေမယ့် စင်္ကာပူမှာနေတဲ့ မြန်မာတွေ ပျော်ပျော်ကြီး နေကြတာကိုတော့ မနေဖူးရင် မသိနိုင်ပါဘူး။ စင်္ကာပူမှာ နေရတာ ဘာနဲ့ တူသလဲ ဆိုတော့ တိုးတက်တဲ့ (နောင် အနှစ် ၃၀မှာ ဖြစ်လာနိုင်ကောင်းတဲ့) ရန်ကုန်မှာ နေရသလိုပါပဲ။ ဗမာသူငယ်ချင်းတွေ အမျိုးတွေနဲ့ အလွယ်တကူ တွေ့ဆုံနိုင်တယ်။ စားစရာ သွားစရာတွေက ရန်ကုန်မှာ လိုလိုပဲ။ နိုင်ငံခြားမှာနေရတယ် ဆိုတဲ့ Stress က စင်္ကာပူမှာ သိပ်မရှိပါဘူး။ အထီးကျန် ဆန်တယ်ဆိုတာတော့ လုံးဝ မရှိပါဘူး။

နောက်ပြီး စင်္ကာပူမှာနေတဲ့ သူတွေရဲ့ အားသာချက်ကတော့ မိသားစုဝင်တွေ (ညီအစ်ကို မောင်နှမတွေ)ကို အခြေချဖို့ ခေါ်နိုင်တာပါပဲ။ နိုင်ငံကြီးတွေက မခေါ်နိုင်ဘူးရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စင်္ကာပူလောက်တော့ မလွယ်တာ အမှန်ပဲ။ အထူးသဖြင့် ကိုယ်မိသားစုဝင်တွေက လျှမ်းလျှမ်းတောက် တော်နေတဲ့ သူတွေမဟုတ်ရင် ဒီလို နိုင်ငံကြီးတွေကို ခေါ်ဖို့ ပိုမလွယ်ဘူး။ Survive မဖြစ်နိုင်ဘူး။ တစ်ယောက် ရောက်ပြီး အချိန်တို အတွင်း မိသားစု တစ်စုလုံး စင်္ကာပူမှာပဲ အခြေချလိုက်နိုင်တဲ့ သူတွေကလည်း အများကြီးပါ။ သူတို့ အတွက်ကတော့ စင်္ကာပူက ကိုယ့်အိုး ကိုယ့်အိမ်လို ဖြစ်နေပါပြီ။ ကျွန်တော်တို့ စင်္ကာပူမှာ နေတုန်းက အမြဲတမ်း အမေးခံရတယ်။ ဘာဖြစ်လို့ စင်္ကာပူမှာ နေနေသေးလဲ။ တခြားကို မသွားဘူးလားတဲ့။ ကိုယ်ကလည်း ကိုယ့်အကြံနဲ့ကိုယ်။ ညီတွေ ညီမတွေကို ခေါ်ရဦးမှာမို့ ဒီမှာ နေဦးမယ်လို့ ပြန်ပြောရတယ်။

ဒီလို နိုင်ငံကြီးတွေက လူတွေမှ စင်္ကာပူကို အထင်မကြီးတာ မဟုတ်ပါဘူး။ စင်္ကာပူက လူတွေ ကိုယ်တိုင် စင်္ကာပူကို အထင်မကြီးတတ်ကြပြန်ဘူး။ ဥပမာ စင်္ကာပူက တင်းကျပ်တယ်တို့ ဘာတို့ ဖြစ်လာကြတယ်။ (ဆောတီး ကိုပေါ တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ ဟီးဟီး ) ကျွန်တော် စင်္ကာပူမှာ တွေ့ဖူးတဲသူတချို့ကလည်း စင်္ကာပူ မကောင်းကြောင်းကို လှိုင်လှိုင်ပြောနေတော့တာပဲ။ စင်္ကာပူမှာနေပြီး စင်္ကာပူကို စိတ်နာတဲ့ သူတွေကတော့ အလုပ်အကိုင် အဆင်မပြေလို့ကတော့ ခပ်များများပါ။ နိုင်ငံရေးကြောင့်လည်း မကြိုက်တဲ့သူနည်းနည်းနဲ့လည်း ကြုံဖူး စကားပြောဖူးပါတယ်။ သူတို့ကျတော့လည်း ကိုယ့်လို စင်္ကာပူကို အပေါ်ယံပဲ သိတာမဟုတ်ဘဲ အတွင်းကျကျ သိလို့လည်း ဖြစ်နိုင်တယ်လောက်ပဲ တွေးနိုင်တယ်။ ဒီထက်ပိုပြီးတော့လည်း နားမလည်နိုင်ဘူး။ အထင်ကြီးတယ် မကြီးဘူးဆိုတာ ဘာမှ မသိလို့လည်း ဖြစ်နိုင်သလို၊ နည်းနည်းပဲ သိလို့လည်း ဖြစ်နိုင်သလို အူမချေးခါးအထိ သိလို့လည်း ဖြစ်နိုင်တာပဲ။

ဒါကြောင့် စင်္ကာပူမှာ အနေကြာပြီး စင်္ကာပူကို အထင်မကြီးတာကို နားလည်ပေးနိုင်တာပဲ။ မြန်မာပြည်ကနေ စင်္ကာပူကို အလုပ်လာရှာတဲ့သူတွေက စင်္ကာပူကို အထင်မကြီးတာတော့ နားလည်ရခက်တယ်။ စင်္ကာပူတောင် မရောက်သေးဖူး (ဒါမှမဟုတ် စင်္ကာပူရောက်တာ လပိုင်းပဲ ရှိသေးတယ်) ငါက စင်္ကာပူမှာ လုပ်ချင်တာ မဟုတ်ဘူး။ အမေရိကား၊ အင်္ဂလန်မှာပဲ လုပ်ချင်တာဆိုပြီး။ ဆရာဝန်တွေလိုမျိုးဆိုရင်တော့ ထားပါ။ (တကယ်တော့ သူတို့လည်း နိုင်ငံကြီးတွေမှာ လုပ်ဖို့ လွယ်လှတာ မဟုတ်ဘူး။ ပထမ ၃နှစ်လောက် ရင်းနိုင်မှ အဆင်ပြေတာမျိုး)။ ဒီလိုလူတွေကို အကြံပေးချင်တာကတော့ လာပြီး အဆင်ပြေအောင် အရင် လုပ်ပါ။ စင်္ကာပူမှာ ပျော်ပျော်လေး ၂နှစ် ၃နှစ်လောက်နေပြီး တခြားနိုင်ငံကို ကူးပေါ့။ စင်္ကာပူကနေဆိုရင် ကမ္ဘာအနှံ့ အချိတ်အဆက် လုပ်ဖို့ ရန်ကုန်ကထက်တော့ အများကြီး သာပါတယ်။ ပြီးတော့ နေရတဲ့ ၂နှစ် ၃နှစ်ကိုလည်း မချစ်သော်လည်း အောင့်ကာနမ်းသလိုမျိုး မဟုတ်ဘဲ ပျော်ပျော်ကြီးနေမည်ဆို နေလို့ ကောင်းတာမျိုးပါ။

စင်္ကာပူ ဇာတ်လမ်းကို ဒီမှာ ရပ်ပြီး မလေးရှားဘက် လှည့်ဦးမယ်။ စင်္ကာပူက အများကြီး တော်ပါသေးတယ်။ မလေးရှားမှာလို့ ပြောလိုက်ရင် လုံးဝကို အထင်မကြီးကြတာ။ ဒါကလည်း မလေးရှားမှာ ရောက်နေတဲ့ ဗမာတွေမှာ အလုပ်ကြမ်း လုပ်နေရတဲ့သူတွေအချိုးနဲ့ အဆင်ပြေပြေနေရတဲ့ သူတွေ အချိုးက အတော် ကွာဟနေလို့ပါပဲ။ မလေးရှားက စက်ရုံတစ်ခုမှာ လုပ်ဖူးတဲ့ ကျွန်တော်ညီအစ်ကို တ၀မ်းကွဲတွေ အကြောင်းတို့ အသိတချို့ အကြောင်းတို့ ကြားဖူးသလို မလေးရှားမှာ မိသားစုနဲ့ အခြေကျနေတဲ့ သူတွေ အကြောင်းလည်း ကြားဖူးထားတော့ မလေးရှားကိုလည်း အထင်ကြီးတယ် အထင်သေးတယ် မရှိပါဘူး။ ယျေဘုယျအားဖြင့်တော့ တော်တော်များများက မလေးရှားကိုဆို အထင်မကြီးချင်ကြဘူး။

တဖန် စင်္ကာပူကလူတွေကလည်း (စင်္ကာပူ နိုင်ငံသားတွေကနေ ခေတ္တလာနေသူအချို့ အထိ) အမေရိကားတို့ အထူးသဖြင့် သြော်ဇီတို့ကို အထင်မကြီးပြန်ဘူး။ စင်္ကာပူ နိုင်ငံသား တစ်ယောက်က သူ နယူးယောက်ကို သွားတာ အမှိုက်တွေ၊ ကြွက်တွေနဲ့ ညစ်ပတ်နေတာပဲတဲ့။ စင်္ကာပူမှာလိုလည်း သွားရေး လာရေး အဆင်မပြေဘူးတဲ့။ စင်္ကာပူက MRT ရထားတွေ ဆိုဘယ်လောက် ကောင်းပြီး ဘယ်လောက် သန့်ရှင်းလိုက်သလဲတဲ့။ စင်္ကာပူကလူတွေ အထူးသဖြင့် ပြောကြတာကတော့ လုံခြုံမှု မရှိဘူးတဲ့။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလောက် အဆိုးကြီး မဟုတ်ပါဘူး။ တကယ်တော့ ဘိုတွေက တရုတ်တွေထက် ပိုပြီးတောင် အသန့်ကြိုက်ပြီး သန့်အောင် နေတတ်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်ပေါ့။ Public နေရာတွေကတော့ မသန့်ပါဘူး။

ကျွန်တော် သြော်ဇီ မလာခင်ကလည်း စိတ်ထဲမှာ သြော်ဇီရောက်ရင် အလုပ်ရှာရ လွယ့်ပါ့မလားလို့ပဲ ထင်နေတယ်။ သြော်ဇီမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ စင်္ကာပူ နိုင်ငံသားတွေ၊ မလေးတွေ၊ မြန်မာတွေက သြော်ဇီမှာ အလုပ်ရှာရ အင်မတန် ခက်ကြောင်းပဲ ပြောနေတာ ကြားနေရတာကိုး။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူနိုင်ငံသား မိသားစု တစ်စုက သြော်ဇီကို ပြောင်းရွှေ့နေထိုင်တာ ဒီမှာ အဆင်မပြေလို့ ကလေး ၂ယောက်ကို အိပ်ဆေးတွေ တိုက်ပြီးသတ်ပြီးတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့ လုပ်ကြတာ။ ကလေးတွေကို ဆေးတိုက်ပြီးတော့မှ စိတ်ပြောင်းသွားလို့ ကလေးတွေကို ဆေးရုံကို သယ်သွားကြတာ။ ဒါတွေကြားပြီး သြော်ဇီက ဟန်မှ ဟန်ပါ့မလား တွေးပူမိသေးတယ်။

တကယ်တော့ သူတို့နဲ့ ကိုယ်တို့မှ မတူတာ။ စင်္ကာပူ နိုင်ငံသားတွေဆိုတာ မွေးကတည်းက သူ့နိုင်ငံမှာ သူ အဆင်ပြေပြေ နေလာတာ။ သူတို့က တခြားနိုင်ငံမှာ မိကွဲ ဖကွဲ ရုန်းကန်ဖို့လောက်ကြတော့ ကိုယ်တို့လောက်မှ ကြံကြံမခံနိုင်တာ။ သူတို့ ပြောတာတွေ ကြားပြီး သြော်ဇီက Survive ဖြစ်ဖို့ မလွယ်ဘူးတို့၊ အမေရိကားက ညစ်ပတ်ပြီး Crime များတယ်တို့ကို နားယောင် တတ်ကြတယ်။ အထူးသဖြင့် စင်္ကာပူမှာ လစာလေး နည်းနည်းကောင်းနေရင် ဒီလို နိုင်ငံတွေကို သွားဖို့ ခါးခါးသီးသီး ငြင်းချင်ကြတယ်။ တချို့ကတော့လည်း အထင်ကြီးတယ် မကြီးဘူး မဟုတ်ပါဘူး။ ကိုယ်အဆင်ပြေနေရင် ပြီးတာပဲ ဘယ်မှ ပြောင်းရွှေ့နေစရာ မလိုဘူးလေ။ သူတို့ကို ဆိုလိုတာ မဟုတ်ပါဘူး။

သြော်ဇီမှာတော့ စင်္ကာပူက MRT လိုမျိုး Public Transport ကောင်းကောင်းတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဆိုးဆိုးရွားရွားကြီးလည်း မဟုတ်သလို ကိုယ့်ကားနဲ့ ကိုယ်သွားလာတာတွေလည်း ရှိတာပါပဲ။ စားတာသောက်တာ နေတာထိုင်တာလည်း စင်္ကာပူထက် နည်းနည်း အဆင့်တန်း မြင့်မြင့် နေနိုင်တယ်။ ဒါက ကိုယ့် ကိုယ်တွေ့ကို ပြောတာပါ။ မိသားစု ဘ၀ ရှေ့ရေးပိုကောင်းတယ် ထင်တယ်။ ပြီးတော့ Discrimination ရှိတယ်ဆိုပြီး စင်္ကာပူက လူတွေက ကြောက်တတ်တယ်။တကယ်တော့ ဒီမှာကမှ နိုင်ငံသားနဲ့ PR နဲ့ဆို မခွဲခြားသလောက်ပဲ။ စင်္ကာပူမှာကတော့ PR ဆိုတာ သက်တမ်းမြင့် Visa လိုလို ဖြစ်နေတာကိုး။ သူတို့ ပြောတဲ့ Discrimination က တကယ်တော့ အဖြူတွေက အာရှသားတွေကို ခွဲခြားဆက်ဆံတာကို ပြောချင်တာပါ။ ဒီလိုမျိုးတော့ ဆိုးဆိုးရွားရွားကြီး မကြုံဖူးပါဘူး။ မြန်မာပြည်မှာတောင် တရုတ်တွေ၊ ကုလားတွေကို နည်းနည်းDiscriminate လုပ်တာတွေ ရှိသေးတာပဲ။ 

အမေရိကားတို့ အင်္ဂလန်တို့က လူတွေကလည်း သြော်ဇီဆို အထင်မကြီး ပါဘူး။ ဒါကလည်း သူတို့နဲ့ ယှဉ်ရင် သြော်ဇီက နောက်မှာကိုး။ တကယ်တော့ ဒါက နိုင်ငံ အနေနဲ့ ယှဉ်ရင်ပါ။ မိသားစု အနေနဲ့ ယှဉ်ရင်တော့ Lifestyle က ကွာလှတယ် မဟုတ်ပါဘူး။ သာမန် မိသားစုတွေ အတွက် ပညာရေး၊ ကျန်းမာရေးကလည်း ရင်ဘောင်တန်းနိုင်တာပါပဲ။ အမေရိကားတို့၊ အင်္ဂလန်တို့မှာလိုတော့ Oxford တို့ MIT တို့တော့ သြော်ဇီမှာ မရှိဘူးပေါ့။ ဒါပေမယ့် အမေရိကားမှာ အင်္ဂလန်မှာနေလည်း ဒါတွေ တက်နိုင်ဖို့ လွယ်တာမှ မဟုတ်ပဲ။ တကယ်တော့လည်း သြစတြေးလျက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ နာမည်ကြီးတဲ့သူ အရှိန်အ၀ါကြီးတဲ့သူ မဟုတ်ပြန်ဘူး။ ပြောရမယ်ဆိုရင်တော့ ထိပ်တန်းတော့ မဟုတ်ဘူးပေါ့။ ဒါကြောင့် ထိပ်တန်း နိုင်ငံက သူတွေက အထင်မကြီးတာ မဆန်းပါဘူး။

သြော်ဇီက လူတွေကလည်း အမေရိကားတို့ဘာတို့ ကို အထင်မကြီးပြန်ဘူး။ အမေရိကားမှာက နယူးယောက်လိုမျိုးမှာ နေတော့လည်း ကျဉ်းကျဉ်းကျပ်ကျပ် နေရတယ်။ ကျယ်ကျယ်ပြန့်ပြန့် နေရတော့လည်း City နဲ့ အတော်အတန် ဝေးတဲ့ နေရာတွေမှာ နေရတယ်။ မြို့ကြီးတွေမှာ ဖြစ်နိုင်သလို မြို့သေးသေးတွေမှာလည်း နေရတာ ဖြစ်နိုင်တယ် ဆိုပြီး။ ဒါကလည်း အမေရိကားမှာက မြို့ကြီးတွေက ၂၀-၃၀ ကျော် ရှိပြီး မြို့ခပ်လတ်လတ်တွေက ရာနဲ့ ချီ ရှိတာကိုး။ သြော်ဇီမှာကတော့ မြို့ကြီးတွေက ရေတွက်မယ်ဆို လက်တစ်ဖက်နဲ့ ရေလို့ရတယ်လေ။

နောက်ပြီး သြော်ဇီ PR ကို အမေရိကားက H1 လောက်ကိုဆိုရင် မလဲနိုင်ဘူး ဆိုတာမျိုး။ H1 က အခန့်မသင့်ရင် ပြည်တော်ပြန်ရနိုင်တယ်လေ။ PR သမားကတော့ ပိုက်ဆံ ပေါလို့ အလုပ်မလုပ်ဖူးဆိုရင်လည်း ရတယ်။ ဒါကလည်း တကယ်တော့ စာအုပ်ပေါ်မှာပါ။ အမေရိကားမှာ အဆင်မပြေလို့ ပြန်လာရတဲ့ H1 ဗီဇာသမားဆိုတာ မရှိသလောက် ရှားတာပါပဲ။ Green Card ရသွားတဲ့ အထိ အဆင်ပြေအောင် နေနိုင်သွားကြတာပါပဲ။ စင်္ကာပူမှာ နေပြီး Agent တွေနဲ့ H1 လျှောက်ဖို့ လမ်းကြောင်းတွေကတော့ အတော်ရှိပါတယ်။ ကျွန်တော်တို့လည်း DV လိုမျိုး ပေးရင်တော့ အမေရိကားမှာ နေချင်ပါတယ်။

တကယ်တော့ အထင်ကြီးတယ် မကြီးဘူးက အဓိက မဟုတ်ပါဘူး။ ကိုယ်နေတဲ့ နေရာမှာ ပျော်ဖို့ပါပဲ။ ကိုယ်ထင်ရင်တော့ ကုတင် ရွှေနန်းပေါ့။ ဒါပေမယ့် အကြောင်းမသိလို့ အထင် သေးတာမျိုးကလည်း သဘာဝပါပဲ။ ကိုယ်မသိသေးတဲ့ နေရာတွေကို Explore လုပ်ကြည့်နိုင်ရင် လေ့လာ ကြည့်နိုင်ရင်တော့လည်း ကောင်းတာပဲ။ အထူးသဖြင့် အသက်ငယ်ရွယ်တဲ့ သူတွေ၊ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့သူတွေ၊ Risk ယူနိုင်တဲ့ သူတွေအတွက်တော့ ဘယ်နိုင်ငံမှာ နေနေ တစ်နိုင်ငံတည်းနဲ့ ပြီးသွားတာမျိုး မဟုတ်ဘဲ တခြား နိုင်ငံတွေကို သွားလာသင့်တယ်။  ဥပမာ အနေနဲ့ ပေးရမယ်ဆို သြစတြေးလျ ဒါမှမဟုတ် အင်္ဂလန်မှာ ကျောင်းတက်။ စင်္ကာပူမှာ ၂ နှစ် ၃နှစ်လောက်လုပ်။ ပြီး ရင် အမေရိကားကူး။ ဘယ်လောက်ကောင်းလိုက်လဲ။ အင်ဒိုတွေနည်း။ ဒါမှမဟုတ် စင်္ကာပူမှာ ကျောင်းတက်၊ ၂ နှစ်လောက် အလုပ်လုပ် ပြီးတော့ သြစတြေးလျမှာ အလုပ်လုပ် ပြီး ၃-၄ နှစ်ကြာရင် အင်္ဂလန်ကို ကူး။ ဒါက ကုလားတွေ နည်း။

နောက်ပြီး သူ့ ဆိုင်ရာ ဆိုင်ရာက နိုင်ငံသားတွေက တခြားနိုင်ငံကို အထင်မကြီး တတ်ကြတာ မှန်ပေမယ့် မြန်မာတွေ အနေနဲ့ကတော့ ရောယောင်ပြီး လိုက်မဖောဖို့ပါပဲ။ ဒီနိုင်ငံ တစ်နိုင်ငံဟာ ကိုယ်နဲ့ ကိုက်မလား မကိုက်လား ကျွန်တော် ဘယ်လို ဆုံးဖြတ်သလဲ ဆိုတော့ ကိုယ်နဲ့ အခြေအနေတူတဲ့ မြန်မာ မိသားစု တစ်စု ဘယ်လို နေထိုင်သလဲ ဆိုတာကိုပဲ ကြည့်ပါတယ်။ ဘာမှ မဆိုင်တဲ့ နိုင်ငံခြားသားတွေကို ကြည့်ဖို့ နေနေသာသာ အခြေအနေမတူတဲ့ မြန်မာ မိသားစုကိုတောင် ကြည့်ြ့ပီး အသားလွတ် အထင်ကြီးခြင်း အထင်သေးခြင်း ဖြစ်ရင် ကောက်ချက်ချ လွဲသွားနိုင်ပါတယ်။ 


(စကားမစပ် အမေရိကားက လူတွေကလည်း ဘလော့လေး ဘာလေး ရေးမယ်ဆိုရင် သူတို့ ဘ၀ အခြေအနေကို တခြားနိုင်ငံက သူတွေ နည်းနည်းပါးပါး လေ့လာလို့ ရတာပေါ့။)

Friday, November 14, 2008

ငန်းတစ်အုပ်ရဲ့ အထ္တုပတ္တိ

ကြားဖူးနေတာတော့ ကြာပါပြီ။ ဘယ်သူတွေအတွက် ပြောထားတာလဲကိုတော့ ရေးတေးတေးပဲ။ အပြင်ပန်းမှာ တည်ငြိမ်နေပေမယ့် အတွင်းမှာ (ယောက်ယက်ခပ်အောင်) ရုန်းကန်နေရသူတွေကို ဘာနဲ့ တူသလဲဆိုတော့ ရေပြင်ပေါ်မှာ အိနြေ္ဒရရ သွားနေတဲ့ ငန်းတစ်ကောင်လိုပဲတဲ့။ ဒီအတိုင်း ကြည့်လိုက်ရင်တော့ ရေပြင်ပေါ်မှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ ရေအောက်မှာတော့ ခြေနှစ်ချောင်းကို မရပ်မနား ရုန်းကန်နေရရှာတယ်တဲ့။

ကျွန်တော်တို့ မိသားစုလည်း ဒီလိုပါပဲ။ အများအားဖြင့် ကိုယ့်မိသားစု အကြောင်း ရေးတဲ့ ဒီဘလော့ဂ်လေးကို ဖတ်လိုက်ရင် ဒီမိသားစုကတော့ အင်မတန်ကို ၀မ်းသာ ကြည်နူးစရာ ပဲပေါ့။ တကယ်တော့လည်း ရေပြင်ပေါ်က ငန်းတစ်ကောင်လိုပါပဲ။ အပြင်ပန်းက ကြည့်လိုက်ရင်တော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ အတွင်းမှာတော့ သူလို ကိုယ်လို မိသားစုတွေလိုပဲ ရုန်းကန် ပူပင်နေရတာပါပဲ။ စားရေး သောက်ရေး၊ နေရေး ထိုင်ရေး၊ ကလေးတွေ အနာဂတ်၊ ကိုယ့်အနာဂတ်၊ အလုပ်အကိုင်... စသည် စသည်နဲ့ အခုခေတ်မှာ ပူပင်စရာတွေက ပိုတောင် များလာသေးတယ်။

ဘလော့ဂ် စရေးတော့ ဘယ်ဟာကိုတော့ ရေးမည်။ ဘယ်လိုမျိုးကိုတော့ ရှောင်မည် ဆိုပြီ အနည်းနဲ့ အများတော့ သတ်သတ်မှတ်မှတ်လေး လုပ်ထားပါတယ်။ အဲဒီထဲမှာ ဒီမိသားစုရဲ့ ကြည်နူးစရာ အချက်လေးတွေတော့ ရေးမည် ပါတယ်။ ဒါကိုက ဒီဘလော့ရဲ့ အဓိက Theme ပါပဲ။ ဒီလိုရေးတဲ့ အတွက် ကိုယ်လည်း ၂ ခါပြန် ကြည်နူးရတယ်။ ကိုယ်တင်လိုပဲ ကိစ္စများမြောင်းနဲ့ ရုန်းကန်နေရတဲ့ စာဖတ်သူတွေကိုလည်း အကြည်ဓါတ်လေး ကူးစက်ပါစေတော့ပေါ့။ အလုပ်ထဲမှာ အရမ်း ပင်ပန်းပြီး စိတ်ရှုပ်လာလို့ ခဏလောက် နားတဲ့ အချိန်မှာ ရွှင်လန်းစရာ Web Site လေး တစ်ခုလောက် ကြည့်လိုက်ရင် နည်းနည်းတော့ စိတ်ထွက်ပေါက် ရသွားသလို ကိုယ့်ဘလော့လေးကလည်း ဒီလို ဖြစ်စေတော့ကို ဘာရယ်တော့ မဟုတ် ရည်ရွယ်ပါတယ်။

ဒီလို ကြည်နူးစရာ ကောင်းကွက်လေးတွေပဲ ရေးတယ် ဆိုပေမည့် ဘလိုင်းကြီး ညာဖြီး လာရွှီးလို့လည်း ရတာမျိုးတော့ မဟုတ်။ သူငယ်ချင်း တစ်ယောက် နောက်ဖူးသလို “အန်ဒီ... ကြည့်ရွှေနော် ကြည့်ရွှေ” တဲ့။ ဒီဘလော့ ဖတ်တဲ့ သူတွေထဲမှာ ကျွန်တော်တို့ကို အပြင်မှာ မြင်ဖူး ဆက်ဆံဖူး ကျွန်တော်တို့ အကြောင်းကို ခရေစေ့ တွင်းကျ မဟုတ်တောင် အထိုက်အလျောက် သိတဲ့သူတွေကလည်း အယောက် တစ်ရာမကဘူး။ အဲဒီလိုမှ မဟုတ်လည်း ဖတ်ကောင်းပါစေတော့ ဆိုပြီး ရေးချင်တိုင်း ရေးလို ရတာမျိုးမဟုတ်။ စာဖတ်သူတွေဆိုတာ ဆင်ခြင်တုံတရားနဲ့ အတွေ့အကြုံတွေက အသက်အရွယ်နဲ့ အလိုက် အပြည့်အ၀ ရှိထားတာမျိုး။ စာတစ်ပုဒ် ဖတ်လိုက်တာနဲ့ ကောင်း၏၊ မကောင်း၏၊ ဟုတ်၏ မဟုတ်၏ ဆိုတာကို ချက်ချင်း တန်းသိတာ။ အဲဒါကိုမှ ဇွတ်တရွတ် မဟုတ်တန်းတရား ရေးမည်ဆို ယောင်လိုတောင် လှည့်ကြည့်တော့မှာ မဟုတ်ဘူး။ အဓိက ကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံပါစေပေါ့။

အဲဒီတော့ မဟုတ်က ဟုတ်က တွေ မရေးဘဲ ဟုတ်က ဟုတ်က တွေပဲ ရေးတော့တယ်။ ညာမဖြီးပေမည့် ကောင်းကွက်လေးတွေပဲ ရွေးရေးတယ်။ White lie ရယ်လည်း မဟုတ်ဘူးပေါ့။ လောကမှာ ဒီလိုပဲ ကောင်းကွက်တွေ ရှေ့တင်ရတဲ့ အခါ ရှိသလို လူသနားအောင် ဟာကွက်တွေ ဗန်းပြရတာမျိုးလည်း ရှိတာပဲ။ သူနေရာနဲ့ သူပေါ့။ ဒါပေမယ့်လည်း တမင်တကာကြီး လူသနားအောင်တော့ လုပ်မရေးပါဘူး။ မေတ္တာတွေ ဖိတ်ဖတ်ယို ကျအောင်လည်း မလုပ်ပါဘူး။ လူတွေ အကြည်ငြိုကြီးအောင်လည်း ဖိန့်ဖိန့် လုပ်စရာ မလိုပါဘူး။ ကျွန်တော်တို့က ကိုယ်လမ်း ကိုယ်သွားချင်တာပါ။ ကိုယ့်မြင်း ကိုယ်စိုင်းတတ်တာမျိုးပါ။

ကလေး နှစ်ယောက်နဲ့ ပိုပြီး ကြည်နူးရသလို အပူအပင်ကလည်း နှစ်ဆ မကပါဘူး။ အသုံးစရိတ်က ၂ဆ ပိုကုန်သလို Opportunity Cost ကလည်း ကုန်ပါသေးတယ်။ ကလေး ၂ ယောက်နဲ့မို့ သူမက အလုပ်မလုပ်နိုင်တော့ ၀င်ငွေက ထက်ဝက်လျော့ကျသွားပါတယ်။ မိအေး ၂ ခါနာပေါ့။ ချမ်းသာတဲ့သူက ပိုချမ်းသာ၊ ဆင်းရဲတဲ့ သူက ပိုဆင်းရဲတဲ့ ခေတ်ကြီးမှာ ကွာဟမူဆိုတာ ရှိလာရင် အချိန်နဲ့ အမျှ ကွာဟမူဟာလည်း ပိုပြီး ကြီးလာတယ်။ Gap က ပိုကျယ်လာရော။ ပြီးတော့ နေတဲ့ နိုင်ငံကလည်း အသုံးစားရိတ် အတော်အတန် မြင့်တဲ့ နိုင်ငံဆိုတော့ နည်းနည်းမှ မလှုပ်လိုက်နဲ့ လှုပ်လိုက်တာနဲ့ အထုပ်လိုက် ကုန်မည် ဆိုသလို ဖြစ်နေတော့ တုပ်တုပ်တောင် မလှုပ်ရဲဘူး။ အဲဒါကလည်း ဒီဘလော့ ရေးနေရခြင်း အကြောင်း တစ်ရပ်ပဲ။ ဘလော့ ရေးတော့ ပိုက်ဆံ မကုန်ဘဲ အပျင်းလည်းပြေ Social လည်းရ ဖြစ်နေတာကိုး။ စေတနာထား ရေးရင် ကုသိုလ်တောင် ရဦးမည်။

ဒီဘလော့ကို ဖတ်ပြီး အမှန်တကယ် ကြည်နူးတဲသူတွေ ရှိတော့ ၀မ်းသာရပါတယ်။ ကောင်းကွက်တွေချည်း ရွေးရေးတော့ ကြွားသလိုတော့ ဖြစ်နေပြန်လို့ ဘလော့စရေးတုန်းက ဘလော့ Intro မှာ “သွားတာတွေ ပါမည်။ စားတာတွေ ပါမည်။ ကြွားတာတွေ ပါမည်။ မှားတာတွေ ပါမည်” ဆိုပြီး ရေးသေးတယ်။ နောက်တော့ အဲဒီ Intro ကို တွေ့ပြီး မြင်မြင်ချင်း လန်ထွက်သွားတဲ့ Visitor အသစ်တွေကို သတိထားမိလို့ ပြင်လိုက်တာ။ ကိုယ်ကတော့ အရိုးခံနဲ့ ရေးထားတာပါ။ ဒါပေမယ့် First Impression မကောင်းလို ပြင်လိုက်တာ။ တစ်ခါတစ်လေကျတော့လည်း Message တစ်ခု Knowledge တစ်စ ပေးဖို့ ဒီအတိုင်း မရေးတတ်လို့ ကိုယ်ကြုံဖူးတာနဲ့ ပြချင်ပေမည့် အရေးမတတ်တော့ ကြွားသလို ဖြစ်သွားတယ်။ အမှန်အတိုင်း ၀န်ခံရရင် တစ်ခါတစ်လေတော့လည်း ကြွားတာပါ။ လူပဲလေ။ အနားမှာ ကြွားစရာ လူကလည်း ခပ်များများ မရှိတော့ ဒီလိုပဲ ဘလော့မှာ တက်ကြွားလိုက်တယ်။ နိုင်ငံခြားမှာ နေရတဲ့ ဒုက္ခပေါ့။ ကြွားချင်ရင်တောင် ဘလော့နဲ့ ကြွားရတယ်။ ဖြစ်ပုံက။

ကျွန်တော်တို့ နှစ်ယောက်စလုံးက ရောင့်ရဲတတ်သူတွေ မဟုတ်သလို အရမ်း ချမ်းသာနေချင်သူတွေလည်း မဟုတ်ပါဘူး။ လက်ရှိ အနေအထားကလည်း လိုချင်သမျှ ပြည့်စုံနေတာ မဟုတ်သလို၊ နဖူးက ချွေး ခြေမ ကျနေတဲ့ အနေအထားလည်း မဟုတ်သေးပြန်ဘူး။ အဲဒီတော့ ဒီထက်ပိုပြီးတော့ ပြည့်စုံချင်သလို ဒီဘ၀မှာလည်း ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေတာပါ။ အဲဒီလို ပျော်ရွှင် စိတ်ချမ်းသာစရာတွေပဲ ဘလော့မှာ ရေးပြီး ပြည့်စုံအောင် ရုန်းကန်နေရတာကိုတော့ ရေးစရာ ရှိမှပဲ ရေးပါတယ်။ စာဖတ်သူတွေ အတွက် အကျိုးရှိမည် ဆိုရင်တော့ အထုတ် ဖြည်ပြရတာပေါ့။ မလိုအပ်ရင်တော့လည်း ကိုယ့်အပူ ကိုယ့်ဟာကိုယ် ကျိတ်ပြီး ဖြေရှင်းပေါ့။

ကြွားတယ် ထင်တာက ဖြေသာပါသေးတယ်။ ကိုယ်က ကောင်းတာတွေချည်းပဲ ရေးလို ဒီဘလော့ကို ဖတ်ပြီး ကိုယ့်ကို မနာလို ဖြစ်တဲ့သူ ရှိတယ်ဆိုတော့ ကျွန်တော်တို့ နှစ်ယောက်မှာ အံ့သြယူရတယ်။ ကျွန်တော်တို့မှာ ဘ၀က မပြည့်စုံခဲသလို မပြည့်စုံသေးတော့ ကိုယ်က အားကျနေရတဲ့သူတွေက ခပ်များများရယ်။ ပြီးတော့ ကိုယ်မပြည့်စုံတာ ကိုယ်သာ သိနေတော့ ကိုယ့်ကို မနာလို ၀န်တို ဖြစ်နေတဲ့သူတွေ ရှိမည်ဆိုပြီး ဘယ်တုန်းကမှ မထင်ထားဘူး။ ဒါဟာ စိတ်ထားပြည့်ဝလွန်းလို့ မဟုတ်ပါဘူး။ ကိုယ့်ဘာကိုယ် အလုပ်တွေ ရှုပ်နေပြီး ဒါမျိုးတွေ ခေါင်းထဲမှာကို မရှိတာပါ။ မနာလိုခဲ့ရင်လည်း ဒီလို မနာလို ဖြစ်တတ်တာကို ကိုယ်ချင်းစာပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်လည်း J ၀င်ဖူးတယ်။ ၀င်တာမှ ပြောင်းပြန်ကြီး ၀င်တာဆိုတော့ ပြန်ထုတ်ရခက်တယ်။ 

လူတွေမှာ မနာလို ဖြစ်တဲ့အခါ (ကျွန်တော့် ခံစားချက်အရ) နှစ်မျိုး ရှိတယ်။ ဘလိုင်းကြီး စိတ်ပုတ် စိတ်ယုတ်မာပြီး မနာလို ဖြစ်တာနဲ့ အလိုလို မနာလို ဖြစ်တာ။ ဥပမာ ကျွန်တော်က ငါလည်း Software တွေး ရေးတတ်ရဲ့သားနဲ့ ဘာလို့ Bill Gate လို မချမ်းသာရတာလည်း ဆိုပြီး Bill Gate ကို မြင်ရင် စိတ်တွေ ပုတ် စိတ်တွေယုတ် ဖြစ်တာ။ ဒါမျိုးက ဘလိုင်းကြီး မနာလို ဖြစ်တာ။ ဘယ်လိုလည်း ဆိုတော့ ကိုယ့်က Apple ဖြစ်နေတာကို ဟွန်း Orange ကတော့ သူ့အစိတ်လေးတွေနဲ့သူ ငါ့မှာတော့ တစ်ဆက်တည်း အခွံကလည်း သူလို ထူထူ ပွပွ မဟုတ်ဘူးဆိုပြီး ကိုယ်နဲ့ ဘယ်လိုမှ မတူနိုင်သူကို သူ့လို မဖြစ်ရကောင်းလား ဆိုပြီး မနာလို ဖြစ်တာ။ တကယ်တော့ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အတိတ်ချင်း မတူဘူး၊ အကျိုးပေးခြင်း မတူဘူး။ လက်ရှိအနေအထားခြင်း မတူဘူး။ အနာဂါတ်ခြင်း ဘယ်လိုလည်းမှ မတူနိုင်ဘူး။ မတူနိုင်လို အတူတူ မဖြစ်ရတာကို ဘာမှ မနာလိုနေစရာ မရှိပါဘူး။

“Did I say that? Then I lied” လို့ ပြောရမလို ဖြစ်နေပြီ။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးဆိုတာ အကျယ်သဘောမှာ ပြောတာပါ။ တိုင်းတာတဲ့ Scope ကို ချုံ့လိုက်ရင် Measuring Method ကို လျှော့လိုက်ရင် ပြောင်းလိုက်ရင်တော့ တူနေတဲ့နေရာတွေ တူနေရော။ အဲဒီမှာ J စ ၀င်တာပဲ။ ကျွန်တော် အရင် အလုပ်လုပ်တုန်းက အဲဒီ ကုမ္ပဏီက နိုင်ငံခြားကို ပို့ပေးတယ်။ ၀န်ထမ်းတိုင်းကို ပို့တာမဟုတ်ဘဲ အထက်က ရွေးချယ်ချင်သလို ရွေးချယ်ပြီး ပို့ပေးတာ။ အဲဒီတော့ ကိုယ်က အရွေးမခံရဘဲ တခြားသူကို ရွေးသွားရင် စတင် နှိုင်းယှဉ်ကြည့်ပြီး အရွေးခံရတဲ့သူနဲ့ ကိုယ်နဲ့ အတူတူ ဖြစ်နေရင် (ထင်နေရင်) မနာလိုတာ အလိုလို ဖြစ်လာတော့တာပဲ။ သူနဲ့ကိုယ်နဲ့က ဒီကုမ္ပဏီကို ၀င်တာကလည်း တစ်ရက်တည်း ဉာဏ်ရည်နဲ့ ကြိုးစားမှုမှာကလည်း ဘာမှ ကွာတာမဟုတ်။ (တကယ်တော့ သူက ကိုယ့်ထက် သာတွေ အချက်တွေ မတူတဲ့ အချက်တွေ ရှိလို့လည်း ဖြစ်မှာပေါ့) ဘာလို့ သူကျတော့ အရွေးခံရတာလည်းဆိုပြီး ကျွန်တော့်မှာ J တွေ အကောက်လိုက်ကြီးကို ပြောင်းပြန်ဝင်တာ။ သူကို့ မြင်တာနဲ့ မနာလို စိတ်တွေက အလိပ်လိုက် အလိပ်လိုက် တက်လာတယ်။ သူ့ကို မုန်းနေတာတော့လည်း မဟုတ်ပါဘူး။ သူ့ကို မြင်ရင် “လောကကြီးက မတရားဘူး” ဆိုပြီး အော်ချင်စိတ်တွေ ပေါ်ပေါ်လာတယ်။ ကိုယ့်ကိုတော့ မရွေးဘဲ သူ့ကိုတော့ ရွေးရကောင်းမလားဆိုပြီး ရွေးချယ်တဲ့ သူတွေကို အမုန်းကြီး မုန်းတာ။ အဲဒါတွေ ပေါင်းလိုက်တော့ သူနဲ့ ကိုယ်နဲ့ မျက်နှာချင်း ဆိုင်ရင် ကိုယ့်မှာတော့ မျက်နှာကြီး ပုတ်သိုးလို့ သူမှာတော့ ဘာမှ မသိတာလည်း ဖြစ်မည်။ ဒါမှမဟုတ် ကိုယ့်ကိုလည်း ကိုယ်ချင်းစာ သနားပေမယ့် “အေးကွား ငါ မင်းကို ကိုယ်ချင်းစာပါတယ်။ တစ်နေ့တော့ ဖြစ်လာမှာပေါ့။ ကြိုးစား” လို့ပြောလိုက်မှ ပိုဆိုးသွားမှာ စိုးလို့ နေရ ထိုင်ရတွေ ခက် ဖြစ်နေတာလည်း ဖြစ်မည်။

ဒီလို ကောက်ချက်ချ လွဲမှားမှုကြောင့် မနာလို ဖြစ်တာနဲ့ အသားလွတ် မနာလွတ် ဖြစ်တာ မတူပါဘူး။ အသားလွတ် မနာလို ဖြစ်တာက ပိုဆိုးတယ် ဆိုပေမည့် စိတ်ထဲမှာ နည်းနည်း သက်သာပါတယ်။ ဟင်း.. ဒီကောင် ကြီးပွားနေတာများ .. ဆိုပြီး နည်းနည်းလောက် မြည်တွန် တောက်တီးလိုက်ရုံပဲ။ မကျေနပ်လို့ သူ့ကို ကွယ်ရာမှာ ဆဲလိုဆဲ ကျိန်လို ကျိန်။ လုပ်ယူပြီး မနာလို ဖြစ်တာ ဆိုတော့ စိတ်ထဲမှာ သိပ်မပါလှဘူး။ စိတ်ထဲမှာ သိပ်မနာလှဘူး၊ ကောက်ချက်ချ လွဲမှားမှုကြောင့် မနာလို ဖြစ်ရတာကတော့ ကုစားရ ခက်ပါတယ်။ အခြေအနေ အတူတူ ဖြစ်ပါလျက် အကျိုးပေး အတူတူ မဖြစ်ရလေလားဆိုပြီး တွေးလေ နာလေ ဖြစ်ရတာပါ။ ပြေခဲ ပျောက်ခဲပါတယ်။ ရင်ထဲမှာ အတော်အောင့်ပြီး အကုသိုလ် အတော်များပါတယ်။

အပေါ့စား မနာလို ဖြစ်တာကနေ အပြင်စား မနာလို ဖြစ်တာကို ဘယ်အခါမှာ ကူးပြောင်းသွားတတ်သလဲ ဆိုတော့ သူနဲ့ ကိုယ်နဲ့ နှိုင်းယှဉ် တိုင်းတာတဲ့ နေရမှာ အခြေအနေ အတူတူ ထင်ပြီး အကျိုးပေးကိုလည်း အတူတူ ဖြစ်ချင်တဲ့ အခါမှာပါ။ တိုင်းတာမှုတွေက ဘယ်အခါမှာ မှားတတ်သလဲဆိုတော့ မရင့်ကျက်သေးရင် မှားတတ်တာပဲ။ မနာလို ဖြစ်တယ် ဆိုတာ တစ်ယောက်နဲ တစ်ယောက် နှိုင်းယှဉ်ရင်း ဖြစ်တာပါ။ ကိုယ်နဲ့ သူရဲ့ ဘ၀ပေး အခြေအနေ၊ လက်ရှိ အခြေအနေကို မတိုင်းတာဘဲ အကျိုးပေးချည်းပဲ တိုင်းတာရင် မနာလို ပိုဖြစ်လွယ်ပါတယ်။ အခြေအနေကို တိုင်းတာတဲ့ အခါမှာလည်း တိုင်းတာတဲ့ စကေးက ကျယ်ပြန့်ရင် မနာလို ပိုဖြစ်လွယ်တယ်။ အကျယ်ပြန့်ဆုံးနဲ့ အသုံးအများဆုံး ကတော့ ငါလည်း ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်တဲ့ လူပဲ သူက ဘာမို့လို့ ငါထက် ပိုသာနေရမှာလည်း ဆိုတာပါပဲ။

ကိုယ်က သူတစ်ပါးကို မနာလို ဖြစ်လာတဲ့ အခါ မနာလိုစိတ်တွေကို ပျောက်အောင် ဘယ်လို လုပ်မလဲ ဆိုတော့ အရိုးရှင်းဆုံး နည်းလမ်းကတော့ မနှိုင်းယှဉ်ပါနဲ့။ ဒါက ပြောတာသာ လွယ်ပေမယ့် မျက်စိရှေ့မှာ ဖြစ်နေတာ လူဆိုတာက နှိုင်းယှဉ်တတ်တဲ့ သတ္တ၀ါ၊ လူဦးနှောက် အလုပ်လုပ်ပုံက နှိုင်းယှဉ်တတ်တာ ဆိုတော့ မနှိုင်းယှဉ်ဘဲနဲ့ ဘယ်လိုမှတော့ နေနိုင်မှာ မဟုတ်ဘူး။ စိတ်ထား အရမ်း ပြည့်ဝမှသာ ဒီလို နေတတ်မှာ။ အဲဒီတော့ နှိုင်းယှဉ်မယ်ဆိုလည်း တူတာတွေပဲ နှိုင်းယှဉ်မနေဘဲ မတူတဲ့ အချက်ကို ရှာကြည့်ရမှာပါ။ ဒါမှ သူ ကိုယ့်ထက် သာနေရခြင်း လျှို့ဝှက်ချက်ကို သူ မပြောဘဲ တွေ့မှာပါ။

ဒီအချက်ကို ဘယ်လိုမှ မရှာနိုင်တော့ရင် လမ်းကြောင်း အသစ်ပြောင်းပေါ့။ IT ထုတ်ကုန်လောကမှာ အလွယ်ပေးတဲ့ ဥပမာ တစ်ခု ရှိပါတယ်။ ကိုယ်က သူ့ကို Desktop Computer ထုတ်တဲ့ နေရာမှာ မပြိုင်နိုင်ဘူး ဆိုရင် Laptop ထုတ်။ Laptop ထုတ်တဲ့ နေရာမှာ မယှဉ်သာရင် Nettop ထုတ်။ ဒီလိုနဲ့ပဲ ပေါက်သွားတာတွေက အများကြီးပဲ။ လမ်းကြောင်း အသစ်ဆိုပေမယ့် နယ်ပယ် အသစ်ဖြစ်စရာတော့ မလိုပါဘူး။ ဒီလို ဆိုရင် သူနဲ့ ကိုယ်နဲ့ ယှဉ်ပြိုင် စရာလည်း မဟုတ်တော့ဘူး ခိုင်းနှိုင်းစရာလည်း မဖြစ်တော့ဘူး။

မနာလို ဖြစ်မှ အကုသိုလ်များတာ စိတ်ဖိစီးတာ မဟုတ်ပါဘူး။မနာလို ဖြစ်ခံရတယ် ထင်နေရင်လည်း စိတ်ဖိစီးမှု အတော်အတန် ရှိပါတယ်။ ဒီလို ထင်တာလည်း (ကျွန်တော့် ခံစားချက်နဲ့ဆို) နှစ်မျိုး ရှိပါတယ်။ စိတ်မလုံလို့ မနာလို ဖြစ်ခံရတယ်ထင်တာရယ်၊ ကိုယ့်ကိုယ်ကို အဟုတ်မှတ်နေလို့ ဟင်းဟင်း ငါ့ကို မနာလို ဖြစ်နေတဲ့ သူတွေ များနေပြီ ဆိုပြီး ထင်နေတာရယ်ပါ။ ဒုတိယမျိုးကတော့ ဘလိုင်းကြီး ဖြစ်တာ ဆိုတော့ စိတ်ထဲမှာ သိပ်မနာကျင်လှပါဘူး။ ပထမမျိုးကတော့ နေရထိုင်ရ ခက်လှပါတယ်။ အဲဒါကြောင် မနာလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဆိုပြီး မေတ္တာပို့ကြတာ။

ရေးရင်း ရေးရင်းနဲ့ လမ်းတောင် ချော်တော့မည်။ တကယ် ရေးချင်တာကတော့ ကျွန်တော်တို့ မိသားစု ဘလော့ဟာ ရေပြင်ပေါ်က ငန်းကို ကြည့်ရသလိုပါပဲ။ ဘလော့ပေါ်မှာတော့ တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရပါပဲ။တကယ် ဒီက မိသားစုကတော့ အတွင်းမှာ ခြေနှစ်ချောင်းကို မရပ်မနား ယက်ကန်နေရပါတယ်။ ရုန်းကန်နေရပါတယ်ဆိုတဲ့ အမှန်တရားကို ပြောပြချင်တာပါ။ ဘလော့ကို ဖတ်ပြီး အပန်းပြေ အပျင်းပြေရင်ပဲ ကျေနပ်လှပါပြီ။ အားကျတာ မနာလိုတာကတော့  ပုဂ္ဂလိက ခံစားချက်ပဲလေ။

“တွေ့သူတိုင်းကို စိတ်လက်ချမ်းသာ ရှိစေချင်တာ ကိုယ့်စေတနာပါ။ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်သားစေချင်တာ ကိုယ့်ဆန္ဒပါ” 
ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ထဲက စာသားမျိုးကို သတိရတယ်။ ။

Wednesday, November 12, 2008

Wuzzles

Wuzzle (Word + Puzzle)ဆိုတာ စကားလုံးတွေနဲ့ ပဟေဋိ ဖွက်ထားတာပါ။ များသောအားဖြင့်တော့ လူသုံးများ စကား (Phrase) တွေ၊ လူသိများတဲ့ နေရာတွေ ကို ဖွက်ထားပါတယ်။ ဒီ Wuzzle ကို စတွေ့ဖူးတာ သင်တန်း တစ်ခု တက်ရတုန်းကပါ။ သင်တန်း ပေးနေတုန်း ၁-၂ နာရီခြား တစ်ခါ Break မလုပ်ခင်မှာ ဆလိုက်ထိုးပြီး ဖြေရတာ။ သင်တန်းမှာ မငြီးငွေ့ရအောင် လုပ်ပေးတယ်။ စိတ်ဝင်စားဖို့ ကောင်းပြီး အများနဲ့ အလုအယက် ဖြေရတာ ပျော်စရာကောင်းပါတယ်။ အဲဒီနောက်ပိုင်းမှာ Wuzzle တွေကို လိုချင်လို့ ပြန်ရှာတာ မရတော့ဘဲ အခုတလောမှ ရှာတွေ့ထားလို့ တစ်နေရာတည်းမှာ စုထားလိုက်တယ်။

Wuzzle ရဲ့ သဘောကို နမူနာ အနေနဲ့ ရှင်းပြရရင်
စာလုံးတွေရဲ့ အရေအတွက်ကို ကြည့်ပြီး ဖြေရတာမျိုးက ဒီလိုမျိုး..

ဒီပဟေဋိ အတွက် အဖြေကတော့ “That's too bad” ဒါမှမဟုတ် “Too Bad” ဖြစ်ပါတယ်။ Two Bad ပေါ့။ ဒါလေးလည်း စမ်းဖြေကြည့်ပါဦး။

စာလုံးတွေရဲ့ အနေအထား အထားအသိုကို ကြည့်ပြီး ဖြေရတာမျိုး
အဖြေကတော့ “The stakes are high” ဖြစ်ပါတယ်။ ဒါကိုလည်း ဖြေကြည့်ပါဦး

စာလုံးတွေရဲ့ အရွယ်အစားကို ကြည့်ဖြေရတာမျိုး
အဖြေကတော့ “Jumbo Jet” ပါ။ သူလိုမျိုး နောက်တစ်ခုက
၎-၅-၁၀ ခု ဖြေပြီးတဲ့ အချိန်မှာတော့ သဘောပေါက်သွားပြီး အထာနပ်သွားရင် ကျန်တာတွေ ဖြေနိုင်လာပါတယ်။


ဟောဒီမှာ အပေါ်ကလိုမျိုး Wuzzle အခု ၂၀၀ လောက်ကို တစ်နေရာတည်းမှာ စုထားပါတယ်။ Download လုပ်ပြီး Print ထုတ်။ မိသားစုနဲ့ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အပြိုင် ဖြေကြည့်ရင် ပျော်စရာကောင်းပါတယ်။ အဖြေတွေကို နောက်ဆုံး စာမျက်နှာမှာ ထည့်ပေးထားပါတယ်။ အရင်တော့ ချောင်းမကြည့်နဲ့ပေါ့။

Tuesday, November 11, 2008

Real in Real Estate

“Mortgage” ဆိုတဲ့ စကားလုံးကို စာစောင် တစ်ခုမှာ ရှင်းထားတာ တွေ့လို့ ဒီဘလော့ရဲ့ Side Blog မှာ Pownce သုံးပြီး ကူးတင်ထားပါတယ်။

“Mortgage” comes from old French and means “dead pledge” because the deal dies either when the debt is paid or when payment fails.
ကိုကျော်ကြီး (Kyaw Gyi / K Sanchaung) ဆိုတဲ့ စာဖတ်သူ တစ်ဦးက အကျယ်တ၀င့် ပြန်ရှင်းထားလို့ ဘလော့မှာ ပြန်တင်လိုက်ပါတယ်။ ဗဟုသုတ ရတဲ့ အတွက် ကိုကျော်ကြီးကို ကျေးဇူး အထူးတင်ပါတယ်။
Actually, the definition of the word "mortgage" is "an agreement until death".
In case, you have to learn the origin of the words "real estate" and popular financial vehicle called "derivatives".

A simple definition of "derivatives" is "something that comes from something else". An example of a derivative is orange juice. Orange juice is a derivative of an orange.Then, we used to think that real estate meant "real" or something that was tangible.
But it really comes from the Spanish word real which means "royal".Popular football team "Real Madrid" means "Royal Madrid" and real estate means royal estate.
Once the Agrarian Age come to an end and the Industrial Age began around 1500, the power was no longer based on the land and agriculture. The monarchs realized they had to change in response to the land-reforms acts that allowed peasants to own the land. Then the royalty created derivatives. Derivatives such as "taxes" on land ownership and "mortgages" as a way of allowing the commoners to finance their land. Taxes and mortgages are derivatives because they are derived from the land. Your banker would not call the mortgage a derivative; they would say it is "secured" by the land.. different words, similar meanings. So once the royalty realized that money was no longer in the land but in the derivatives came from the land, the monarchs set up banks to handle the increased business.
Today, land is still called "real estate" because no matter how much you pay for it, it never really belongs to you. It still belongs to the "royals".
from the book "Cashflow Quadrant" by Robert Kiyosaki

Sunday, November 09, 2008

Happy Anniversary

နိုဝင်ဘာလ ၉ ရက်နေ့တွေဟာ ကျွန်တော်တို့ ၂ ယောက် အတွက် Official Anniversary ပါပဲ။ လွန်ခဲ့တဲ့ ၄ နှစ်က ကျွန်တော်တို့ ၂ ယောက် နှစ်ဘက် မိဘတွေနဲ့ တရားရုံးမှာ လက်မှတ်ထိုးခဲ့ကြတယ်။ နှစ်ပတ်လည် အမှတ်တရအနေနဲ့ ကျွန်တော်တို့ ၂ ယောက် အပြန်အလှန် ပေးခဲ့ကြတဲ့ Post Card လေးတွေရယ် ပေးခဲ့တဲ့ သီချင်းရယ် ပေါင်းပြီး ဒီ Clip လေးကို လုပ်လိုက်ပါတယ်။

Happy Anniversary!





Tuesday, November 04, 2008

ဌာပနာရသော စားစရာများ

စမူဆာ၊ ပေါက်စီ၊ ဖက်ထုပ်၊ အာလူး ကတ်တလိပ်ကဲ့သို့ ဌာပနာရသော စားစရာများထဲမှ လောလောဆယ် တရုတ်စာ ၂ မျိုး၊ ကုလားစာ ၂ မျိုးကို ဝေမျှလိုက်ပါတယ်။ ဒါမှ တစ်မျိုးမဟုတ် တစ်မျိုးကို ကြိုက်တဲ့သူ ရှိနိုင်မှာ။ ဒီလို အစားအစာတွေကတော့ သူမက စိတ်ရှည်ရှည် လုပ်ပေးလို့ စားဖြစ်တာပါ။ ကျွန်တော်ကတော့ ဒါမျိုးတွေမှာတော့ စိတ်မရှည်ချင်ပါဘူး။

စမူဆာ
မကေက စမူဆာလုပ်စားပြီး Recipe ပေးလို့ နည်းနည်း Customise လုပ်ပြီး ကြော်စားကြတယ်။ မကေရဲ့ Recipe က ``ကိုအန်ဒီနဲ့သူမ အတွက်.. ရှယ် Recipe လေး.. ဘလော့ နောက်ကနေ.. တိတ်၂ လေး ပေးလိုက်တယ်.. ( ဘယ်သူ့မှတော့ မပြောနဲ့-ဒါ.. အိန္ဒိယ မြောက်ပိုင်း က..Great Great grand Mother Recipe နော်-း) အားလူးကို ပြုတ်..ချေ ထား။ ကြက်သွန်နီ ဆီသပ် ဆနွင်း ထဲ့.. ကြက်သားထဲ့.. ပြီးမှ.. Cummin အမှုန့်လေး.. တဇွန်းလေး ထဲ့.. ငံပြာရည် နဲနဲ ထဲ့.. အိုကေ.. မွှေး.ပြီး.. ကျက်ရင်- အားလူကြေထဲ ရော မွှေ..။ ဒါပဲ- ကော်ပြန့်ရွက်မှာ ခေါက်တာလေးပဲ။ ကျမကတော့.. ပုံမှန် လေးထောင့် အရွက်ကြီးကို.. ၃ပိုင်း အရှည် ရအောင် ကပ်ကြေးနဲ့ကိုက် လိုက်တယ်။´´ကျေးဇူး မကေ။

ကျွန်တော်တို့ အရင်လုပ်စားတုန်း လက်ဘက်ရည်ဆိုင်တွေက ကြော်သလို အာလူးကို အတုံးလေးတွေ လှီးထားပြီး ကြော်တာ။ နောက်တော့ မကေ ပြောသလို အာလူးကို ပြုတ်ထားပြီးမှ ရောကြော်တာ။ ဘာကွာသလဲဆိုတော့ အတုံးလေးတွေက ဖက်နဲ့ထုပ်တဲ့ အခါကျတော့ နေရာ အနှံ့ မရောက်ဘူး ဖြစ်တယ်။ ကြော်လိုက်တဲ့ အခါကျတော့လည်း အတုံးလေးတွေက နည်းနည်း ခြောက်တယ်။ အာလူးကို ပြုတ်ပြီး ချေထားတာက အပြည့်အသိပ် နေရာလွတ် မကျန်အောင် ထည့်လို့ရပြီး စမူဆာကို စားရတဲ့ အခါ ပိုကောင်းတယ်။ စီးပွားရေး အရဆိုရင်တော့ အစာ ပိုကုန်ပေမယ့် အိမ်မှာ လုပ်စားတာ ဆိုတော့ ပြုတ်ထားတာက ပိုကောင်းတယ်။ တကယ်တော့ ကျွန်တော်တို့က အာလူးကို ပြုတ်တာ မဟုတ်ပါဘူး။ အခွံမခွာဘဲ Microwave ထဲထည့်ပြီး ၅ မိနစ်ကြာရင် တစ်ဘက်လှည့်ပြီး နောက် ၅ မိနစ် ထပ်ဖုတ်တာပါ။ ပြုတ်သလိုပါပဲ။ အနည်းငယ် ခြောက်တာ တစ်ခုပါပဲ။

အရင်တုန်းက စမူဆာ လုပ်စားရင် အသား မထည့်ဖြစ်ဘူး။ လူက အပေါစားတွေ စားပြီး အပေါစားတွေနဲ့ အရိုး စွဲနေပြီ။ အခုတော့ ကြက်ရင်ပုံသားကို အတုန်းသေးသေးလေးတွေ လှီး ဆား၊ နနွင်းနဲ့ အရင် ကြော်လိုက်တယ်။ ကြက်သားတွေ ကျက်သွားမှ ကြက်သွန်နီ လေးထောင့်တုန်းလေးတွေ လှီးထားတာ ထည့်ကြော်လိုက်ပါတယ်။ ကြက်သွန်နီတွေ ပျော်မသွားအောင် ကြက်သားကျက်မှ ထည့်တာပါ။ ခဏလေး နေတာနဲ့ အာလူးပြုတ်ပြီး ချေထားတာတွေ ထည့်လိုက်တယ်။ ကျွန်တော်က ဟင်းသီးဟင်းရွက်လည်း ကြိုက်တော့ သူမကို ပဲသီးစိမ်းလုံး ထည့်ဖို့ ကြိုပြောထားတယ်။ ပဲသီးစိမ်းပါတော့ စားရတာ ခြောက်ခြောက်ကပ်ကပ် မဖြစ်တော့ဘူး။ ဇီရာမှုန့် (Cumin) အနည်းငယ်ထည့်၊ ပူတီနံကို လှီးထားပြီး ထည့်၊ မဆလာများများ၊ ဆားနည်းနည်းထည့်ပြီး နည်းနည်း ကြော်လိုက်တယ်။ ဒါတွေ မပါရင် စမူဆာက မွှေးမှာ မဟုတ်ပါဘူး။ ဆီသပ်ကတည်းက ငရုတ်သီးမှုန့် နည်းနည်းလေး ပါတယ် ဆိုရုံ ထည့်လည်း ရပါတယ်။ အားလုံး ကျက်တော့ အအေးခံထားတယ်။

ဖက်အတွက် ကော်ပြန့်ရွက် အကြီးကို အရှည်လိုက် ၃ ပိုင်းပိုင်းလိုက်တယ်။ လေးထောင့် ရှည်ရှည် ဖတ်ကို တစ်ဖက်ပိတ် ကန်တော့ပုံရအောင် ခေါက်လိုက်တယ်။ အစာတွေကို နေရာအနှံ ၀င်အောင် သွပ်ပြီး ပိုနေတဲ့ အနားတစ်ဖက်ကို ပြန်ခေါက်ပြီး ပိတ်လိုက်ပါတယ်။ ခေါက်နည်းကို မလုလုဆီကနေ ရတာပါ။ ဒီမှာ ပုံနဲ့ တကွ ကြည့်လို့ ရပါတယ်။ ပြီးတော့ ဆီများများထဲမှာ ကြော်လိုက်ပြီး ဆယ်တဲ့အခါ မီးဖိုချောင်သုံး တစ်ရှူးအထူ ခင်းထားတဲ့ ဗန်းထဲထည့်ပြီး ဆီစုပ်လိုက်ပါတယ်။ ဆိုင်တွေမှာလိုတော့ သတင်းစာ မသုံးသင့်ပါဘူး။ သတင်းစာက ခဲတွေက အစားအသောက်ထဲ ပါသွားမှာ စိုးလို့ပါ။ အချဉ်အတွက်တော့ မန်ကျည်းရည်နဲ့ Garlic Chili ငရုတ်ဆီကို ရောမွှေပြီး အလွယ် ဖျော်လိုက်နိုင်ပါတယ်။ စမူဆာက ကြည့်ရင်သာ ဘာမှ မဟုတ်တာ။ ဒီလို ကြော်ဖို့ နွှာ၊ လှီး၊ ပြုတ်၊ ကြော်၊ ထုပ်၊ ပြန်ကြော်ဖို့ အချိန်တော့ ၁ နာရီ ကျော်ကျော် ကြာနိုင်ပါတယ်။ စားတဲ့ အခါမှာတော့ ၁၀ မိနစ် ၁၅ မိနစ်အတွင်းမှာ ကုန်သွားနိုင်ပါတယ်။

အာလူး ကက်တလိပ်
အာလူး ကက်တလပ်အတွက်တော့ အာလူးကို ပြုတ်မှ ဖြစ်မှာပါ။ အထက်က ပြောထားသလို Microwave ထဲ ထည့်လို့ မရပါဘူး။ ပြုတ်မှ စီးမှမို့ အာလူးကို ပြုတ်ပါတယ်။ အခွံခွာပြီး ထောင်းရပါတယ်။ ထောင်းတဲ့ အခါ ပြောင်းကော်မှုန့် (ဒါမှမဟုတ်) ကောက်ညှင်းမှုန့် နည်းနည်း၊ ဆားသင့်ရုံ ထည့်ပြီး စီးသွားတဲ့ အထိ ထောင်းပါတယ်။ ဆီးသွားတဲ့ အထိတော့ မထောင်းပါနဲ့ ဟင်းတွေ ပိုငန်ကုန်ပါမယ်။ ပြောင်းကော်မှုန့်ပါမှ အာလူးအသားက စီးစီးတွဲတွဲလေးနဲ့ စားလို့ ကောင်းတာပါ။

အစာအတွက် အမဲသားဖြစ်ဖြစ်၊ ကြက်သားဖြစ်ဖြစ် အကြေ ဒါမှမဟုတ် အတုံး သေးသေးလေးတွေကို ကြက်သွန်နီ လေးတောင့်တုံးရယ်၊ မုန်လာဥနီ ခြစ်ထားတာရယ် ရောကြော်ပါတယ်။ ဆားသင့်ရုံ၊ မဆလာနည်းနည်း ထည့်ပါတယ်။
အာလူးထောင်းထဲက ပင်ပေါင်ဘောလုံးလောက် ၂ လုံး ယူလိုက်ပါတယ်။ တစ်လုံးကို ပြားပြီး ခွက်ကလေး လုပ်ပြီး အစာတွေကို လက်ဘက်ရည် တစ်ဇွန်းစာ မောက်မောက် ထည့်လိုက်ပါတယ်။ အာလူး နောက်တစ်လုံးကို ပြားလိုက်ပြီး အုပ်ပြီး ကြည့်ကောင်းအောင် ပိတ်လိုက်ပါတယ်။ ပြောင်းမှုန့် အနည်းငယ်ကိုလည်း အနားမှာ အသင့် ရှိပါစေ။ အာလူးကို ကိုင်ရတာ ပိုအဆင်ပြေပါတယ်။ လုံအောင် ပိတ်ပြီး ဆီ တ၀က်စာ ဖုံးလောက်ထည့်ပြီး မီးနွေးနွေးနဲ့ ကြော်ပါတယ်။ တစ်ဖက်ကို ကြွပ်အောင် စောင့်ပြီးမှ နောက်တစ်ဖက်ကို လှန်ပေးပါ။ နို့မဟုတ်ရင် ကြေသွားနိုင်ပါတယ်။ နှစ်ဖက်စလုံး ကြွပ်ရင်တော့ ဆယ်ပြီး တစ်ရှူးပေပါနဲ့ ဆီစုပ်ထားပါတယ်။

ဖက်ထုပ်ပြုတ်ကြော်
ဖက်ထုပ်ကိုတော့ ပြုတ်ကြော် လုပ်စားပါတယ်။ ဆီနဲ့ ကြွပ်ကြွပ် ကြော်တာထက်စာရင် ပြုတ်ကြော်က အနည်းငယ်တော့ ကျန်းမာရေးအတွက် ပိုကောင်းနိုင်တယ် ဆိုတာထက် ပြုတ်ကြော်ကို ပိုကြိုက်လိုပါ။

အစာအတွက် ၀က်သားအကြေ ၂၅၀ ဂရမ်ကို ကျူးဆိုင် ၁ စည်း (ခပ်များများ - ဆတူနီးပါး)၊ ဆားသင့်ရုံ၊ ငရုတ်ကောင်း အမည်း များများ၊ ပဲငန်ပြာရည် အကျဲ အနည်းငယ်၊ နှမ်းဆီအနည်းငယ်၊ သကြား အနည်းငယ်နဲ့ သမအောင် မွှေလိုက်ပါတယ်။

ပြီးတော့ ဖက်ထုပ်ဖက်ထဲကို အစာ များများထည့်ပြီး ထိပ်တွေကို ရေဆွတ်ပြီး ပိတ်လိုက်ပါတယ်။ လက်ထိပ်လေးတွေနဲ့ လိုက်ဖိပါတယ်။ ဖက်ထုပ်တွေက ဗိုက်ဖောင်းဖောင်းလေးတွေ ဖြစ်နေရင် ပိုကောင်းပါတယ်။ ဆီနည်းနည်း ထည့်ထားတဲ့ ဒယ်အိုးထဲမှာ စီထည့်ပြီး ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါတယ်။ ၂ရေ ၃ရေလောက် ထပ်ထည့်ပေးရပါတယ်။ ကျက်ခါနီးမှ အောက်ခြေတွေကို အရောင်သန်းလာတဲ့ အထိစောင့်ပြီး ကြော်ပါတယ်။ လှန်ပေးစရာ မလိုပါဘူး။ အောက်ခြေတွေ လိုသလောက်လည်း ရပြီဆိုရင်တော့ သတိထား ဆယ်လို့ ရပါပြီ။
အချဉ်အတွက်တော့ ဂျင်းအမျှင်လေးတွေရယ်၊ ပဲငန်ပြာရည် အကြည်ရယ်၊ သံပုရာသီးရယ်နဲ့ လုပ်လို့ ရပါတယ်။ ရယ်ဒီမိတ်လည်း ရှိပါတယ်။

ပေါက်စီ
ပေါက်စီအတွက်ကတော့ အရေးကြီးတာ ဂျုံမှုန့်ပါ။ ပထမ ကိုယ့်ဘာကိုယ် တစ်ခေါက်လုပ်စားတာ ဂျုံမှုန့်တွေက ကောင်းကောင်းမပွလို့ ပေါက်စီ အသားက နည်းနည်း ကျစ်သွားပါတယ်။ နောက်ပိုင်းတွေ လုပ်စားတော့ ရယ်ဒီမိတ် ဂျုံမှုန့်နဲ့ လုပ်စားတာ အဆင်ပြေပါတယ်။ ကိုယ့်ဘာကိုယ် လုပ်စားချင်ရင်တော့ ဦးကြီးပုရဲ့ နည်းကို ရှဲလိုက်ပါတယ်။ သူပြောတဲ့ အတိုင်း အတိအကျလုပ်ပြီး ကြာကြာ ဖောက်ထားမှ ကောင်းမယ်ပုံပါ။ ကျွန်တော်တို့က အချိန်မပေးလိုက်တော့ ကျစ်သွားပါတယ်။

`ဂျုံမှုန့် (၅၀ သား) ကို ဘေကင်ဆော်ဒါ (လက်ဘက်ရည် ဇွန်း ၂ ဇွန်း) နဲ့ ရောစပ်၍ သမသွားအောင် စကာနဲ့ အထပ်ထပ် ချပါ။ ခေါက်ပြီး ဘဲဥ၊ ကြက်ဥ (၆လုံး) တို့နှင့် ဂျုံအလျဉ်တို့ကို ရောနယ်ပါ။ နွားနို့ ထည့်နယ်ပါ။ နယ်သားကျသွားသောအခါ ပိတ်ပါးကို ရေဆွတ်၍ ခေတ္တ အုပ်ထားပါ။´ တဲ့။ ကျွန်တော်တို့က ဘေကင်ဆော်ဒါ ထည့်တာ နည်းပြီး အုပ်တာ နာရီဝက်လောက်ပဲ ဆိုတော့ မုန့်က မပွဘူး ဖြစ်သွားတယ်။ ဘေကင်ဆော်ဒါများများ ထည့်ပြီး ၂ နာရီလောက် နှပ်ထားရင်တော့ ကောင်းမှာပါ။ နောက်တော့ ဆိုင်က ၀ယ်လာတဲ့ ရယ်ဒီမိတ် ဂျုံမှုန့်နဲ့ဆိုတော့ ကောင်းကောင်း ပွပါတယ်။ ဂျုံမှုန့်ကို ရေအေးနဲ့ နယ်ပြီး ၁ နာရီလောက် ထားပါတယ်။

အစာအတွက် ၀က်သားအကြေ ၂၅၀ ဂရမ်ကို ကြက်သွန်ဥနီကို လေးထောင့်တုံး လှီးထားတာရယ်၊ ကြက်သွန်ဖြူ သေးသေးနုပ်နုပ်လှီးထားတာရယ်၊ ဆားသင့်ရုံ ငရုတ်ကောင်းများများ၊ သကြား လက်ဘက်ရည်ဇွန်း တစ်ဇွန်း၊ ပဲငန်ပြာရည် အကြည်နည်းနည်း၊ ထည့်ပြီး နယ်ပါတယ်။ ဘဲဥ အငန် မရှိတော့ ကြက်ဥပြုတ် ထည့်ပါတယ်။ ၀က်အူချောင်းကို ပါးပါးလှီးပြီး ထည့်ပါတယ်။
ဌာပနာဖို့ ဂျုံသား ခပ်ကြီးကြီး ယူပြီး ခွက်လုပ်ထည့်ပြီး ဘေးသားတွေကို အပေါ်ကို စုယူပြီ လိမ်လိုက်ပါတယ်။

ပေါင်းချောင်ထဲကို  ခပ်ချောင်ချောင် ထည့်ပါတယ်။ မုန့်သားက ပွလာမှဆိုတော့ နေရာ ပေးထားရပါတယ်။ ပေါင်းတဲ့ အခါ ရေနွေးကို ဆူအောင် လုပ်ပြီးမှ ပေါင်းချောင်ကို ဆင့်ပါတယ်။ ရေနွေးထဲကို Vinegar တစ်ဇွန်းလောက် ထည့်ပေါင်းရင် ဂျုံသားဖြူပါတယ်။ နာရီဝက်လောက် ပေါင်းရပါတယ်။ ပေါင်းနေချိန်မှာ ဖွင့်မကြည့်ရပါဘူး။ အချိန်တန်ရင်တော့ ပေါက်ဆီပွပွတွေ ရပါပြီ။ ငရုတ်ဆီနဲ့ ဆိုရင် လိုက်ဖက်ပါတယ်။ လာရှိုး ၇လွှာ ပေါက်ဆီလောက်တော့ အသားမပွပေမယ့် သူ့လို ငရုတ်သီးကြော်နဲ့ စားလည်း ကောင်းပါတယ်။

Sunday, November 02, 2008

စားသောက်ကုန်ပေါ်မှ အမှတ်အသားများ

သြစတြေးလျဟာ တိုးတက်တဲ့ နိုင်ငံ ဖြစ်တဲ့ အပြင် အရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံ တစ်ခုပါ။ အဲဒါကြောင့် စားသောက်ကုန်ကနေ မော်တော်ယဉ်တွေ အထိ နိုင်ငံတွင်းမှာပဲ စိုက်ပျိုး ထုတ်လုပ်ပါတယ်။ သွင်းကုန် ပစ္စည်းတွေထက် နိုင်ငံတွင်းက ထွက်တဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ၀ယ်ယူ အသုံးပြုဖို့လည်း အားပေး တိုက်တွန်းသလို အခွန် တင်းကြပ်ခြင်းလိုမျိုးတွေ လုပ်ထားပြီး သွင်းကုန် တချို့ကို ဟန့်တားထားပါတယ်။ ဒီအတွက် စားသုံးသူတွေ အနေနဲ့ ရွေးချယ်ခွင့် နည်းတဲ့ အခက်အခဲလိုမျိုးတွေ ရှိနိုင်သလို တစ်ဖက်ကလည်း တိုင်းပြည်အတွက် အပိုဝင်ငွေတွေ ပြနိုင်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက အမေရိကန် ကျင့်သုံးခဲ့သလို စားသုံးသူ အလျှံပယ် ရှိတဲ့ အတွက် ကိုယ့်နိုင်ငံအတွင်း သုံးဖို့ ကိုယ်ထုတ် ကျန်တာ ထုတ်ရောင်း စနစ်နဲ့ အနည်းငယ်တော့ ဆင်နေပါတယ်။ အခုတော့ အမေရိကားဟာ အသေးစား ပစ္စည်းတွေ အားလုံးကို ကမ္ဘာ စက်ရုံကြီး ဖြစ်တဲ့ တရုတ်ကနေပဲ တင်သွင်းပြီး ကွန်ပြူတာ ဆော့ဖ်ဝဲလို၊ လေယဉ်ပျံလို၊ စစ်သုံး အဆင်မြင့် ပစ္စည်းတွေလို နည်းပညာ ထုတ်ကုန်တွေ အသားပေး ထုတ်လုပ်တဲ့ နိုင်ငံ အဖြစ် ရပ်တည်နေပါတယ်။ သြစတြေးလျက ဒီနေရာမှာတော့ အမေရိကားကို မမီသေးပေမယ့် အရည်အသွေး ညံ့ဖျင်းလာပြီး အသက် အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့ တရုတ် ထုတ်ကုန်တွေထက် ပြည်တွင်း ထုတ်ကုန်တွေကို သုံးရတာ စိတ်ချမ်းသာပါတယ်။ အရည်အသွေး အဖက်ဖက်က စိတ်ချရတဲ့ အတွက် ပြည်တွင်း ထုတ်ကုန်တွေမှာ `သြစတြေးလျတွင် ထုတ်လုပ်သည်။ စိုက်ပျိုးသည်´ ဆိုတာကို သိသာထင်ရှားစွာ ပြထားပြီး ထုတ်ကုန် ပစ္စည်းတွေကို Promote လုပ်ပါတယ်။ သြစတြေးလျမှာ ထုတ်လုပ်တိုင်းတော့ ဒီ Logo ကို သုံးခွင့် ရှိတာမဟုတ်ပါဘူး။ အရည်အသွေး ပြည့်မီမှသာ ဒီ Logo တွေကို သုံးနိုင်တာပါ။

Product of Australia

ပါဝင် ပစ္စည်းအားလုံး ဒါမှမဟုတ် အဓိက ပါဝင် ပစ္စည်းကို သြစတြေးလျက ရရှိတာ ဖြစ်ပြီး ထုတ်လုပ်မှုကိုလည်း သြစတြေးလျမှာပဲ လုပ်ပါတယ်။


Australia Made

သြစတြေးလျမှာ အသွင်ပြောင်း ထုတ်လုပ်ထားသော ပစ္စည်းပါ။ အဆိုပါ ပစ္စည်းကို ထုတ်လုပ်မှု စားရိတ်ရဲ့ အနည်းဆုံး ၅၀%ကို သြစတြေးလျမှ ကျသင့်စေပါတယ်။ နိုင်ငံ ရပ်ခြားမှ တင်သွင်းလာတဲ့ ပစ္စည်းတွေကို အသုံးပြုထားပါတယ်။


Australia Grown
အဓိက ပါဝင်ပစ္စည်းတွေကို သြစတြေးလျမှာ စိုက်ပျိုးပါတယ်။ ထုတ်လုပ် ထုပ်ပိုးမှုတွေကိုလည်း သြစတြေးလျမှာပဲ လုပ်ပါတယ်။ လတ်လတ်ဆတ်ဆတ် သီးနှံတွေ သာမက ရေခဲရိုက်ထားတဲ့ စည်သွပ်ထားတဲ့ သီးနှံတွေ၊ အစေ့အနှံတွေ၊ ဥတွေ၊ နို့ထွက် ပစ္စည်းတွေ၊ ချည်မျင်တွေ ၀ါတွေကနေ အပင်တွေ ပန်းပင်တွေ အထိ ပါဝင်နိုင်ပါတယ်။

Australia Made and Owned
ကုမ္ပဏီ တစ်ခုက သြစတြေးလျမှာ ထုတ်လုပ်ရင် ဒီနိုင်ငံသားတွေ အလုပ်ရတယ်။ တိုင်းပြည်ကလည်း အခွန်ရတယ်။ အဲဒီအတွက် ပြည်တွင်း စီးပွားရေးဟာ ကောင်းမွန်လာပါတယ်။ အဲဒါကြောင့် သြော်ဇီပိုင် ကုမ္ပဏီတွေဟာ တိုင်းပြည် အတွက် ကောင်းပါတယ်။ သြော်ဇီပိုင် ကုမ္ပဏီတိုင်း ဒီမှာ ထုတ်လုပ်မှုတွေ လုပ်တာ မဟုတ်ပါဘူး။ သြော်ဇီပိုင်လည်း ဖြစ် ထုတ်လုပ်မှုလည်း လုပ်တဲ့ (စံလည်း မီတဲ့) လုပ်ငန်းတွေပဲ ဒီ တံဆိပ် တပ်ခွင့် ရှိပါတယ်။

အထက်ပါ ၄ ခုကိုတော့ အကျိုးအမြတ် မကြည့်တဲ့ အများပိုင် ကုမ္ပဏီတစ်ခုက ကြီးကြပ် အရည်အသွေးထိန်း သတ်မှတ်ပေးတာပါ။ ဒီတံဆိပ်တွေ အပြင် တခြား တံဆိပ်တွေပါ သြော်ဇီက အစားအသောက်တွေမှာ တွေ့နိုင်ပါတယ်။

Heart Foundation Tick
ဒီတံဆိပ် ပါတဲ့ အစားအသောက်တွေဟာ နှလုံး ကျန်းမာရေး အတွက် သင့်တော်တယ်လို့ အာမခံချက် ပေးထားပါတယ်။ သွေးကြော ပိတ်စေတဲ့ ပြည့်ဝဆီ (Saturated Fat) တွေ မသုံးထားကြောင်း၊ သွေးတိုးစေတဲ့ Sodium မပါကြောင်း နည်းကြောင်း၊ နှလုံးရောဂါ ဖြစ်ခြင်းကနေ အကာအကွယ်ပေးနိုင်တဲ့ အမျှင်ပါတဲ့ အစားအစာ ဖြစ်ကြောင်းကို Heart Foundation က ထောက်ခံချက် ပေးထားပါတယ်။ အစားအသောက် ထုတ်လုပ်သူတွေဟာ ဒီ Foundation မှာ လျှောက်ရတာ ဖြစ်ပြီး ၀န်ဆောင်ခလည်း ပေးရတဲ့ အတွက် ထုတ်လုပ်သူ တချို့ကတော့ သူတို့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ဒီတံဆိပ်မတပ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

Certified Organic
Certified Organic အတွက်တော့ တံဆိပ်တွေ မျိုးစုံ ရှိနိုင်ပါတယ်။ ဒီအတွက် စံချိန် စံညွှန်းတွေ သတ်မှတ်ပေးတဲ့ စစ်ဆေးပေးတဲ့ အဖွဲ့အစည်းတွေက ၇ ခုလောက် ရှိပါတယ်။ အဓိက အားဖြင့်တော့ အစားအသောက်တွေမှာ မျိုးရိုးဗီဇ ပြင်ထားတဲ့ ပစ္စည်းတွေ မသုံးထားဘူး။ ဓါတုဗေဒ ပိုးသတ်ဆေးတွေ၊ ဓါတ်မြေသြဇာတွေ မသုံးထားဘူး ဆိုရင် Oraganic စစ်တယ်လို့ ထောက်ခံ ထားတာပါ။ အသားတွေ၊ ဥတွေ ထုတ်လုပ်ဖို့ ကျွဲ၊ နွား၊ သိုးတွေ ကြက်တွေ ဘဲတွေကို ညှင်းပန်းရာ မရောက်အောင် လူစိတ်ရှိရှိနဲ့ မွေးမြူရင်လည်း Organic (Egg) ဖြစ်ပါတယ်။ ကြက်ဥ ဈေးနှုန်း ချိုသာအောင် ကြက်တွေကို ရက်ရက်စက်စက် မွေးမြူတဲ့ အကြောင်းကိုလည်း ဒီမှာ ဖတ်နိုင်ပါတယ်။

Gluten-free

Gluten ဆိုတာ ကစီဓါတ် တစ်မျိုးပါပဲ။ ဆန်တို့ ဂျုံတို့ ဘာလီတို့မှာ ပါပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ပရိုတင်းဓါတ်ကို ဖြည့်စွက်ပေးတဲ့ အဓိက အာဟာရ ဖြစ်ပါတယ်။ ရာခိုင်နှုန်း အနည်းငယ်သော လူတချို့ကတော့ အဲဒီ ပရိုတင်းဓါတ်ကို မခြေနိုင်ပါဘူး။ အထူးသဖြင့် ၅-၆လ အောက် ကလေးငယ်လေးတွေနဲ့ ရောဂါရှိတဲ့ သူတချို့မှာပါ။ Gluten နဲ့ မတည့်တဲ့ သူတွေအတွက်တော့ ဒီတံဆိပ်က အသက်တမျှ အရေးပါပါတယ်။

Glycemic Index
အခုခေတ် အစားအသောက်တွေမှာ "Low GI" ဆိုတာကို သိသာအောင် ရေးထားတာ သတိပြုမိနိုင်ပါတယ်။ GI ဆိုတာ Glycemic index ပါ။ အစားအသောက်တွေ စားလိုက်ရင် ပါဝင်တဲ့ ကာဗွန်ဟိုက်ဒြိတ်တွေကို ခြေဖျက် ပြိုကွဲ လူခန္ဓာကိုယ်က လက်ခံတဲ့ ဂလူးကိုစ် အဖြစ် ပြောင်းလိုက်ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ ကာဗွန်ဟိုက်ဒြိတ်တွေ အမြန် ပြိုကွဲလွယ်ပြီး သွေးကြောထဲကို ဂလူးကို့စ်တွေ အမြန်ဝင်သွားစေတဲ့ အစားအစာတွေဟာ High GI ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ အစားအသောက် အတော်များများဟာ ကျန်းမာရေးနဲ့ သင့်တော်ဖို့ Low GI ဖြစ်ရမှာ ဖြစ်ပြီး တချို့ အစားအစာတွေကတော့ အတော်အသင့် ဖြစ်ရပါမယ်။ နို့၊ ဥ၊ အသား၊ အစေ့အနှံတွေဟာ GI အနည်းဆုံးပါ။ ဆန်လုံးညို၊ ဒန်ပေါက်ဆန် (Basmati Rice)၊ မောင်းထောင်းဂျုံ တို့ဟာ အလယ်အလတ်ပါ။ ပြောင်း၊ အာလူး ဖရဲသီး၊ Jasmine Rice၊ ဂျုံ၊ နှံစားနဲ့ သကြားလုံးတွေဟာ GI မြင့်ပါတယ်။ ပင်ပန်းနွမ်းနယ်နေလို့ ခန္ဓာကိုယ်က ဂလူးကို့စ် သကြားဓါတ်လိုနေတာကလွဲရင်တော့ Low GI ဖြစ်တဲ့ အစားအစာတွေက ကောင်းပါတယ်။ အထူးသဖြင့် ဆီးချိုသမားတွေ အတွက်ပါ။ ထမင်းချက်တဲ့ အခါ ဘာစမာတီဆန် မသုံးနိုင်ရင်တော့ ကဆီနည်းတဲ့ (နည်းနည်း ဖွယ်တဲ့) ဆန်ကို Vinegar နည်းနည်း ထပ်ချက်ရင် ထမင်းလည်း မွှေးပြီး GI ကိုလည်း ထိန်းပေးတဲ့အတွက် ကျန်းမာရေးနဲ့အတွက် ပိုကောင်းပါတယ်။ ဒီတံဆိပ်ပါတဲ့ အစားအစာတွေအတွက် တစ်ခါစားစာမှာ ကာဗွန်ဟိုက်ဒြိတ် ၁၀ ဂရမ်အောက်ပဲ ပါရပါမည်။

Dairy Good
နို့နဲ့ နို့ထွက်ပစ္စည်း ၉၀% ကျော်ပါမှ ဒီတံဆိပ် တပ်နိုင်ပါတယ်။ ထုတ်လုပ်မှု စားရိတ်ရဲ့ ၇၅% ကျော်ကို သြော်ဇီမှာ သုံးမှလည်း အကျုံးဝင်ပါတယ်။



Halal Australia
Halal ဆိုတာ `ခွင့်ပြုထားသော´၊ `ဥပဒေနှင့် ညီသော´ လို့ အဓိပ္ပါယ်ရတယ် ကြားဖူးပါတယ်။ မူဆလင် ဘာသာဝင်တွေဟာ `ဟာလာ´ ဖြစ်တဲ့ အစားအစာပဲ စားရပါတယ်။ ဒီလို တံဆိပ်ရဖို့ တင်းကြပ်တဲ့ စည်းကမ်းတွေကို လိုက်နာရပါမယ်။ ဥပမာ အစားအစာ ထုတ်လုပ်တဲ့ အခါ အရက်သေစာ မပါရဘူး၊ အစားအစာ ပြင်ဆင်သူဟာ အရက် မသောက်ထားရဘူး လိုမျိုးတွေပါ ပါဝင်ပါတယ်။ စင်္ကာပူလောက် မူဆလင် လူဦးရေ အချိုး မများတဲ့အတွက် သတိထားမိလောက်အောင်တော့ ဒီတံဆိပ်ကို သြစတြေးလျမှာ မတွေ့ရပါဘူး။

တခြားဖတ်ရန် - ကြက်ဥနဲ့ ကြက်

Film


Files