သြော်ဇီမှာ အလုပ်ရှာမယ်ဆိုရင်
“Local Experience ရှိတဲ့သူတွေကိုပဲ အလုပ်ခန့်မည် ဆိုရင်တော့ အကောင်းဆုံးသူတွေကို ရနိုင်တော့မှာ မဟုတ်ပါဘူး” လို့ Karalyn Brown က ရေးထားပါတယ်။ Skilled Migrants တွေအတွက် အလုပ်ရှာပေးတဲ့Tribus Logna တည်ထောင်သူ Allis Logan က“သြော်ဇီမှာ ဘီလ်ဂိတ်စ်လာပြီး အလုပ်လျှောက်ရင်တောင် ရမှာ မဟုတ်ဘူး။ Local Experience မရှိလို့.....”လို့ အတည်တ၀က် အပြောင်တ၀က် ဆိုပါတယ်။ သြစတြေးလျက အလုပ်ရှင်တွေက အမေရိကားနဲ့ ဥရောပက ဟာတွေထက် Local Experience ရှိတဲ့သူတွေကို ပိုပြီး တန်ဖိုးထားတယ် ဆိုတာကိုတော့ သူမလည်း ယုံကြည်ထားပါတယ်။
Local Experience မရှိတာ ဘယ်လောက်အထိ သက်ရောက်နိုင်သလည်း။ ငါတို့ (သြော်ဇီ)တွေ ဒေသစွဲ သိပ်ကြီးလွန်းလို့ ဘီလ်ဂိတ်စ် အလုပ်လာလျှောက်ရင်တောင် ငြင်းလွှတ်လိုက်မှာလား။ ငါတို့တွေ Uniquely Australian Way နဲ့ပဲ စီးပွားရေးလုပ်နေကြသလား။ သြော်ဇီတွေ ရေခြား မြေခြားမှာ သွားလုပ်ပြီး ရလာတဲ့ ဘ၀အတွေ့အကြုံတွေနဲ့ လုပ်သက်တွေကို ဒီမှာ တန်ဖိုးနေပေမည့် တခြားသူတွေ တခြားနေရာမှာ ရလာတဲ့ အတွေ့အကြုံတွေကိုတော့ ဘာကြောင့်များ သံသယထားနေရမှာလဲ။
“Project Australia: Land that Engineering Job in Australia” ရေးတဲ့ Ian Little ကတော့ သြစတြေးလျရဲ့ ပထ၀ီဝင် အနေအထားက သြော်ဇီတွေရဲ့ ရှေးရိုးစွဲဝါဒကို ပိုမိုကြီးမားစေတယ် ဆိုပါတယ်။ Worely Parson လို စက်မှုကုမ္ပဏီကြီးမှာ အကြီးတန်း အင်ဂျင်နီယာ မန်နေဂျာအဖြစ် လုပ်နေတဲ့ သူက နိုင်ငံခြားသား ကျွမ်းကျင်သူတွေ များစွာကို အလုပ်ခန့်ခဲ့ပါတယ်။ သြစတြေးလျမှာ အတွေ့အကြုံ မရှိတာဟာ အသစ်လာတဲ့ သူတွေ အတွက်တော့ အခက်အခဲကြီး တစ်ခုပါပဲလို့ သူက ယုံကြည်ပါတယ်။ အလုပ်ရှင်တွေ ကြည့်ရတာ Skilled Migrant တွေရဲ့ Communication Skill ကို စိုးရိမ်ပုံ ရပါတယ်။
နိုင်ငံခြားသား ကျွမ်းကျင်သူတွေဆီက စုတ်စုတ်ပြတ်ပြတ် ရေးထားတဲ့ Resume တွေကလည်း အလုပ်ရှင်တွေရဲ့ သံသယကို မီးထိုးပေးသလို ဖြစ်စေပါတယ်။ အသစ်ရောက်တဲ့ သူတွေဆီက Resume အညံ့စားတွေ များစွာ တွေ့နေရပါတယ်လို့ Litte ရော Logan ရောက ပြောပါတယ်။ ဒါကြောင့် သူတို့ရဲ့ တကယ့် အရည်အချင်းကို အကဲဖြတ်ဖို့မှာ အလွန်ခက်ခဲစေပါတယ်။ Logan က အကြံပေးတာက အသစ်ရောက်သူတွေဟာ သူတို့ လုပ်ခဲ့တဲ့ အလုပ်တွေအကြောင်းကို သေသေချာချာ ဆက်စပ်ပြောရပါမည်။ ရှင်းပြရပါမည်။ အလုပ်လျှောက်တဲ့သူဟာ ဘာနိုင်ငံသား ဖြစ်ခဲ့ဖူးတယ် ဘယ်လို အကျင့်စရိုက် ရှိတယ်ဆိုတာကို ထည့်သွင်းစဉ်းစားပြီး Resume ကို ဖတ်ဖို့ ဆိုတာ အလုပ်ရှင်တွေ အတွက် ခက်လှပါတယ်။ (စကားချပ်-ဥပမာ ဗမာတွေဆိုရင် အလုပ်ထဲမှာ ရိုကျိုးတယ် ကြိုးစားတာပဲ ခန့်လိုက်မည် ဆိုပြီး အလုပ်ရှင်တွေ အနေနဲ့ တွေးဖို့ သြစတြေးလျမှာတော့ မဖြစ်နိုင်ပါဘူး။)
လူတွေဟာ ဘယ်တော့မှ ခွဲခွဲခြားခြား မဆက်ဆံတတ်ပါဘူး ပြောရင်တော့ ပြောတဲ့သူပဲ ငတုံးဖြစ်မယ်။ ဒါပေမယ့် သြော်ဇီတွေဟာ ၀မ်းတွင်းစွဲ လူမျိုးရေး ခွဲခြားတတ်တယ်ဆိုတာကိုတော့ Little က မယုံကြည်ပါဘူး။ အလုပ်ခန့်တဲ့ နေရာမှာတော့ သြော်ဇီ အလုပ်ရှင်တွေဟာ အရဲမစွန့်ချင်ပါဘူး။ လူတွေက အလုပ်တစ်မျိုးကနေ တစ်မျိုး ပြောင်းရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အလုပ်ရှင်တွေက ခေတ်ကြီးဘယ်လောက် မကောင်းဘူးဆိုတာကို မသိကြပါဘူး။ နည်းနည်းပါးပါးတော့ အလျှော့အတင်း ရှိသင့်ပါတယ်။
လူတိုင်း အင်္ဂလိပ်လို ပြောနေရင်တောင် အဓိပ္ပါယ်ကောက် လွဲမှုတွေ ရှိနိုင်သေးတယ်။ Logan ထောက်ပြတာက သြော်ဇီတွေက ပျော်ပျော်နေတတ်တာကို အသစ်ရောက်တဲ့သူတွေက အထင်လွဲမှားနိုင်တယ်တဲ့။ သြော်ဇီတွေက လျော့တိလျော့ရဲ ဖြစ်တယ် ထင်နေကြတာ လုံးဝ မဟုတ်ပါဘူး။ “စကားစမြည်ပြောဖို့ လာခဲ့ကွာ” ပြောတာ အမှန်အကန် အင်တာဗျူးဖို့ ဖြစ်နိုင်တာမို့ အသေအချာ ပြင်ဆင်သွားသင့်ပါတယ်။
နှုတ်ကပြောတာထက် အများကြီးတာသွားတာတွေလည်း ရှိပါသေးတယ်။ ကိုယ်အမူအယာတွေက အဓိပ္ပါယ်တွေ အများကြီးဆောင်နိုင်ပြီး လူမျိုး တစ်မျိုးနဲ့ တစ်မျိုး ကွဲပြားနိုင်ပါတယ်။ ယဉ်ကျေးမှု မတူတဲ့ လူမျိုးကွဲတွေနဲ့ အင်တာဗျူးမှာ ဆက်ဆံရေးတွေကို လေ့လာ သုတေသန လုပ်နေတဲ့ ကွင်းစလန် တက္ကသိုလ်က Aparna Hebbani က ပြောတာက လက်ဆွဲ နှုတ်ဆက်တာတွေ မျက်လုံးချင်း ဆိုင်ကြည့်တာတွေဟာ လူမှုဆက်ဆံရေးမှာ ၆၆%လောက် အရေးပါပါတယ်တဲ့။
ယဉ်ကျေးမှု မတူလို့ အင်တာဗျူးတွေမှာ အဓိပ္ပါယ်ကောက် လွဲမှားတာတွေ သူမ အများကြီး တွေ့ဖူးပါတယ်။ ဥပမာ India က လူတစ်ယောက်ကို အင်တာဗျူးရင် သူက မျက်လုံးချင်း စေ့စေ့ကြည့်ဖို့ သင့်တော် လိုအပ်သလောက် လုပ်မိမှာ မဟုတ်ပါဘူး။ အင်တာဗျူးတဲ့သူက ဒီလူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလို ယုံကြည့်စိတ်ချရမှုလည်း မရှိနိုင်ဘူးလို့ မှတ်ချက်ချသွားနိုင်ပါတယ်။ တကယ်တော့ အဲဒီ Indian ဟာ အင်တာဗျူးတဲ့သူကို စေ့စေ့ကြည့်ရင် အရိုအသေ မပေးရာ ရောက်မှာ စိုးလို့ပါ။
ယဉ်ကျေးမှု စရိုက်မတူတဲ့သူတွေ အင်တာဗျူးကို ရှုမြင်ပုံတွေက အောင်မြင်ဖို့ အခွင့်အလမ်းကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။ တချို့တွေက ကိုယ့်အရည်အချင်းကို ရောင်းပန်းတင်တဲ့ အချိန်မှာ အရမ်း နှိမ့်ချ ကျိုးနွံလွန်းပါတယ်လို့ Little က ပြောပါတယ်။ အလုပ်ခန့်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် အကျိုးပါ။ ဒါမျိုးမြင်တတ်တဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူတွေကို မတွေ့သလောက်ပါပဲ။ သူတို့တွေက သူတို့ဆီမှာ ကမ်းလှမ်းစရာ (အရည်အချင်း) တွေ ရှိတယ်ဆိုတာကို နားမလည်ကြဘူး။
အသစ်ရောက်လာသူတွေကို အလုပ်ခန့်ဖို့ရာ နားလည်ရခက်တဲ့ ဆက်ဆံရေးတွေ အပြင် တခြားဘာတွေ အရဲစွန့်ရဦးမလဲ။ Logan နဲ့ Little က အသစ်ရောက်လာသူတွေဟာ သြစတြေးလျက ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေအပြင် ဒီက အလုပ်လုပ်ပုံကို ယေဘုယျ သိထားသင့်တယ် ဆိုပါတယ်။ Engineering မှာ အသစ်ရောက်တဲ့သူတွေ Adapt လုပ်နိုင်ပါမလားလို့ အလုပ်ရှင်တွေက တကယ်ဖြစ်သင့်တာထက် တွေးပူလွန်းပါတယ်။ တကယ်တော့ Engineering ဆိုတာ ဘယ်မှာမှ မပြောင်းလဲတဲ့ Law of Science ပါပဲလို့ Little က ထောက်ပြပါတယ်။
တချို့ အသက်မွေးဝမ်းကျောင်းတွေမှာတော့ နယ်ခံဒေသ ဗဟုသုတကို လေ့လာဖို့ ပိုခက်ခဲပြီး အချိန်ယူနိုင်ပါတယ်။ စာရင်းကိုင် အလုပ်ကတော့ ဥပမာ တစ်ခုပါပဲ။ အရင်တုန်းက PKF စာရင်းကိုင် ကုမ္ပဏီမှာ အစုဝင်လည်း ဖြစ်ခဲဖူး Institute of Chartered Accountants မှာလည်း ဥက္ကဌ ဖြစ်ခဲ့ဖူးတဲ့ David Smith က Smithink ဆိုတဲ့ Accountants တွေအတွက် အုပ်ချုပ်ရေး အကြံပေး ကုမ္ပဏီ တစ်ခု ထောင်ထားပါတယ်။ Communication Skill အပြင် အင်မတန်မှ ရှုပ်ထွေးခက်ခဲတဲ့ သြစတြေးလျ အခွန်စနစ်တွေနဲ့ Super Annnuation (ပင်စင်စုငွေ) စနစ်တွေကို Immigrant တွေ နားလည်ပါ့မလားလို့ အလုပ်ရှင်တွေ စိုးရိမ်တာဟာ ဒီကို အလုပ်လာရှာတဲ့ စာရင်းကိုင်တွေအတွက် အဓိက အဟန့်အတားပါပဲလို့ သူက ပြောပါတယ်။
အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေဟာ ၇၀% လောက်ထိ ရှိပြီး သြစတြေးလျရဲ့ စီးပွားရေး ဖွဲ့စည်းတည်ဆောက်ပုံဟာ ခေတ်ဟောင်းပုံစံ ဖြစ်နေတယ်ဆိုတာကို အလုပ်လာရှာတဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူတွေဟာ နားလည်ဖို့ လိုတယ်လို့ Logan က ပြောပါတယ်။
စာရင်းကိုင် လုပ်ငန်းမှာတော့ ဒီလိုမျိုးကို ဖြစ်နေတာပါ။ အလုပ်ခန့်လိုက်ပြီးတာနဲ့ ချက်ချင်း စမလုပ်နိုင်တဲ့ သူတွေကို အလုပ်ခန့်ဖို့ဆိုတာ အသေးစား စာရင်းကိုင် ကုမ္ပဏီတစ်ခု အတွက် မဖြစ်နိုင်ပါဘူး လို့ Smith က ပြောပါတယ်။ လုပ်ငန်းအသေးလေးတွေဟာ အသစ်ရောက်လာတဲ့သူတွေရဲ့ အရည်အချင်းကို အတည်ပြု စစ်ဆေးဖို့တို့ သင်တန်းပေးဖို့တို့ မတတ်နိုင်ပါဘူး။ အသစ်ရောက်လာတဲ့သူတွေ အခက်အခဲကြားမှာ ရုန်းကန်နေရတာကိုတောင်မှ စိတ်ရှည် သည်းခံနေမှာ မဟုတ်လောက်ပါဘူး။
အခုမှရောက်တဲ့သူတွေအတွက် အလုပ်ရဖို့ တခြား အဟန့်အတားတွေလည်း ရှိပါသေးတယ်။ အလုပ်ရှင်တွေဟာ နိုင်ငံခြားသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်ဖို့ရာမှာ ဒီလူတွေ ဘယ်လောက်လွယ်လွယ် အလိုက်သင့် ပြောင်းလဲနိုင်မလဲဆိုတာကို သိဖို့ စရိုက် အကျင့်တွေကို အကဲဖြတ်ပါသေးတယ်လို့ Smith နဲ့ Little က အဆိုပြုပါတယ်။
အလုပ်ရှင် တော်တော်များများက ၁၉၈၀ လောက်က နည်းတွေနဲ့ တွေးခေါ်နေကြတုန်းပဲ။ အဲဒီတုန်းက ရွေးချယ်ဖို့ လူတွေအများကြီး ရှိပြီး တော်တော်သွေးဆူတဲ့ အလုပ်သမား သမဂ္ဂတွေ ရှိပါတယ်။ အလုပ်ရှင်တွေက မှန်မှန်ကန်ကန် ရွေးချယ် အလုပ် မခန့်မိရင် သမဂ္ဂတွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဘယ်လိုမှ ထောက်ကွက် မရှိတဲ့ စနစ်မျိုး လိုခဲ့ပါတယ်။ အလုပ်ရှင်တွေက လစ်လပ်သွားတဲ့နေရာမှာ အစားထိုးဖို့ထက် Team တစ်ခု ဖွဲ့ရပါမည်။ အားနည်းချက်တွေကို ချီးမွမ်းစရာ စွမ်းဆောင်ရည်တွေနဲ့ ဖာထေးရပါမည်လို့ Little က ယုံကြည်ပါတယ်။
HR ကလူတွေကတော့ အလုပ်ခန့်တဲ့ နည်းစနစ်တွေက ပြောင်းလဲ တိုးတက်နေပါပြီ ဆိုပါတယ်။ ကုမ္ပဏီကြီးတွေက အလုပ်ခန့်တဲ့ နေရာမှာ သူတို့ အထာ ဘယ်လို ရှိတယ်ဆိုတာကို ထည့်သွင်း ဖြည့်စွက်ထားပါတယ်။ ဒါမှ သူတို့လိုချင်တဲ့ ကိုယ်ကျင့်သဘောထား (right attitude) ရှိတဲ့သူတွေကို ရနိုင်မှာ မို့လို့ပါ။ ဒါပေမယ့် ရှေးရိုးစွဲ အင်တာဗျူးတွေနဲ့ Resume ဖတ်ပြီး အကဲဖြတ်ရင်တော Right Attitude ဆိုတာဟာလည်း မသိမသာကွဲပြားနေဦးမှာပါပဲ။
Online ကနေ Resume တွေ တင်နိုင် ဖတ်နိုင်တာဟာလည်း အလုပ်လျှောက်သူတွေအတွက် အလှမ်းဝေးစေပါတယ်။ အလုပ်ကြော်ငြာအတော်များများမှာ အလုပ်ရှင်တွေရဲ့ အမည်တွေ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ မပါပါဘူး။ ဒါဟာ လုပ်ငန်းအကြောင်းကို ဂဃနဏ သိတဲ့သူနဲ့ တိုက်ရိုက် ပြောဆိုပြီး ဒီအလုပ်ဟာ ကိုယ်နဲ့ တကယ် ကိုက်မကိုက် သိဖို့ အလုပ်လျှောက်သူတွေအတွက် ခက်ခဲစေပါတယ်။
လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ တံခါးတွေကို ကျယ်ကျယ်ဖွင့်ထားလို့ သူတို့အတွက်ပဲ အကျိုးများစေတယ်လို့ Little က မြင်ပါတယ်။ နိုင်ငံခြားသား အင်ဂျင်နီယာကို ခန့်လိုက်ရင် သြော်ဇီတစ်ယောက်နဲ့စာရင် လောလောဆယ် အလုပ် သိပ်မတွင်ကျယ်လှပေမယ့် ရေရှည်မှာတော့ အကျိုးရနိုင်တယ်လို့ သုံးသပ်ပါတယ်။ နိုင်ငံခြားသားတွေက သြော်ဇီတွေလောက် အလုပ် အပြောင်းအရွှေ့မလုပ်ဘဲ အလုပ်ထဲမှာ ပိုမိုခင်တွယ်တယ် အကျင့်သိက္ခာ ပိုရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားသား ကျွမ်းကျင်သူတွေဟာ သြစတြေးလျမှာ မရှိတဲ့ အတွေ့အကြုံတွေကို သယ်ဆောင်လာပြီး အဲဒီ ဗဟုသုတတွေနဲ့ အရည်အချင်းတွေနဲ့ နိုင်ငံတကာမှာ လုပ်ငန်းလည်ပတ်ဖို့ စွမ်းဆောင်စေနိုင်ပါတယ်။
Other side of 'Think Local' September 20, 2008 from The Australian ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။


17 comments:
ဟင် ... အဲသဟာဆို အလုပ်ရှာဖို့ ခက်တယ်လို့ ပြောချင်တာလားဟင်။ (စိုးရိမ်စွာမေးသွား)
ဟုတ်လားဟင် <<< Mr DBA စကားကို ဆက်မေးသွား
အကိုရေ..မှတ်သားစရာတွေချည်းပါဘဲ.. ကျေးဇူးပါ
စိတ်ဝင်စားစရာပဲ။ သူ့ နိုင်ငံနဲ့ သူ့ အထာပဲ။
Thanks for sharing.
a chane yu tin pya dar kyay zu tin det a nay hin phyu pyin - mon myat par
http://tr.im/zawgyi http://tr.im/gawgyi
Hello Ko Andy, Thanks for your sharing
တော်သေးတယ်..... သြဇီကို မလာမိလို့ မဟုတ်ရင် ထမင်းငတ်ပြီ.... :D
Sorry to ask u Brother,
Can I possible to get Drafting (Auto CAD)Job in Ausi?
I have 10 Years experience in SG and holding SG passport.If can, how much can I get there? I'm getting S$4.5K here. Should I come?Sorry if my questions are stupid.
Mic.
I mean when economy recover, not now. I know this time is very difficult...Just to prepare..
Thanks.
Mic.
You shouldnt come here if you got S$4.5K P/m. Its really high pay in SG. If you come to Aussie, you will get all most the same. But, SG living cost is quite cheap compare to Aussie..
Thanks Ko Andy and Ko Annonymous for your advices.
yes, i need to think twice.
Mic..
Hi bro,
I working as a System Administrator in SG and i wanna move to AU.
Is it possible?
Wanna know ur opinion.
TQ
:)
Hi bro,
I would like to apply AU PR.
So wanna know that what do they make for medical check-up?
and what kind of IELTS type should I take?
Please give me some advices what should I do.
Can I be eligible to get AU PR if I don't have job status at AU?
Or should I apply the job first?
Bro can I get ur email add cox i wanna chat with u to get some guidance from u.
TQ so much
very much appreciate of ur kind help.
Take care
:)
Hi andy, please improve your english, fuck man
Post a Comment
Many thanks for dropping a comment…