Sunday, May 24, 2009

အော်တိုမက်တစ် သားသားရဲ့ တစ်နှစ်ပြည့် မွေးနေ့

သား ထူးမြတ်လင်း တစ်ယောက် မွေးပြီးတော့ တစ်နှစ်ပြည့်သွားတာ အရမ်း မြန်တယ်။ အော်တိုမက်တစ် ပြည့်သွားသလိုပဲ။ အစကတည်းက သားက အော်တိုမက်တစ် ရလာတာကိုး။ အော်တိုမက်တစ် ရလာတယ် ဆိုတာ တခြားဟာတွေကို ပြောပါတယ်။ သမီးလေး မြတ်နိုးတုန်းကဆို ယူမယ် မယူဘူး စဉ်းစားလိုက်ရတာ။ တွက်ချက်လိုက်ရတာ။ သားငယ် ကိုထူးကတော့ မထင်မှတ်ဘဲ ရလာတယ် ဆိုတော့ တွေးစရာ တွက်စရာ မလိုတော့ဘူး။ အရင်ကတည်းကလည်း ကလေး ၂ ယောက်လောက် ယူမယ် စိတ်ကူးထားတဲ့ အတွက် ကိစ္စတော့ မရှိပါဘူး။ သမီးကိုယ်ဝန်နဲ့ တုန်းကလည်း ယောက်ျားလေး ဖြစ်အောင် သားဆုပန်ဖို့တို့ ဘာတို့ လုပ်လိုက်သေးတယ်။ သားလေး အလှည့်ကျတော့ အလိုက်တသိနဲ့ ယောက်ျားလေး ဖြစ်သွားတာ ကံကောင်းတယ်။

သားလေးက မွေးတုန်းကလည်း အော်တိုမက်တစ်ပဲ။ သမီးတုန်းကဆို ဆေးတွေ ဘာတွေနဲ့ တစ်နေကုန် ချူထားပြီး မွေးတော့လည်း Vacumm တွေဘာတွေ လုပ်ရသေးတယ်။ သားကတော့ ဆေးရုံရောက်ပြီး တစ်နာရီတောင် မပြည့်ဘူး။ ၄၅ မိနစ်နေတော့ ထွက်လာပြီ။ အမေလည်း အရမ်း မနာကျင် မပင်ပန်းလိုက်ရဘူး။

သမီးတုန်းကတော့ ကလေး တစ်ယောက်မွေးဖို့ ပိုက်ဆံတွေ စုလိုက်ရတာ။ မွေးတော့လည်း အတော်လေး ကုန်တယ်။ ဆိတ်အထွာနဲ့ ဆိုရင် ပြောပါတယ်။ သားကတော့ မွေးပြီးတော့လည်း အစိုးရဆီက ထောက်ပံ့ကြေးရ ကာကွယ်ဆေးထိုးတာ ဆေးခန်းပြတာလည်း ဖရီးဆိုတော့ ငွေရေး ကြေးရေးဆိုတာ သိပ်မပူရဘူး။ သားက သူ့အထုတ်နဲ့ သူလာတယ်ဆိုပြီး ပြောနေကြတယ်။ သားအလှည့်ကျတော့ အခုထိ အမေနို့ပဲ သောက်တယ်။ အမေနို့က အော်တိုမက်တစ် ထွက်တာ ဆိုတော့ အင်မတန် စားရိတ်ငြိမ်းတယ်။ နို့ဗူးတွေ အဲဒီ နို့ဗူးတွေ ဆေးဖို့ ပေါင်းဖို့ ဘာညာကွိကွတွေ ရှာစရာ ၀ယ်စရာ မလိုတော့ဘူ။ နို့မှုန့်ဗူးဖိုးလည်း မကုန်တော့ဘူး။ အထူးသဖြင့်တော့ ညည နို့ထဖျော်ရတာမျိုး ကရိကထ မများတော့ဘူး။ သားဆာပြီဆိုတာနဲ့ နို့က အဆင့်သင့်ပဲ။ ကစားစရာတွေလည်း အထွေအထူး ၀ယ်နေစရာ မလိုဘူး။ သမီးတုန်းက ကစားစရာတွေနဲ့ပဲ ဟုတ်နေတယ်။ အ၀တ်အစားတွေတောင် ငယ်သေးတော့ တချို့ဟာတွေ ၀တ်လို့ ရနေသေးတယ်။ ဒါတောင် သူ့အမေက သမီးဘောင်းဘီ ပန်းရောင်တွေ ၀တ်ပေးလို့ ပြောတော့လည်း အိမ်နေရင်းပဲ ဘာဖြစ်လဲတဲ့။

တခုခု တတ်တာဆိုရင်လည်း သားက အချိန်ရောက်ရင် သူ့ဘာသူ တတ်သွားရော။ ဥပမာ မှောက်တတ်ခါစတုန်းကတို့၊ မွေ့ယာပေါ်က လျှောချတာတို့ ဆိုဖာကို လက်နဲ့ ဆွဲပြီး ရပ်တာတို့။ သမီးတုန်းကဆို မရမချင်း အနာခံပြီး ကြိုးစားတယ်။ သားကတော့ သူမလုပ်နိုင်သေးရင် မလုပ်ဘူး။ အနာခံပြီးတော့လည်း မလုပ်ဘူး။ သူတတ်စရာရှိ သူ့ဘာသူ တတ်သွားတာပါပဲ။
ကျွန်တော်တို့ကလည်း နောက်ကလေးဆိုတော့ အထာကျသွားတာလည်း ပါတယ်။ ဘာဆိုဘာ သိနေတော့ စိတ်အရမ်းပူရတာတွေ ဘာတွေ မရှိတော့ဘူး။ သမီးတုန်းကလည်း ဗိုက်နာ လေနာ၊ ရာသီဥတု ပူတာ အေးတာ သိပ်ပြဿနာ များတယ်။ ကျွန်တော်တို့က ကဲတာ သဲတာလည်း ပါတယ်။ သားကတော့ တော်ရုံတန်ရုံ ဘာမှ ကြည့်စရာ ပူစရာမလိုဘူး။ သူ့ဘာသူ ဟုတ်နေတာပဲ။

အထူးသဖြင့်တော့ သူ့ထက် အကြီး တစ်ယောက် ရှိတာ အင်မတန် အဆင်ပြေတယ်။ သိပ်ပြီးတော့ ထိန်းစရာ ဆော့ပေးစရာ မလိုတော့ဘူး။ ကိုထူးက သူ့အစ်မနဲ့ ဆော့ရတာ အရမ်း ပျော်တယ်။ သူ့အစ်မကလည်း သူ့မောင်လေးကို ချစ်တော့ ချစ်ပါတယ်။ ဒါပေမယ့် နားမလည်သေးလို့ အရုပ်တွေဆိုရင် လုတယ်။ သူ့မောင်လေးကိုဆိုရင် တွယ်သလား မမေးနဲ့။ အဲဒီလို လုပ်လွန်းလို့ သားသားက ကစားစရာ တစ်ခုခုနဲ့ ဆော့နေတာ သူ့အစ်မ လာပြီဆိုရင် လက်ထဲကဟာကို လှမ်းပေးပြီးသား ဖြစ်နေရော။ သူ့အစ်မ စိတ်ဆိုးနေပြီ ဆိုရင်လည်း မျက်စိလေးမှိတ်ပြီး ခေါင်းလေး ရှေ့တိုးပြီး ခံပေးတယ်ဗျာ။ တကယ်ပြောတာ။ အခုတော့ သားကလည်း သူစိတ်ဆိုးပြီဆိုရင် ပြန်တွယ်တယ်။ ဒါပေမယ့် သူပဲ ခံရတာပါပဲ။ သူ့အစ်မက သူ့အတွက် အစစ အရာရာ အားကျစရာ သင်ယူစရာပဲ။ သူ့အစ်မကို ဆိုရင် ကြည့်နေတာ အထင်ကြီး ချစ်ခင်တဲ့ပုံနဲ့။ သူ့အစ်မက သူ့အတွက်ဆို ဆရာကြီးပေါ့။ သူ့အစ်မ ဘာလုပ်ပြ လုပ်ပြ သဘောကျပြီး တခွိခွိ ရယ်တာဆိုရင် မဆုံးတော့ဘူး။ မောင်နှမနှစ်ယောက်ဆိုတော့ အဖော်ရတော့ အတော်ဆော့တယ်။ ကိုထူးကလည်း လမ်းသာ မလျှောက်တတ်သေးတာ မျောက်ကလေးလိုပဲ ကျော်ခွတက်ဆော့တယ်။
သမီးက ၁ နှစ် မွေးနေ့လုပ်တော့ မျက်နှာလေးက ဘာမှ နားမလည်သေးသလိုပဲ။ သားသားကတော့ အေးဆေးပဲ။ သူ့ဘာသူ နားလည်နေသလိုပဲ။ မျက်လုံးတွေက နားလည်တာ ပြနေတယ်။ သားက ပိုနားလည်လွယ် ပိုတတ်လွယ်တယ်။ လူကြီးတွေနဲ့လည်း ဆက်ဆံ တတ်ပုံပဲ။ လူစိမ်းတွေဆိုလည်း သမီးလောက် မကြောက်တတ်ဘူး။

ယောက်ျားကလေးဆိုတော့လည်း သူ့အထာနဲ့သူ။ သားနဲ့ သမီးက အတော်ကွာတယ်။ မျက်စိရှေ့မှာ နှစ်ယောက်စလုံးကို ကပ်လျက် မြင်နေရတော့ သားယောက်ျားလေးနဲ့ သမီး မိန်းကလေး ကွာတာတွေ တွေ့နေရတယ်။ ကြီးလာရင် ပိုကွာမည်။ မိဘတွေလည်း နှစ်ကောင်စလုံးကို နိုင်အောင် ထိန်းကျောင်းရမှာဆိုတော့ အထာနှစ်မျိုးစလုံး နပ်မှ ဖြစ်မယ်။
အဘိုးတွေ အဘွားတွေတုန်းက ကလေးတွေ ၇ယောက် ၈ယောက် ဘယ်လိုများ မွေးပြီး ဘယ်လိုများ ကြီးပြင်းအောင် ပျိုးထောင်ပေးသလည်းဆိုတော့ ဒီလိုပဲ မွေးပြီး သူ့ဘာသူ ဖြစ်သွားတာပဲတဲ့။ အခုခေတ်လည်း ကလေးတွေကို Special Care မလိုဘဲ သူတို့ဘသာ သူတို့ ကြီးပြင်း ဖြစ်ထွန်း သွားရင် ကောင်းမည်။ ဒါပေမယ့် သားသမီးတွေဆိုတာ မိဘက အလိုက်အထိုက် ကြည့်ပေး ပျိုးထောင်ပေးရုံနဲ့ သူ့ဘာသူ ဖြစ်ထွန်းသွားတဲ့ အော်တိုမက်တစ် သားသမီးတွေ ရှိသလို မိဘက ဟဲ့စာကြည့် ဟဲ့ကျောင်းသွား ဟဲ့အလုပ်လုပ် နောက်ကနေ လိုက်ပြောနေတာတောင် သူများနောက် အောက်ကျနောက်ကျ ဖြစ်နေတဲ့ သားသမီးမျိုးလည်း ရှိနိုင်တာပဲ။ အခုခေတ်ကလေးတွေအတွက် မိဘတွေက ပိုပြီး လုပ်ပေးရသလိုပဲ။ ခေတ်ကြီးကပဲ ပိုပြီး Competitive ဖြစ်လာတာပဲလားတော့ မပြောတတ်ဘူး။

သားသားကတော့ ကိုယ်ဝန်ဆောင်ကတည်းကနေ ပထမ တစ်နှစ်အထိကတော့ အော်တို နီးနီးပဲ။ နောက်ကြီးလာရင်တော့ ဘယ်လို နေမလဲ မသိဘူး။ ဒီနေ့က သားသားအတွက် ပထမဆုံး မွေးနေ့ဆိုတော့လည်း မှတ်မှတ်ရရ လုပ်ပေးလိုက်တယ်။ မနေ့က ဘုန်းကြီးကျောင်း သွားပြီး ဘုန်းကြီးကို သွားပြီး အလှူသွားလုပ်တယ်။ သမီး မွေးနေ့တုန်းက သွားတဲ့ ကျောင်းပဲ။ အဲဒီကျောင်းနဲ့ ဓါတ်ကျနေတယ်။ ဘုန်းဘုန်းကလည်း ကလေးတွေကို ချစ်တယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး ဘုန်းကြီးနဲ့ ကျောင်းအတွက် အလှူငွေလှူပြီး ကလေးတွေကို ဘုန်းကြီးကျောင်း ခေါ်သွားချင်တာရောပါ။ ဒီနေ့တော့ သူငယ်ချင်း မိသားစုတွေ ဖိတ်ပြီး မွေးနေ့လေး လုပ်တယ်။ သားသားကတော့ ဘာမှ မသိသေးဘူး။ သူ့အစ်မကတော့ ကလေးထိန်းကျောင်းမှာ Happy Birthday လုပ်နေကျဆိုတော့ နည်းနည်းတော့ သိနေပြီ။

မွေးလာပြီးတော့လည်း ကလေးတွေကို အော်တိုမက်တစ် ကြီးသွားပါစေတော့ပဲ ဆုတောင်းနေတော့တယ်။ ။

43 comments:

P.Ti - 5/24/09, 7:32 PM

ဝမ်းသာ ကြည်နူးစရာလေးပါ။
Happy Birthday သားသား ထူးမြတ်လင်း...

အချိန်တွေကုန်တာ မြန်လိုက်တာနော်

သက်ဝေ - 5/24/09, 7:39 PM

Happy Birthday သားသား မောင်ထူးမြတ်...
Remote Control ကိုင်ပြီး ရယ်နေတဲ့ပုံလေးက ချစ်စရာကောင်းလိုက်တာ... သွားသေးသေးလေးတွေနဲ့...

MrDBA - 5/24/09, 8:22 PM

Happy Birthday သားသားလေး။

Mie - 5/24/09, 8:27 PM

Happy Birthday ပါ သားသားလေးရေ....ထူးချွန်လိမ္မာတဲ့ သားလေးတစ်ယောက် ဖြစ်ပါစေ....

Anonymous - 5/24/09, 8:32 PM

မွေးနေ့ နှစ်တရာကျော်တိုင် ပျော်ရွှင်သောဘ၀ လေးကို ရရှိပါစေ သားသားအော်တိုမက်တစ်လေးရေ..
ကြီးကြီးခင်မင်းဇော်

JuneOne - 5/24/09, 8:59 PM

happy birthday

အိ - 5/24/09, 9:25 PM

အကို အန်ဒီနဲ့ အမ
သားနဲ့သမီးပုံတွေ လာလာကြည့်ဖြစ်တယ်။ သမီးကလည်း သမီးလို ချစ်စရာကောင်းတယ်။ သားမျက်နှာလေးက ပိုအေးချမ်းသလိုပဲ။ နှစ်ယောက်လုံး ချစ်စရာ ကောင်းတာပါပဲ။
သမီးက အခု ဗိုလ်ကျသလို ရှိပေမယ့် နောက်ကျတော့လည်း အမကြီးကပဲ ပိုညှာပါလိမ့်မယ်။
အိငယ်ငယ်က အမေက ရှေ့က အကို၂ယောက်လုံး ဆုံးသွားတော့ ငါ့သမီးလေး လောကထဲ တစ်ယောက်တည်း ဖြစ်တော့မှာဆိုပြီး ညီမလေးကို အသက်နဲ့ ရင်းပြီး လေးခါမြောက် ဗိုက်ခွဲမွေးပေးထားတာတဲ့။
အဲလိုပြောတော့ ဒီကလေးလေးက အမေက ငါ့ကို ပေးထားတဲ့ အထုးလက်ဆောင်လေးဆိုပြီး ချစ်ရတယ်။ မနာလိုတာ မတည့်တာ မဖြစ်ခဲ့ရဘူး။ အခုမှ ပြန်စဉ်းစားကြည့်တော့ ပြောတတ်တဲ့ အမေ့ကိုလည်း ပိုချစ်ရတယ်။ ညီမလေးကိုလည်း ချစ်ရတာပါပဲ။
သား တစ်ယောက် သမီးတစ်ယောက် အိပ်မက်ကို အိတို့လင်မယား နှစ်ယောက်လည်း မက်နေကြတော့ ကလေးတွေ လာလာကြည့်ရတာ ပျော်တယ်။

Rita - 5/24/09, 9:43 PM

Happy Birthday ပါ ကလေး!
:)

ပန်းခရမ်းပြာ - 5/24/09, 9:46 PM

Happy Birthday ပါ သားသား။

T T Sweet - 5/24/09, 10:22 PM
This comment has been removed by the author.
T T Sweet - 5/24/09, 10:24 PM

ကိုအန်ဒီ
ကျွန်မလဲ သမီးအတွက် အဲလိုအမြဲဆုတောင်းတယ်။ ခလေးကို pressure တွေ မပေးချင်ဘူး။ သူ့အလိုလို ကျောင်းကပေးတဲ့စာနဲ့သူ့ဟာသူလုပ် ... နားလည်ပြီး အော်တိုမက်တစ် တတ်သွားတာ နားလည်သွားတာမျိုးဖြစ်စေချင်တယ် ... စလုံးမှာတော့ ကျောင်းကြီးမတက်ခင် k1 k2 (သူငယ်တန်း) မှာကို အိမ်ခေါ်သင်ပြီး ကျူရှင်ယူနေရပြီ။ အော်စီမှာတော့ ခလေးတွေ အတော် သက်သာတယ်လို့ကြားတယ်။ အော်စီများ မတော်လို့ ပြောင်းဖြစ်ခဲ့ရင် စဉ်းစားတဲ့ အထဲ သမီးပညာရေးက အဓိကဖြစ်နေမလားပဲ။


စကားမစပ် ... သားလေးက အတော်ချစ်ဖို့ကောင်းတာပဲ။သားတစ်ယောက် သမီးတစ်ယောက် အားကျပါ၏။
Happy Birthday ပါ ... သားလေး ထူးမြတ်လင်း...

sin dan lar - 5/24/09, 10:55 PM

သူ့အစ်မ တီးခါနီးကျ ခေါင်းလေးထိုးခံပေးတယ်ဆိုလို့ သနားလိုက်တာ...။
အစ်မက နာအောင်မလုပ်လောက်ဘူးလို့ သိနေလို့လည်း နေမှာပေါ့နော်...။

ကောင်းကင်ပြာ - 5/24/09, 11:37 PM

ံ့Happy birthday ပါ သားသားရေ

rita - 5/24/09, 11:42 PM

ko htoo lay yay,,,,
Happy Birthdayyyy,,,

Kay - 5/25/09, 12:25 AM

တနှစ်ပြည့် သားလေး ထူးမြတ်လင်း အတွက်-
မွေးနေ့ လက်ဆောင်
( ဖြေ ကြည့်)း))

Khaing - 5/25/09, 12:36 AM

Happy Birthday Thar Thar Htoo Myat Linn!!! :)

Anonymous - 5/25/09, 1:51 AM

အပြစ်ကင်းတဲ့ ကလေးပုံလေးတွေ ကြည့်ရတာ စိတ်အေးချမ်းလိုက်တာ။ သားသား တသက်လုံး စိတ်ချမ်းသာစွာနဲ့ ကျော်ဖြတ်နိုင်ပါစေ။

khin oo may - 5/25/09, 3:22 AM

့happy birthday ထူးမြတ်လင်း

Anonymous - 5/25/09, 3:57 AM

Happy Birthday Thar Thar Htoo Mayt Lynn!
Wish you happiness, good health and success in your life.

sawminnpyo - 5/25/09, 5:52 AM

သား နဲ. သမီးရှိတဲ့ အတွက်ကံကောင်းပါတယ်..နှစ်တိုင်း ပျော်ရွှင်တဲ့ မွေးနေ.များစွာ ဆင်နွဲနိုင်ပါစေ

Anonymous - 5/25/09, 2:25 PM

Ur kids r so cute!
I always visit ur blog to see ur kid pics.
-moeyae

Shinlay - 5/25/09, 5:46 PM

Happy Birthday thar Thar.
ကျမမှာ ကလေးမရှိတော့ ကလေးရှိတဲ့မိသားစုတွေ မြင်ရရင်
ဝမ်းသာရတယ်။

nu-san - 5/25/09, 9:50 PM

သားသားက တစ်နှစ်ပြည့်သွားပြီ။
ချစ်ဖို့ကောင်းလိုက်တာ.. ရီနေတာများ သိပ်အသက်ပါတာပဲ.. Happy Birthday ပါ သားသားရေ..

ထူးချွန်ထက်မြက်တဲ့ သားလိမ္မာလေး ဖြစ်ပါစေ.. ;)

Anonymous - 5/25/09, 11:22 PM

ချစ်ဖို့ကောင်းလိုက်တာ..သားလေးက...ပါးနှစ်ဖက်ကို အားရပါးရ အာပွားပေးပြီးနမ်းထည့်လိုက်ချင်တယ်...တစ်ပြိုင်နက်တည်းပါးကို ကိုက်ပါကိုက်လိုက်ချင်တယ်...ချစ်စရာကောင်းပြီးအသည်းယားလွန်းလို့ပါ..
ဟီးဟီး...:)

MANORHARY - 5/25/09, 11:40 PM

Happy Birthday ပါသားကလေး ထူးမြတ်လင်း
အန်တီနော်

မီးမီးချစ် - 5/26/09, 4:05 PM

ညမ လဲ ငယ်ငယ်တုန်း က မောင်တွေ ညီမတွေကို တီးသလား မမေးနဲ့..
ခုတော့ မလုပ်ရဲပါ... ကြောက် ပါ သည်..
Happy Birthday ပါ ... သားလေး ထူးမြတ်လင်း

Anonymous - 5/26/09, 6:42 PM

ကလေးလေးက ချစ်စရာလေး... like mother, like son ပေါ့နော်....
Don't mind ko Andy... ပဲာပဲာ ( အဖေတူလို့ မပြောလိုက်လို့ )

Happy Birthday Htoo Myat Linn!!!!!

Lay Pyay

Myo - 5/27/09, 5:01 AM

ကျွန်တော်လည်းသားလေးလိုချင်တာ အခုသမီးလေးဘဲထပ်ရအုံးမယ်၊ ဘာဘဲပြောပြောသမီးကြီးအတွက်အဖော်ရတာလို့ဘဲဆိုရမယ်၊ ရှေ့လကုန်မွေးမယ်ဆိုတော့ ရင်ခုန်နေရတယ်၊
၁ဂိုးသွင်းပြီးတဂိုးပါယ်နတီထပ်ပေးခံထားရတယ်၊ နောက်တာပါ..ဒီလိုသဘောမထားပါဘူး
ရျွင်လန်းချမ်းမြေ့ပါစေ..

Taungoo - 5/29/09, 1:11 AM

အပေါ်ဆုံးက ပြောင်ပြနေတဲ့ ပုံလေးက ချစ်စရာလေး။

သားသား ထူးမြတ်လင်း ပျော်ရွှင်ကျန်းမာပါစေ

Phyo Maw - 5/31/09, 12:34 AM

မိန်းမ မြန်မြန်ယူရင်ရမလား မယူရဘူးလား
စဉ်းစားသွားဘီ :D

ourstream - 5/31/09, 7:35 PM

ကလေးက ချစ်စရာလေးပါလား...
happy birthday ပါ သားသားရေ...။

moemoe - 5/31/09, 9:04 PM

ကလေးလေးကချစ်စရာကောင်းလိုက်တာ မိဘကိုအိုမင်းမစွမ်းဖြစ်တဲ့အထိမညိုမညင်လုပ်ကြွေးနိုင်သော သားကောင်းသားရတနာလေးဖြစ်ပါစေ

Andy Myint - 5/31/09, 9:25 PM
ဆုတောင်းပေးသွားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာမှတောင် မကျွေးလိုက်ရဘူး...း) စကားမစပ် တီတီဆွိ .. စင်္ကာပူမှာ ကလေးတွေကို စာတွန်းသင်တော့ ကလေးတွေ ခမျာ ပင်ပန်းပါတယ်။ ဒါပေမယ့် စင်္ကာပူကနေ သြော်ဇီ ပြောင်းတဲ့ ကလေးတစ်ယောက်ကတော့ အရည်အချင်း စစ် စာမေးပွဲဖြေပြီးတော့ အတန်း တစ်နှစ် ကျော်တက်ခွင့်ရတယ်။ စင်္ကာပူက ကလေးတွေက ပိုတတ်တဲ့ သဘောပေါ့။
Moe Cho Thinn - 6/3/09, 2:07 PM

သားသားက ချစ်စရာကောင်းလိုက်တာ ကိုအန်ဒီ နဲ့ ညီမရေ။
တနှစ်တောင် ပြည့်သွားပြီလား။ သူ့အမစိတ်ဆိုးရင် မျက်စိလေးမှိတ်ပြီး ခေါင်းထိုးခံပေးတယ်ဆိုလို့ သနားလိုက်တာ။ အငယ်တွေက အမြဲ အကြီးတွေကို အထင်ကြီးစိတ်နဲ့ လိုက်လိုက်လျောလျော ဆက်ဆံတတ်တယ်။ သူတို့ကိုယ်သူတို့လဲ ပိုတော်အောင် ကိုယ့်ဖာသာကိုယ် ကြိုးစားတတ်တယ်။
သားသားလေးမွေးနေ့မှာ အလာနောက်ကျပေမဲ့ တမိသားစုလုံးအတွက် ကံကောင်း ပျော်ရွှင် ပြည့်စုံတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်မြဲ ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပါလိုက်ပါတယ်။
ပညာတတ် အဖိုးတန် ရင့်ကျက်သူ ကိုထူး ဖြစ်စေ..

BlueBerry - 6/4/09, 12:16 PM

ကလေးတွေကအရမ်းချစ်ဖို့ကောင်းတယ်.....

Anonymous - 6/8/09, 5:41 PM

Zawgyi font users: ask yourself
Are you an ethnic cleanser ? and a THIEF ?
Are you destroying the cultures, languages of Mon,Shan,karen,Kayah etc.,?
You might have blood in your hands. or get caught with stolen goods.
Read about Zawgyi font at http://tr.im/mnh8 how Zawgyi font deliberately abuse
our brothers' culture and languages .(stole spaces reserved fro Mon,Shan,Kayah, Karen

etc.,).
http://www.myanmars.net/unicode/

uranusaquarian - 6/9/09, 6:37 PM

WeSheMe မှ auto ကိုထူးလေး ဆက်လက်ပြီး Auto ဖွံ့ဖြိုးကာ ကျန်းမာ ပျော်ရွှင်ပါစေခင်ဗျား။ ပျော်ရွှင်သော မိသားစုဘ၀ဖြင့် ဘ၀ကို ကျေနပ်စွာ ဖြတ်သန်းနိုင်ပါစေ။

Anonymous - 6/10/09, 12:05 AM

ပထမဆုံးပုံလေးက ချစ်ဖို့ကောင်းတယ်။ ခဏခဏပြန်လာချောင်းကြည့်နေမိတယ်

မိုးကောင်းသူ - 6/12/09, 12:03 PM

ကိုအန်ဒီ
မနေ့က IKEA ပို့စ်တင်ထားတာကိုရှာနေတာ တော်တော်လေးကြာသွားတယ်။ :D IKEA အကြောင်းရေးထားတာလင့်ချင်လို့ပါ။

တောင်ပေါ်သား - 6/17/09, 10:50 AM

Happy Birthday ညီငယ်လေးရေ.. ညီလေးက ချစ်စရာလေး ရီနေတာလေးက တကယ့်ကိုသာယာတဲ့ မိသားစုပဲ အကိုရေ ပျော်ရွှင်မိတယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

sin dan lar - 6/19/09, 5:50 PM

ဒီနေ့ ဝီရှီမီ ဖွင့်ဖွင့်ချင်း အပေါ်ဘယ်ဖက်ထိပ်မှာ ပေါ်လာတဲ့ သားပုံလေးက သနပ်ခါးတွေ ကြောင်ကြားပြီး ချစ်စရာကောင်းလိုက်တာ....။ စီဘောက်စ်မတွေ့လို့ ဒီမှာ လာပြောနေတုံး တခြားပုံပြောင်းသွားတယ်..။

phyo - 9/15/09, 5:31 PM

အိမ်ထောင်ပြုတော့မယ် မိသားစုဘ၀လေးကို တည်ဆောက်တော့မယ်ဆိုပြီး စိတ်ထဲဝင်ဝင်လာတိုင်း ကိုအန်ဒီ ရဲ့ မိသားစု ဘလော့ဂ် အိမ်လေးကိုပဲ လာလာဖတ်ဖြစ်တယ်

Andy Myint - 9/16/09, 8:54 PM
အင်း... အိမ်ထောင်ကျပြီး ကလေးတွေ တပြုတ်ကြီးရမှ အဲဒါ ကိုအန်ဒီ မြှောက်ပေးလို့ဆိုပြီး လာပြောမှာ မြင်ယောင်သေးတယ်..

Post a Comment

Many thanks for dropping a comment…

Film