Wednesday, March 25, 2009

BPA Free ကလေး နို့ဗူး

အများသိတဲ့ အတိုင်း ကလေးတွေ နို့ထည့်သောက်တဲ့ ဗူးတွေကို ပလတ်စတစ်နဲ့ လုပ်ပါတယ်။ Thermoplastic နည်းနဲ့ လုပ်ပါတယ်။ Thermoplastic ဆိုတာ ပလက်စတစ်ကို အပူပေးကာ ပျော်သွားရင် ပုံးလောင်းပြီး အအေးခံ ခဲလိုက်တဲ့အခါ ကြည်ကြည်လေး ရတဲ့ ပလက်စတစ်ကို ပြောတာပါ။ Thermoplastic နည်းအတွက် Polymer တွေကို သုံးပါတယ်။ Monomer ဆိုတဲ့ မော်လီကျူး သေးသေးလေးတွေ စုပေါင်းပြီး ပေါ်လီမာ ဆိုတဲ့ မော်လီကျူး အကြီးစား ဒြပ်ပေါင်း ဖြစ်လာပါတယ်။ ပလက်စတစ်က Carbonate တွေ စုပေါင်းထားတဲ့ ပေါ်လီမာ မို့လို့ Polycarbonate အမျိုးအစား ဖြစ်ပါတယ်။ ပေါ်လီကာဘွန်နိတ် လုပ်ဖို့ လိုအပ်တဲ့ အဓိက လိုအပ်တဲ့ Monomer တစ်မျိုးကတော့ BPA လို့ အတိုကောက်ခေါ်တဲ့ Bisphenol A ပါ။

Bisphenol A ကို Phenol နှစ်လုံးကို Acetone နဲ့ ပေါင်းခံပြီး လုပ်ပါတယ်။ ဒါကြောင့် A ပါနေတာပါ။ Acetone ဆိုတာ လက်သည်းဖျက်ဆေးမှာ ပါတဲ့ အငွေ့ပျံတတ်တဲ့ အရည်ပါ။ ဆေးသုတ်တဲ့ အခါ သုံးတဲ့ သင်နာ (Thinner) တို့ အရက်ပျံတို့လိုမျိုးပေါ့။ Phenol ဆိုတာ ကာဘော်လစ် အက်ဆစ်ပါ။ ဆေးရုံတွေမှာ ပိုးသတ်ဖို့ အတွက် သုံးလို့ ဆေးရုံသွားရင် အဲဒီ အနံ့ရနေတာ သတိထားမိပါမည်။

ပလက်စတစ်မှ BPA ဒြပ်တွေက Stable မဖြစ်တဲ့ အတွက် ရေမှာ ဖြတ်သန်း ပျော်ဝင်နိုင်ပြီး အထူးသဖြင့် အပူပေးလိုက်ရင် ပိုမို ဆိုးဝါးစေတယ် ဆိုပါတယ်။ ကလေး နို့ဗူးတွေက အပူပေးရတာမို့ နို့ပူတွေမှာ ပိုမို ပါဝင်သွားစေပါတယ်။ အထူးသဖြင့် ဗူးထဲ နို့ထည့်ပြီး Microwave နဲ့ အပူပေးလိုက်ရင် အဆိုးဆုံး ဖြစ်နိုင်ပါတယ်။ လူကြီးသောက်တဲ့ ရေသန့်ဗူးလိုမျိုးတွေမှာလည်း ပါတတ်ပေမည့် ကလေးငယ်တွေကတော့ အင်မတန် နုနယ်ပြီး ဖွံ့ဖြိုးစ ကိုယ်ခန္ဓာ တည်ဆောက်နေချိန်မို့ ပိုမို ထိခိုက်စေတယ် ဆိုပါတယ်။

သုတေသန တချို့က BPAကြောင့်

  • အ၀လွန်ခြင်း၊ ဆီးချိုဖြစ်နိုင်ခြင်း
  • နို့ရည်ကြည်ဂလင်းတွေကို လှုံ့ဆော်တဲ့ အတွက် ရင်သားကင်ဆာဖြစ်နိုင်ခြင်း
  • အချိန်စောကာ အပျိုပေါက်ခြင်း
  • ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း
  • ဆီးကျိတ် ကင်ဆာ ဖြစ်တတ်ခြင်းနဲ့ 
  • ကလေးတွေမှာ အမူအကျင့်ဆိုးတွေ ရှိတတ်ခြင်းတို့ ဖြစ်စေတယ် ဆိုပါတယ်။
နို့ဗူးတင်မက ပလက်စတစ်နဲ့ လုပ်တဲ့ ကလေးသုံး ပစ္စည်းတွေမှာ BPA ပါနိုင်ပါတယ်။ ကလေးတွေ ရေသောက်တဲ့ ခွက်၊ ချိုလိမ် (Pacifier)၊ သွားယားရင် ကိုက်တဲ့ Teether  တွေမှာ ပါပါတယ်။ ဒါပေမယ့် နို့ဗူးက အပူပေးရတာမို့ ကျွန်တော်တို့က နို့ဗူးကိုတော့ BPA Free သုံးပါတယ်။ ကျန်တာတွေကတော့ အများသုံးပါပဲ။ ပလက်စတစ်ဗူးနဲ့ ထည့်ထားတဲ့ ကလေးစာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ပါတယ်။ စင်္ကာပူမှာတော့ OG က B-Free Plus နို့ဗူးကို ၀ယ်ပါတယ်။ နို့ကို Microwave နဲ့ နွှေးတဲ့ အခါမှာလည်း ကြွေထည် နို့ကရားနဲ့ နွှေးပြီးမှ နို့ဗူးထဲကို ပြောင်းထည့်ပါတယ်။

ဒီကိစ္စကတော့ မှန်တယ် မမှန်ဘူး အငြင်းပွားနေဆဲပါ။ ကနေဒါမှာတော့ မနှစ်က စပြီး BPA Free နို့ဗူးတွေပဲ သုံးစေပါတယ်။ ကျန်တဲ့ နိုင်ငံတွေမှာတော့ တခြား ပလက်စတစ် နို့ဗူးတွေ ပေးသုံးနေဆဲပါ။ ကလေးတွေနဲ့ ပက်သက်ရင်တော့ တတ်နိုင်သမျှ အတိမ်းအစောင်းမခံတာ အကောင်းဆုံးပါပဲ။ အကောင်းဆုံးကတော့ မိခင်နို့ တိုက်ကျွေးတာပါပဲ။

နားဆင်ရန်
တခြားဖတ်ရန်

11 comments:

Phyo Evergreen - 3/25/09, 11:13 PM

၁ ဦးထားတယ်..။

JuneOne - 3/25/09, 11:14 PM

အိမ်မှာတော့ သားကလုံးဝအပူ၊အနွေးမသောက်လို့ ရေကျက်အေးနဲ့ပဲ နို့ကိုပျော်အောင်ဖျော်ရတယ်။မွေးစလောက်ကတည်း ကနို့အနွေးဆိုလုံးဝမသောက်ဘူး။နို့ဘူးကို pigeonသုံးဖြစ်တယ်။

Phyo Evergreen - 3/25/09, 11:16 PM

မှတ်သားသွားတယ်.. ပြန်ပြောလို့ရအောင်.. ပြောပြရမဲ့သူလည်းမရှိ တကယ်တော့..။ ပို့စ်တိုလို့ သိပ်မကျေနပ်ပါ..။

nu-san - 3/26/09, 12:02 AM

ကလေးတွေအတွက်ဆိုတော့ အန္တရာယ်ဖြစ်မယ့်ဟာဆို ရှောင်တာ အကောင်းဆုံးပါပဲ.. Andy ပြောပြလို့သာ ဗဟုသုတ အနေနဲ့ မှတ်ထားလို့ရတာ.. ကိုယ့်ဟာကိုယ်ဆို ဖတ်မိမှာ မဟုတ်ဘူး.. အင်း.. reference တွေပေါ့ကွယ်.. တချိန်ချိန်ကျရင်တော့ အသုံးတည့်လာမှာပေါ့.. :P

choco thazin - 3/26/09, 1:16 AM

ဘလော့ဂ်လင့်လေးယူသွားပါတယ်
နောက်များမှ အသေးစိပ်လာမွှေပါဦးမယ်

Moe Cho Thinn - 3/26/09, 4:05 AM

အခုလို ရေးပြတော့ အရင်က မသိသေးတာ သိရပြီး ဆင်ခြင်နိုင်တာပေါ့။ ကိုယ်နဲ့ မဆိုင်ပေမဲ့ ကလေးမိခင် သူငယ်ချင်းတွေဆီ လင့်ခ် ပို့ပေးလိုက်အုံးမယ်။ ကျေးဇူးပါ။

Anonymous - 3/26/09, 12:40 PM

how about pigeon milk bottle?

ဝါ၀ါ - 3/26/09, 10:48 PM

ကျေးဇူး ကိုအန်ဒီ.. မှတ်ထားအုန်းမှ.. သိပ်မကြာခင်ဝယ်ရတော.မှာဆိုတော. :)
BTW OG က B-Free Plus ဆိုတော. brand ကကော ဘာ brand လဲဟင်?
B-Free Plus ဆိုတာ product name လား brand name

pandora - 3/27/09, 1:35 PM

wesheme က တဆင့် ပန်ဒိုရာမှာ လာဖတ်သူများအတွက် လင့်ခ်ပေးထားတာကို ကျေးဇူးတင်ကြောင်း ဒီနေရာမှာပဲ ရေးသွားလိုက်ပါတယ်။

Anonymous - 3/27/09, 10:54 PM

http://www.consumer.philips.com/consumer/en/gb/consumer/cc/_categoryid_MCC_BOTTLE_FEEDING_CA_GB_CONSUMER/

Phillips AVENT still use BPA but they are going to introduce a new bottle made from BPA-free plastic in 2009.

JeweL - 12/12/10, 11:17 AM

ဒီပို့စ် ကို လင့်ချိတ်ထားပါတယ်။ ခွင့်ပြုပါ..။ ကျေးဇူးတင်ပါတယ်နော်။
(အရင်ခွင့်မတောင်းဘဲနဲ့ ချိတ်ပြီးသွားမှ လာပြောတာ စိတ်မရှိပါနဲ့.. :D )

Post a Comment

Many thanks for dropping a comment…

Film