Thursday, January 01, 2009

၂၀၀၈ မှ ၂၀၀၉ သို့

ဘလော့ကို စိမ်းစိမ်းကားကား ပစ်ထားလိုက်တာ Email နဲ့ လှမ်းပြောတဲ့သူတွေ GTalk နဲ့ လှမ်းပြောသူတွေ အားနာလို့ရယ် ဘလော်ဂျာက မီးတိုက်လို့ရယ် ဆီဗုံးမှာ လာနှုတ်ဆက်သူတွေကို ခင်လို့ရယ် အားလုံးကို နှစ်သစ်မှာ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ၂၀၀၉မှာ ပျော်ရွှင်ဖွယ်ရာတွေ ကြုံဆုံ ပိုင်ဆိုင်ပါစေလို့လည်း ကိုယ်တွေအတွက်ရော စာဖတ်သူတွေ အတွက်ပါ ဆုတောင်းပေးလိုက်ပါတယ်။

၂၀၀၈ က ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘဲကို ၂၀၀၉ က ရောက်လာပြန်တယ်။ ၂၀၀၈ကို ပြန်တွေးကြည့်ရင် တစ်နှစ်လုံးလိုလို စိတ်ချမ်းသာရပါတယ်။၂၀၀၈ ထဲမှာ အိမ်တစ်ခါ ပြောင်းတယ်။ အလုပ်တစ်ခါပြောင်းတယ်။ သားလေးတစ်ယောက် မိသားစုထဲမှာ တိုးလာတာ မနေ့တနေ့ကလိုပဲ။ ပထမ ၆လ (၅လ) က သားလေးကို ကိုယ်ဝန်ဆောင်ထားလို့ ဆေးရုံသွား ဘာသွားနဲ့ ကုန်သွားတယ်။ နောက် ၆လက သားလေးကို ပြုစုတာရယ် သူမ မိဘတွေ အလည်လာတယ်ရယ်နဲ့ ၆လဆိုတာ ခဏလေးပဲ။ ကျွန်တော်တို့ ၂ ယောက်စလုံး အသက် ၃၀ ကျော်မှ ကိုယ်ပိုင်ကား ဆိုတာ ရှိလာတယ်။ ၂၀၀၈ ထဲမှာ ပညာရေးနဲ့ ပက်သတ်ပြီး ဘာမှ မဖြစ်ထွန်းလိုက်ဘူး။ ဘလော့ မိတ်ဆွေတွေ အများကြီးတိုးတယ်။ ပြင်ပမှာတော့ ရှိရင်းစွဲက လွဲလို့ မိတ်ဆွေ တစ်ယောက်မှ မရလိုက်ဘူး။ ရန်သူ နှောက်ယက်သူလည်း ကြီးကြီးမားမားမရှိလိုက်တာ အင်မတန် စိတ်ချမ်းသာစရာ။ အနီးအပါးမှာ ခရီးအတော် ထွက်ဖြစ်လိုက်ပေမယ့် ပြည်ပ ခရီး တစ်ခုမှ မသွားဖြစ်လိုက်ဘူး။ အလှူအတန်းလည်း ကြီးကြီးမားမား မလုပ်ဖြစ်ဘူး။ ၂၀၀၈ မှာ တခြား ဘလော့အတွက် ပို့စ် ၂၄ ခုရယ် WeSheMe အတွက်ဘလော့ ပို့စ်ပေါင်း ၁၂၀ ရေးဖြစ်တယ်။ အချိန်ပေး လာဖတ်သူတွေ၊ ကောမန့်ရေးသွားသူတွေ အားလုံးကို ကျေးဇူးတင်တယ်။ ဖြစ်နိုင်ရင် လာလည် လာဖတ်သူတွေကို Recipe ထဲက စားစရာတွေနဲ့ ကျွေးလိုက်ချင်ရဲ့။ ဒီလိုနဲ့ ၂၀၀၈ ဟာ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် ကုန်သွားတယ်။

၂၀၀၉ အတွက်လည်း ထွေထွေထူးထူး ဆုံးဖြတ်ချက် (Resolution) မရှိပါဘူး။ သူမ အလုပ်ခွင် ပြန်ဝင်နိုင်ရေးက ၂၀၀၉ အတွက် အဓိက Objective ဖြစ်တယ်။ ဒါဟာ တခြားသူတွေ အတွက် လွယ်ချင် လွယ်မယ် ကျွန်တော်တို့ အတွက်တော့ ကြီးကြီးမားမား Objective တစ်ခုပါပဲ။ ကျွန်တော်ရဲ့ Career တိုးတက်ဖို့ထက် နည်းနည်းလျှော့ပြီး သူမ Career တိုးတက်ဖို့ ဦးစားပေးရမည်။ ပညာရေးကတော့ စိတ်ဝင်စားရင် စိတ်ဝင်စားသလောက်ပဲ။ ဗဟုသုတနဲ့ ပတ်သက်လို့တော့ Financial ဘက်ကို နည်းနည်း လေ့လာရဦးမည်။ အခုတော့ Zero Knowledge ပဲ။ ဒါကြောင့် သဌေး မဖြစ်တာ။ သားသမီးကတော့ ၂၀၀၇မှာ တစ်ယောက်၊ ၂၀၀၈မှာ တစ်ယောက်နဲ့ ၂၀၀၉ မှာတော့... ဟိုးဆရား ဟိုး.... ဆက်မပြောနဲ့တော့။ ဒီ ၂ ယောက်ကိုတင် မနည်း ပြုစု ပျိုးထောင်ရမည်။ နောက်နှစ်ထဲမှာတော့ သားက သမီးနဲ့ အပြိုင် ဆော့နိုင်တော့မည်။ ဖြစ်နိုင်ရင်တော့ ၂၀၀၉ မှာ အိုးပိုင် အိမ်ပိုင် ဖြစ်ချင်တယ်။ မိတ်ဆွေ အသစ် ၁ ယောက်လောက် ထပ်တိုးချင်တယ်။ ခင်ရင်းစွဲ သူငယ်ချင်းနဲ့ အမျိုးရင်း  ၃ ယောက်လောက် အနား ရောက်လာစေချင်တယ်။ မြန်မာငွေ ၁၀ သိန်း၊ သိန်း ၂၀ တန် အလှူ တစ်ခုလောက် လုပ်ချင်တယ်။ မြန်မာပြည် ပြန်ဖို့တော့ စိတ်ကူး မရှိသေးပါဘူး။ ပြည်ပ ခရီးထွက်ဖို့လည်း စိတ်ကူးတောင် မယဉ်ရဲပါဘူး။ ၂၀၀၉ ဟာလည်း ပုံမှန် ဖြတ်သန်းသွားနိုင်ရင် ကျေနပ်ပါပြီ။ အထူးသဖြင့် ကမ္ဘာ့ စီးပွားရေးတွေ၊ တိုင်းရေး ပြည်ရေး မင်းရေး ခမ်းရေးတွေနဲ့ ဘ၀ဟာ ပုံမှန် ရှိရင်ပဲ ပျော်ပါတယ်။

စာဖတ်သူ အပေါင်းရဲ့ New Year Resolution တွေ ပြည့်ဝ အကောင်အထည် ဖော်နိုင်ပြီး အတွေးတွေ အိပ်မက်တွေလည်း ပီပြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

19 comments:

imaginary clouds no 2 - 1/1/09, 9:39 PM

အန်ဒီိရေ ပျော်ရွှင်ပါစေ ။

Khaing - 1/1/09, 11:32 PM

Ko Andy & family,

Happy New Year. Hope all ur wish come true in 2009.

War War - 1/2/09, 12:58 AM

Ko Andy yae. Happy New Year. Hope and wish all your wishes come true. :)

တက်တူ - 1/2/09, 2:01 AM

Happy New Year !!!

JulyDream - 1/2/09, 2:07 AM

When you're lonely, I wish you Love!
When you're down, I wish you Joy!
When you're troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!

nu-san - 1/2/09, 2:36 AM

WeSheMe မိသားစု နှစ်သစ်မှာ ပျော်ရွှင်ပါစေ..

သားတစ်ယောက် သမီးတစ်ယောက်နဲ့ ၂၀၀၉ ဆိုရင် အိမ်ရဲ့ ဆည်းလည်းတွေနဲ့ ပျော်နေဦးမှာ မြင်ယောင်နေပါသေးတယ်.. သားသားလည်း တီတီတာတာ စကားပြောတတ်လာမယ်.. မြတ်နိုးလေးအတွက်လည်း ကစားဖော်မောင်လေး ရလာမှာပေါ့.. ကလေးတို့မေမေလည်း အလုပ်အမြန်အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်..

မဇနိ - 1/2/09, 2:59 AM

ပို့စ်အသစ်မတက်တာကြာတော့ ဒီပို့စ်တက်နေတာ မမြင်မိဘူး။
သမီးလေးရယ် သားလေးရယ် အသံသာသာတွေနဲ့ ပျော်စရာပိုကောင်းလာတော့မှာကို အားကျမိပါတယ်။
အစစအဆင်ပြေပြီး ကောင်းခြင်းတွေရောက်ရှိလာမည့် နှစ်သစ်ကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Kay - 1/2/09, 4:06 AM

ကိုအန်ဒီတို့မိသားစု နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။ ကိုအန်ဒီလည်း..ဘလော့ ရေးဖို့..အချိန်ထွက်ပါစေ။း)

strike - 1/2/09, 4:26 AM

တယ်ရင်း ၀ှယ်ကမ်းဘက် နော်။၃ရက်နေ့အိမ်ပြောင်းမယ်
၁၃ရက်နောက်ပိုင်းမှ ပိုစ်အသစ်တင်နော် :P

ksanchaung - 1/2/09, 5:45 AM

Happy new year ပါ။ Finance နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှန်းသိရလို့ ၀မ်းသာပါတယ်။

Anonymous - 1/2/09, 7:26 AM

Happy New Year to Ko Andy and family!

Anonymous - 1/2/09, 1:25 PM

ဒီမိသားတစု.. ကျန်းမာ၊ချမ်းသာ၊ပျော်ရွှင် သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ...

...ဒီလိုနဲ့ ၂၀၀၈ ဟာ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် ကုန်သွားတယ်။ ... ကောင်းတယ်ဗျာ၊ ဖုတ်လိုက် ဖုတ်လိုက်နဲ့ ကုန်သွားတာမှမဟုတ်တာကိုး

လွိုင်လင် - 1/2/09, 1:40 PM

Happy New Year !!!!
ကိုအင်န်ဒီ တို့ မိသားစုအတွက် ပျော်စရာ စိတ်ချမ်းသာစရာ ကောင်းတဲ့ ၂၀၀၉ ဖြစ်နိုင်ပါစေ။

sin dan lar - 1/2/09, 6:44 PM

နှစ်သစ်မှာ ပျော်ရွှင်ပါစေ...မနေ့ကတောင် ဆီထမင်းလုပ်နည်း လာဖတ်သွားသေးတယ်။

:-* - 1/3/09, 9:32 AM
This comment has been removed by the author.
:-* - 1/3/09, 9:35 AM

မင်္ဂလာ ရှိတဲ့ နှစ်သစ် ဖြစ်ပါစေ ကိုအင်ဒီတို့ မိသားစုရေ..

P.Ti - 1/3/09, 3:35 PM

ကိုအန်ဒီတို့ မိသားတစ်စုလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပြီး လိုအင်ဆန္ဒတွေလည်း ပြည့်ဝပါစေ... :)

ဘလော့ပို့စ်တွေလည်း များများရေးနိုင်ပါစေ... :P

Anonymous - 1/4/09, 6:37 PM

Happy New Year and Happy Independence Day, Ko Andy

ကိုဇော်လေး - 1/10/09, 7:48 PM

ကိုအင်န်ဒီတို. မိသားစု ကျမ်းမာပျော်ရွှင်ပြီး ၂၀၀၉ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ

Post a Comment

Many thanks for dropping a comment…

Film