Sunday, April 19, 2009

သမီးလေး ဆွဲတဲ့ ပန်းချီ

Daycare မှာ မြတ်နိုး ဆွဲတဲ့ပုံတွေကို အမှတ်တရ တင်ထားတာပါ။ လူပုံတွေ ဘာတွေ မဆွဲတတ်သေးတော့လည်း Abstract ပေါ့။ ပုံတွေကြည့်ပြီး မောင်တိန်တို့ ထိုင်ငိုသွားမယ်။ ကလေးဆိုတော့လည်း ဘာရယ် မဟုတ် လျှောက်ခြစ်ထားတာပါ။ Expression တော့ပါချင်ပါမည်။ Technique တွေတော့ မပါဘူးပေါ့။ အပြင်မှာ ပျောက်သွားမှာစိုးလို့ Digitise လုပ်လိုက်တာပါ။


ဒီပုံကိုတော့ ကျွန်တော်က "The Nest" လို့ အမည်ပေးထားပါတယ်။ သမီးကတော့ ငှက်သိုက်လိုမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ သူ့ဘာသူ လျှောက်ခြစ်ထားတာ။ ကျွန်တော် နာမည်တွေ လျှောက်တပ်လိုက်လို့ ပုံကြည့်တဲ့ သူတွေ ကလေးရဲ့ ခံစားချက်တွေကို နားလည်မှုလွဲနေမှာလည်း စိုးရဲ့။



ဒီပုံကိုတော့ "Footprints" လို့ ပေးထားပြီး သူဘယ်လမ်းကြောင်း သွားနေလဲ ခံစားကြည့်ပါတယ်။ အိမ်မှာတော့ ဘောပင် အချွန်တွေနဲ့ လုပ်လို့ မနည်း ဆွဲထားရတယ်။


ကလေးထိန်းတဲ့ ဆရာမတွေ ပေးထားတဲ့ မှတ်ချက်ပါ။

"Myat Noe enjoyed painting with a paint brush. She held it with her right hand and using palmar grasp"
စုတ်တံကို လက်ထဲမှာ ဆုပ်ကိုင်ပြီး (Palmar grasp)နဲ့ ဆွဲထားတယ်တဲ့။





တခြားကလေးတွေ ဆွဲတဲ့ ပန်းချီးများ
မတန်ခူးသားလေး
 
တီတီဆွိသမီးလေး
 
ကိုပေါသမီးလေး

24 comments:

Nu Thwe - 4/19/09, 6:30 PM

Oh wow...Myat Noe's masterpieces!
It seems she's using her hands very well. Her selection of colurs is great. Teachers' comments are good too. They know what they are doing, which is reassuring for parents, I guess.
At the first glimpse of the top picture, I thought you have put another recipe for some kind of noodles. My artistic imagination is so hopeless :D

Anonymous - 4/19/09, 6:51 PM

Congratulations Myat Noe! You are so excellent and cute. When you will be grown up and see this pictures and comments, may you be understand that you had had a lot fo lovers since you were just a toddler.

imaginary clouds no 2 - 4/19/09, 7:15 PM

ဟေ့လူ ကျနော်လည်းကြိုက်တယ်ဗျ။ မြန်မာပန်းချီဆရာကြီးတယောက်က ကလေးတွေရဲ့ လွတ်လွတ်လပ်လပ် ဘာဆုလဒ်၊ ဘာမှ မမျှော်လင့်ဘဲ တီးတဲ့ (ဆွဲတဲ့ ) ပန်းချီနဲ့ လူကြီးတွေဆွဲတာကို ဆက်စပ်ပြီးပြောဖူးတယ်လို့ကျနော်မှတ်မိနေတယ် ။ ဘယ်ပန်းချီဆရာကြီးလဲ ။ ဘယ်သူလည်းဆိုတာ မမှတ်မိဘူး ။

pm - 4/19/09, 8:28 PM

:D သဘောကျတယ်...
သားသမီးလုပ်တာ မိဘအားပေးတာကို ပိုသဘောကျတယ်။
ကိုယ့်လမ်းကြောင်းထက် သူ့လမ်းကြောင်းကို အားပေးတယ်ဆိုရင် ပိုသဘောကျမိတယ် :D

sin dan lar - 4/19/09, 9:56 PM

သမီးလေးရဲ့ ဓာတ်ပုံလေးနဲ့ သူ့ပန်းချီတွေကို တွဲကြည့်ုင်္ပြီး ပြုံးမိတယ်....။
ကိုအန်ဒီပေးထားနဲံ နာမည် ၂ ခုကလည်း ကောင်းတယ်..။

ကောင်းကင်ပြာ - 4/19/09, 10:16 PM

သမီးလေးဆွဲတဲ့ ပန်းချီတွေက တကယ့် ပန်းချီဆရာတွေ ဆွဲထားသလိုဘဲ

ဇနိ - 4/19/09, 11:00 PM

သမီးတွေက အဖြစ်ရှိတဲ့ အဖေများကတော့ သမီးတွေရဲ့ပုံတွေ တင်လို့
း)
တို့များကတော့ ကိုယ်တိုင်လည်း အလုပ်အဖြစ် သမီးလည်း မရှိ - ငယ်ငယ်တုန်းက ကျောင်းမှာ ပန်းချီးပြိုင်ပွဲလုပ်တာ ဆွဲမယ့်သူမရှိလို့ အတင်းဝင်ဆွဲခိုင်းလို့ စုတ်တံတွေ ဘာတွေနဲ့ ပထမဦးဆုံး ပြိုင်ပွဲထဲ ဝင်ဆွဲဖူးတယ် ဘာဆုမှ မရပါဘူး စုတ်တံတောင် ပြိုင်ပွဲထဲ ရောက်မှ ကိုင်ဖူးတာ

T T Sweet - 4/19/09, 11:29 PM

ဒီနေ့တော့ ကလေးများနေ့ဖြစ်မယ်နဲ့တူတယ် ... ကိုအန်ဒီရေ ... ကျွန်မလဲခုတင်ပဲ သမီးရဲ့ ကစားစရာလေးတွေအကြောင်း တင်ခဲ့တာ ... ကိုပေါကလဲ သမီးပန်းချီလေးတွေ တင်ထားတာ ... လှမှလှပဲ ...

မီယာ - 4/20/09, 1:31 AM

မြတ်နိုးဆွဲထားတဲ့ ပုံလေးတွေ အမှတ်တရ သိမ်းပေးထားတာ ကောင်းလိုက်တာ။ လက်ခိုင်ခိုင်နဲ့ ပုံတွေ ရေးခြစ်တတ်နေပြီ ၀မ်းသာစရာ...

Moe Cho Thinn - 4/20/09, 1:32 AM

ဒီနေ့ သမီးရှင်တွေ တယ်ကြည်နူးနေကြပါလားဝေ့..
သမီးလေးက ဆွဲ၊ အဖေက ဒါလေးဖြစ်ပုံရတယ်ဆိုပြီး နံမည်ပေး။ တယ်လိုက်တဲ့ အဖေနဲ့ သမီးလေး။
မြတ်နိုးဆွဲလိုက်တဲ့ပုံလေးတွေမှာ ငှက်သိုက် ပုံအကြိုက်ဆုံးပဲ။ လူ့ဘ၀လို့တောင် အမည်ပေးချင်သလိုလို..

Ko Paw - 4/20/09, 1:49 AM

ပထမဆုံးပုံကို ကြိုက်သဗျိုး။ ကျနော်သာဆိုရင် Spaghetti လို့ နာမည်ပေးဖြစ်မယ်။ ခံစားသူအကြိုက်လေ။း-)

Thant - 4/20/09, 11:25 AM

သမီးနဲ့အဖေကတော့ လိုက်ပါ့ ။ပုံလေးတွေကို နာမည်ပေးထားတာ မိုက်တယ် ။

Anonymous - 4/21/09, 12:08 AM

မြန်မာနာမည်လေးနဲ့ ဆရာမမှတ်ချက်လေးတွေ ဖတ်ရတာ သဘောကျလိုက်တာ။

Andy Myint - 4/21/09, 10:20 AM
မနုသွဲ့နဲ့ ကိုပေါ ပြောသလိုများ သမီးဆွဲထားတာ ခေါက်ဆွဲ ဖြစ်နေမလား မသိဘူး။ သမီးက ခေါက်ဆွဲ သိပ်ကြိုက်တာ။

စာဖတ်သူ တစ်ယောက် ပြောသွားသလိုပဲ သမီးတို့က ငယ်ငယ်ကတည်းက ချစ်နေတဲ့ သူတွေများတယ်။ ဟုတ်တယ်နော်။

မောင်တိန်ရေ.. ဟုတ်တယ် ကျွန်တော်က ကလေးလေးတွေ စိတ်ထဲက အတွေးကို သူတို့ တတ်စွမ်းသလို ပုံဖော်တာကို ကြိုက်တယ်။

ဟုတ်တယ် PM သူလုပ်ချင်ရာကို တတ်နိုင်သလောက်တော့ ပေးလုပ်မှာပါ။

နာမည်တွေက လျှောက်ပေးထားတာပါ Sin Dan Lar.. သမီးက ဘာဆွဲလဲ မပြောတတ်သေးတော့လေ

ဒီလိုပဲ ပုံဆွဲထားတာပါ ကောင်းကင်ပြာ

သားသမီးအမြန်မွေးပြီး တင်လေဗျာ ကိုဇနိ

ဟုတ်တယ် တီတီဆွီ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်…

သမီးကို မီယာ ပြောသလို လက်ခိုင်တယ်။ ငယ်ငယ်ကတည်းက ဘယ်ပစ္စည်း ဘယ်လို ကိုင်ရမယ် ဆိုတာ သိနေသလိုပဲ။ ဖုန်းတို့ Remote တို့ ဘောပင်တို့ဆို မှန်အောင် ကိုင်တတ်တယ်။

စနေ တနင်္ဂနွေဆိုတော့လည်း အိမ်မှာနေတော့ သားသမီးတွေနဲ့ အထိအတွေ့ ပိုများတော့ သူတို့ အကြောင်း ရေးဖြစ်တာ တိုက်ဆိုင်သွားပုံရတယ် မချိုသင်း

ဟုတ်ပ Thant.. သမီးက ဆွဲချင်ရာဆွဲ .. အဖေက ခံစားချင်သလို ခံစားနဲ့

ဟုတ်တယ် စာဖတ်သူ ကိုယ့်သမီးနာမည်လေးနဲ့ မှတ်ချက်ရေးပေးထားတာ Personlaise ဖြစ်လို့ ပိုပြီး မှတ်မှတ်ရရ ရှိတယ်။ Daycare မှာလည်း ကလေးတွေက များတော့ နာမည်နဲ့ ပေးမှာ မရောထွေးမှာလေ။
nu-san - 4/21/09, 1:43 PM

သမီးလေးက ပုံတွေတောင် ကောင်းကောင်းဆွဲနိုင်နေပြီ။ ၂ နှစ်အတွင်း တအားပဲ တိုးတက်လာတယ်နော်.. အမလည်း နံပါတ် ၁ ပုံလေး ကြိုက်တယ်.. အကြိုက်ဆုံးက သူ စုတ်တံ ကိုင်ထားတဲ့ ဓာတ်ပုံလေးပဲ.. သူ့လက်ကလေးနဲ့ ကိုင်ထားလိုက်တာများ အားပါလိုက်တာ.. :)

Andy Myint - 4/21/09, 1:52 PM
ဟီးဟီး အဲဒါ “Palmar Grasp” ဆိုတာကို ပုံနဲ့ ပြချင်လို့ Google Image Search မှာ ရှာလို့ တွေ့ထားတဲ့ပုံ မနုစံ။ ပြောလို့ ပြောတာ မဟုတ်ဘူး Daycare ပို့လိုက်တာ အတော် တိုးတက်လာတယ်။ မိဘတွေက စနစ်တကျ ပြုစု သင်ကြားပေးဖို့ သူတို့လောက်တော့ မတတ်နိုင်ဘူး ထင်တယ်။
တောင်ပေါ်သား - 4/22/09, 4:56 PM

အကိုရေ သမီးလေးရဲ့ ပုံလေးတွေ ကြည့်သွားပါတယ် ကိုပေါနားက ခုပဲ ရောက်လာတာ ကောင်းနေတာ ကလေးအဖေများ ပျော်ရွှင်နေတယ် အတုယူရမယ်ဗျို့


လေးစားလျက်
တောင်ပေါ်သား

kophyo - 4/23/09, 2:02 PM

congratulation myat noe lay,

all the picture had colour harmony, good composition, space unity. Good the byar :P

kophyo

ပင်နီ - 4/24/09, 6:12 AM

ကိုအန်ဒီ သမီးလေးဆွဲတာကြည့်ပြီး စပါဂတ်တီး စားချင်စိတ်တောင်
ပေါက်တယ်....ချစ်စရာလေးနော်...

Phyo Wai Kyaw - 4/26/09, 9:02 PM

12.03.09 ပုံက impression ပါတယ်ဗျ... ဗင်ဂိုး စတိုင်ပေါ့

khin oo may - 5/1/09, 4:40 PM

မြတ်စွာဘုရား.. အဲဒါ သမီးလေးဆွဲတာ....

khin oo may - 5/1/09, 4:41 PM

တို့ကတော့ ခေါက်ဆွဲလို့နာမည်ပေးမယ်။

khin oo may - 5/1/09, 4:42 PM

တကယ်ပန်းချီဆရာလိုပါဘဲလား။

khin oo may - 5/1/09, 4:44 PM

myat noe လို့ဆိုင်းထိုးတာ သူဘဲဆိုရင် မင်းသိင်္ခအလိုအရ. ကိုင်ရိုအလိုအရဆိုရင်တော့ ရှင်းသောစိတ်ရှိမည်. စနစ်ကျသည်။ အမြင့်ကို မျော်လင့်သည်။ ဘဝကိုမြင့်မားအောင် လုပ်လိုသောဆန္မရှိသည်။ လို့ အကြမ်းဖျင်းပြောရပါမယ်။

Post a Comment

Many thanks for dropping a comment…

Film