သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ
ဒီခေါင်းစဉ်ကတော့ အိမ်ထောင်သည်တွေရယ် ရှာရှာဖွေဖွေ ဖတ်တတ်တဲ့သူတွေနဲ့ ရင်းနီးမယ်ထင်တယ်။ အိမ်ထောင်သည်တွေအတွက် မြန်မာပြည်မှာ ရှားရှားပါးပါး ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ စာအုပ်တစ်အုပ်လေ။ အခုရေးမှာ အဲဒါမျိုးနဲ့ သိပ်မဆိုင်လှပါဘူး။ ထုံးစံအတိုင်း ကျွန်တော်တို့ လင်မယား အကြောင်းပါ။
ငယ်ငယ်တုန်းက လင်မယားတွေ အမြဲတမ်း ဖက်ပြီးအိပ်တယ် ထင်ခဲ့တာ။ ရုပ်ရှင်တွေထဲကလို အမျိုးသမီးက အမျိုးသား လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး ရင်ခွင်ထဲမှာ ခေါင်းတိုးဝင်ပြီး တစ်ညလုံး ဒီလိုပဲ အိပ်နေကြမယ်လို့ပဲ ထင်ထားတယ်။ လူပျိုဖြစ်တဲ့ အထိတောင် အသိ အိမ်ထောင်သည် အစ်ကိုကြီးတွေ အချင်းချင်း သူတို့ မိန်းမတွေအကြောင်း ပြောတော့ သူ့မိန်းမက သူအရမ်းဟောက်လို့ ကုတင် ဟိုဘက်စွန်း ဒီဘက်စွန်း အိပ်တဲ့ အကြောင်းတို့ တစ်ယောက်က ဟာ.. ဒီလောက် ရာသီဥတု ပူတာ လင်မယားနှစ်ယောက် ဘယ်လိုလုပ် ပူးပူး ကပ်ကပ် အိပ်မှာလဲတို့ ပြောတော့ ဒီလူတွေ ရိုမန်း မတစ်လိုက်တာ ကိုယ့် မိန်းမကို အဲဒီလောက် မချစ်ဘူးဆိုပြီး စိတ်ထဲမှာ ကြိတ်ပြောနေလိုက်သေးတယ်။
တကယ်တော့လည်း အိပ်ပျော်သွားရင် လင်မယားတွေ တစ်ယောက်ကို တစ်ယောက် ဖက်ပြီးတော့ တစ်ညလုံး ဘယ်အိပ်နိုင်ပါ့မလဲ။ ကိုယ့်ဘာသာကိုယ် သက်တောင့်သက်သာ ရှိဖို့ လိုအပ်တာပေါ့။ အိပ်နေတဲ့ အချိန်မှာ လူတစ်ယောက်က ဟိုဘက်ဒီဘက် ဘယ်နှခေါက်လှည့်တဲ့ အကြောင်းတို့ ခြေတွေလက်တွေ ဘယ်လို ဆန့်တဲ့ အကြောင်း ဘယ်လို ကွေးတဲ့ အကြောင်းတွေက Documentary တစ်ခုမှာ လူတစ်ယောက် အိပ်နေတာကို ဗွီဒီယို ရိုက်ထားပြီး အမြန် ပြန်ပြတော့ ကြည့်လိုက်ရသေးတယ်။
အိပ်ခါနီး တစ်ယောက်ကို တစ်ယောက်ကို ဖက်ထားရင် နွေးထွေးတယ်။ အမြန် အိပ်ပျော်တယ်ဆိုတာလည်း အမှန်ပါပဲ။ တစ်ယောက်ကို တစ်ယောက် ဖက်ထားရင် Cuddle Hormone လို့ ခေါ်တယ် Oxytocin တွေ ထွက်လာပြီး တခြားဟာတွေကို စိတ်မရောက်တော့ပဲ အမြန် အိပ်ပျော်စေတယ်။ ဒီလို နွေးထွေးမှုက အထူးသဖြင့် စိတ်ဓါတ်ကျနေချိန်တွေ အတွေးတွေနဲ့ ယောက်ယက်ခက်နေချိန်မှာ အလိုအပ်ဆုံးနဲ့ အထိရောက်ဆုံးပါပဲ။
ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာ ဇာတ်လမ်းမှာလား ရှင်မွှေးလွန်းက မင်းနန္ဒာရဲ့ ညာဘက်လက်ပေါ်မှာ ခေါင်းအုံး အိပ်လို့ မင်းနန္ဒာ ဘုန်းတွေ ကံတွေ နိမ့်ပြီး ကံဆိုးမိုးမှောင်ကျသွားရတယ် ဆိုတယ်။ ယောက်ျားတို ဘုန်း ညာလက်ရုံးမှာ ရှိလို့ အမျိုးသမီးတွေက ညာဖက်ကို ခေါင်းအုံး မအိပ်ဘူး။ ယောက်ျားရဲ့ ညာဖက်မှာ မအိပ်ဘူးလို့ ပြောကြတယ်။
လင်မယားတွေ ဖက်အိပ်ကြလား မေးရင် များသောအားဖြင့်တော့ ရာသီဥတုကို အကြောင်းပြကြမယ်။ ဒီလောက် ပူစပ်ပူလောင်နဲ့ ချွေးတလုံးလုံးနဲ့ ကိုယ့်ဘာကိုယ်တောင် ယပ်ခတ် အိပ်နေရတာ နှစ်ယောက် ဘယ်လိုလုပ် ဖက်ပြီး အိပ်မလဲ ဆိုရင်လည်း ဟုတ်နိုင်တာပဲ။ ရှင့်ကိုယ်က ဂျိုင်ချွေးစော်နံတယ်။ ဒီလိုကြီးနဲ့ ဖက်မအိပ်နိုင်ပါဘူးတော် ဆိုရင်လည်း အကြောင်းပြလို့ ရတာပဲ။ မင်းဆံပင်တွေ ငါ့မျက်လုံးထဲ နားထဲ ၀င်လို့ ဖက်မအိပ်ဘူးကွာဆိုလည်း ဖြစ်နိုင်တာပဲ။
ကျွန်တော်ကလည်း သူမကို ပြောပြတယ်။ အိပ်နေတုန်း သေသွားတဲ့ သူတွေ ရှိတယ်လို့။ သူတို့က အိပ်နေတုန်း အသက်မရှူတော့လို့ သေနိုင်တာ။ ခေါင်းမြီးခြုံ အိပ်ရင်လည်း အဲဒီလို မျိုး သေနိုင်ကြောင်း ဘာဖြစ်လို့လဲ ဆိုတော့ လူက အသက်ရှူထုတ်လိုက်ရင် ကာဘွန်ဒိုင် အောက်ဆိုက်တွေ ထွက်ပြီး အဲဒီ ဓါတ်ငွေ့တွေပဲ ရှူနေရပြီး သေသွားတာလို့။ အဲဒီတော့ သူမက အဲဒါဆို သူတို့က ရေမွန်းသလို ရုန်းရင်း ကန်ရင်း စောင်ကို မလှန်မိဘူးလား ဆိုတော့ အိပ်နေတုန်း အိမ်မှာ မီးလောင်လို့ မီးခိုးတွေ ရှူမိရင်တောင် အိပ်နေတဲ့လူက မသိနိုင်ကြောင်း ဦးနှောက်က ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့ သွေးတွေပဲ ရလို့ ပြန်မနိုးနိုင်လောက်အောင်ကို အန္တရာယ်များကြောင်း ပြောပြတယ်။
ပြီးတော့ ပြောပြတယ်။ တကယ်လို့ သူမကို ဖက်ထားပြီး နှစ်ယောက်သား အိပ်ပျော်သွားရင် နှစ်ယောက်စလုံးက မျက်နှာချင်း ဆိုင်ထားလို့ ရှိရင် တစ်ယောက် ရှူထုတ်လိုက်တဲ့ ကာဘွန်ဒိုင် အောက်ဆိုက်ကို တစ်ယောက်က ရှူပြီး နှစ်ယောက်စလုံး အသက်ရှူကျပ်ပြီး အန္တရာယ်များကြောင်း ပြောပြတယ်။ သူမကလည်း မျက်လုံးလေး အ၀ိုင်းသားလေးနဲ့ နားထောင်ပြီး ဒီလိုဆိုတော့လည်း ကြောက်စရာကြီးနော်တဲ့။
သူမကလည်း ကျွန်တော့်ကို အလွန်စိုးရိမ်ရိမ် ပူပန်ရှာပါတယ်။ ရေခဲတောင်တက်တဲ့သူတွေက သူတို့ ခြေထောက်တွေ လက်တွေ သွေးမသွားတော့လို့ မျက်စိရှေ့မှာတင် ခြေချောင်းလက်ချောင်လေးတွေ ပုတ်သွားပြီး ကြွေကြသွားတဲ့ အကြောင်း ပြောပြပြီး သူမသာ ကျွန်တော့် လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး နှစ်ယောက်သား အိပ်မောကျသွားရင် လက်ကို သွေးမသွားဘဲ လေဖြတ်သလို ဖြစ်သွားနိုင်ကြောင်းကို အဲဒီလို အိပ်နေတုန်း တစ်ခေါက်မှာ ကျွန်တော် လက်မောင်းကျဉ်သွားပြီး လက်ဖျံတစ်ခုလုံး ဘာမှ မခံစားနိုင် မလှုပ်နိုင်တော့တဲ့ အချိန်မှာ ပြောပြထားလို့ နောက်ပိုင်းမှာ ကျွန်တော်လည်း ဘာမှ ပြန်မငြင်းနိုင်တော့ပါဘူး။ ။


31 comments:
:)
ဘာတတ်နိုင်သေးလဲ...
ဟုတ်ပ။ မှတ်ကရော။ အဟေး .. စာမရေးတာကြာလို့ ဆေးစာအုပ်များ အပင်ပန်းခံပြီး ပြန်ရိုက်ပြတော့မှာလားလို့။ ခွိ။
ဒါကြောင့် မားသားက ခဏခဏပြောတာဖြစ်မယ်
နင်အဖေ ဖြစ်မှသိမယ် တဲ့ ဟိဟိ
မှတ်သားသွားပြီဗျာ..
“ကိုကို့ လက်မောင်းပေါ်မှာ အိပ်ချင်လိုက်တာ” လို့ ပြောလို့ကတော့ ဒီပိုစ့် လာဖတ်ခိုင်းလိုက်မယ်..း)
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ဩော်။ ဂလို ဂလို ကိုး။ ရုပ်ရှင်တွေ ကြည့်ပြီးရင် တွေးမိတော့မှာပဲဗျာ။ :D
ဒီလိုဆိုတော့လည်း ကြောက်စရာကြီးနော်
သြော် ဟော် ဟော် .... အပြောကောင်းပဲး)
ကျမတို့ ကတစ်ယောက်ဆီခွဲ အိပ်တယ်။ တခါတခါ အတူတူ အိပ်ရင်
ကောင်းမလားလို့ တွေးမိတယ်။ ကျမအမျိုးသားကတော့ လုံးဝ ၂ယောက်
မအိပ်တတ်ဘူး။ ကြည့်ရတာ သူလည်း ကို Andy ပြောသလို reasonတွေ
ပြမယ်ထင်တယ်။ Ko Andy ရဲ့  Post ကိုပြန်ပြောပြလိုက်မယ်။
Pls say Hello to your Children and. esp. Thar lay.
we all like him. Take care.
ခေါင်းစဉ်ကြီး ဖတ်ပြီး.... လန့်ထှာဗျာ..... :D
ကံကောင်းလို့များ အိမ်ထောင်ရက်သား ကျရင် သုံးဖို့ မှတ်သွားပါတယ်။
hi
this is ko ko maung
i am the husband of shwe shinlay
glad to hear about your post on the reality
of sound sleep habits
my poor shinlay is suffering because she missing "petta", so jezutumbade, good to hear that others
also prefer to sleep alone, sadhu sadhu sadhu
thomas
အပြောကောင်း။း)
ယောက်ျားရရင်တော့ အိပ်လို့ရ/မရ မသိဘူး..
ခုထိတော့ မိန်းကလေးသူငယ်ချင်း ချင်း၊ အမေနဲ့ညီမတို့နဲ့တောင် နှစ်ယောက်မအိပ်တတ်ဘူး...း(
ကိုအန်ဒီပြောသလိုဘဲ သက်တောင့်သက်သာအိပ်နိုင်ဖို့သာအရေးကြီးပါတယ်။
တို့ကတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ သွေးကြောပိတ်ပြီး ကြွေမှာတွေတော့ မသိပါဘူး ကိုအန်ဒီ။
အနည်းဆုံးတော့ သူ စောင်ခြုံပေးမှ အိပ်တတ်တာပါ။ မေတ္တာခြုံပေးတာလို့ ပြောပြီးမှ အိပ်ပျော်တတ်လို့ပါလေ..။ :)
အချစ်အတွက် အသက်ပင်သေသေ ဖတ်အိပ်မှာပဲ...
လက်ဖြတ်၇င်လည်း ဖြတ်၇ပါလေ့စေ ခေါင်းအုံးလုပ်အိပ်မှာ...
အောင် မ ငြီး ၊ ခေါင်း စဉ် ကြည့် ပြီး အူယားဖားယား ကြည့် လိုက်တာ ၊ ဘာ မှ လဲ မပါ ဘူး ။
အေးလေ. version ပြန်မလို့ဥစ္စာ.
အစ်မရေ... မယုံနဲ့။
မမလှထုံရေ..ရန်ကုန်မှာရော စောင်ခြုံပေးမှ အိပ်တတ်တာပဲလားဟင်
ပူရအိုက်ရတွဲှ့ထဲ..မေတ္တာခြုံပေးရင်လဲ အိုက်တယ်ထင်မှာပဲ။
mm
နှစ်ယောက် ဖက်အိပ်တာ ရုပ်ရှင်ထဲမှာပဲ ရှိမယ်ထင်တယ်။ သူတို့က ၂မိနစ်လောက် သရုပ်ဆောင်ရတာကိုး။
the whole story tells that you want sleep seperately. what is next?
တစ်အုပ်လုံး ပြန်မရိုက်နိုင်လို့ ဒီလိုပဲ ခေါင်းစဉ်လေး ယူပြီး လုပ်စားကြည့်တာ မဆိုပါဘူး.. Mr DBA
လူပျိုလေး Phyo Maw လည်း မသိသေးပဲကိုး…
အဲဒါမှ ဒီစာမျိုးရေးတဲ့ ကျွန်တော်ပါ ရောပြီး “ဂေါက်” ခံရမှာ.. ကိုရင်နော်
ဂလို ဂလို ရှိတယ် ကုမ်ရာသီသူ
မကြောက်ပါနဲ့ Rita…
ကိုယ့်အပြောနဲ့ကိုယ် ပြန်အပတ်ခံရတာ မနုသွဲ့
မပူနဲ့ Shinlay… ကျွန်တော်တို့ ယောက်ျားတွေက ဒီလိုပဲ ယုံလောက်တဲ့ အကြောင်းပြချက်တွေ ပေးတတ်ပါတယ်။
Heartmuseum ရဲ့ လှန့်ထှာဗျာ.. ကြားတော့ ကျွန်တော်သူငယ်ချင်း အညာသားကိုတောင် သတိရတယ်။ အဲ..အေး.. သိပ္ပံနည်းကျ အိမ်ထောင်သည်ဘ၀တဲ့
Je-zu-tum-ba-de for your comment, Ko Ko Maung…
ဒီလိုပါပဲ Juneone
ဒီလို ပြောတဲ့သူတွေပဲ ယောက်ျားရရင် ပြောင်းလဲသွားတတ်တာနော် မကူးကူး..
ဟီးဟီး ကျွန်တော့်ကိုတော့ သူက စောင်ခြုံပေးတယ် မချိုသင်း
အိပ်စေဗျာ.. စာဖတ်သူ .. ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ မကြောက်ရင်
ဟားဟား ကိုစောဘုန်းလူလည်း ပါတယ်ကိုး… ကျွန်တော် ခေါင်းစဉ်နဲ့ မြှားထားတာ။ ဘာတွေ မျှော်လင့်ထားလို့တုန်းဗျ
ဘာပြောလဲ လိုက်မမီဘူး မခင်ဦးမေ
မေတ္တာခြုံပေးလို့ကတော့ အိုက်ချင် အိုက်ပါလေ့စေ MM
ဒါပေါ့မီယာ ရုပ်ရှင်တွေကတော့ Romantic ဖြစ်အောင်ပေါ့.. အိမ်ထောင်မကျသေးတဲ့သူတွေ ခံစားပြီး ပျော်ပါစေ.. နောက်မှ သိမယ်
ဟုတ်တယ်နော်...
ဆေးပညာအရ ကြည့်ရင် သက်တောင့်သက်သာဖြစ်ဖို့က အဓိက
ချစ်တာ မချစ်တာက ဒုတိယ....
ကိုအန်ဒီ ဘာရေးရေး ဗဟုသုတရပါတယ်...
ကျွန်တော်ကတော့ မသိသေးဘူး။ ဘယ်လိုအိပ်မယ်ဆိုတာတောင် စိတ်ကူးယဉ်ကြည့်ရဦးမယ်.. အဟိ
အဟိ ကိုဖတ်ပြီး ထပ်ဟိချင်သွားတယ်... ကပီတိရယ်....။
မီးချစ် ကတော့ အိပ်လို့  အသားလာထိရင် ကြိုက်ဘူး.. စောင်လဲ အသက်ရှူကျပ်ဖို့ မပြော နဲ့  ယောက်ယောက် နဲ့ မနဲလုနေရတယ်..း)
ကျမတို့လင်မယားဆိုခလေးရကတည်းကအခန်းခွဲအိပ်တာပါ...
ခလေးတွေကညဘက်ဆိုထထငိုတော့အိပ်ရေးမဝရင်အလုပ်လုပ်ရတာအဆင်မပြေမှာစိုးလို့လေ...
ကျမကိုယ်တိုင်လဲခလေးတွေနဲ့ဘဲအတူအိပ်ချင်တာ...
လင်မယားအတွေ့အကြိုတွေဖတ်ရလို့ဝမ်းသားတယ်။
ထူးခြားတယ်နော်...တယောက်တမျိုးဆီပဲ။
ကျမတို့လင်မယားတော့ ညအိပ်ယာဝင်ခါနီးမှာနှစ်ယောက်သားယုယစွားတင်းတင်းကျပ်ကျပ်ဖက်ကြတယ်။
ပြီးတော့လက်ကလေးကိုနှယောက်သားကိုင်ထားရင်းအိပ်ပျော်လေ့ရှိတယ်။
အိပ်ပျော်သွားရင်တော့ တယောက်တနေရဆီရောက်သွားတယ်။
ခင်တဲ့
ဂျာမုန်းဒန်
SO MANY SPACE BETWEEN HE AND ME..:p
KHINE
အန်ဒီ ရေ ၊ တစ် ခု ခု တော့ လုပ် ပါ ဦး
အပြည့်အဝ ထောက်ခံပါတယ်...
ဟောက်တတ်လွန်းလို့ကလေးလည်းရလာရော ကုတင် ပေါကပါ ဆင်းပေးရပါတယ်..
ဒါပေမယ့် အချစ်တွေကတော့ ဘေးမရောက်သွားပါဘူး..
အားလုံးဟာ အခြေနေတွေ ကြောင့် ပြောင်းလဲပေးသင့်ပါတယ်..
ကျေးဇူး ကို အန်ဒီရေ...
အဲဒါတွေက ဒီနေ့ ခေတ်ကြီးမှာ မဆန်းတော့တဲ့ နအဖ လူသတ်သမားကြီးလို့ လား ခင်ဗျာ။ ဒါတွေထက်အရေးကြီးတာ ယနေ့ ၈၉ နှစ်မြေက်
အမျိုးသားနေ့  ကြီးလေဗျာ။
Post a Comment
Many thanks for dropping a comment…