Saturday, August 08, 2009

ဘွဲ့လွန် တက်သင့် မသင့် (၃)

Comment ထဲက တချို့ကို ဒီမှာ Post တစ်ခုအနေနဲ့ ရေးသွားပါမည်။

“သေချာဖတ်ရင် ပ၇ိပတ်တိကို denounceလုပ်မထားဘဲ ပတိပတ်တိကသာ ပန်းတိုင်ေ၇ာက်မယ်လို့ေ၇းထားတာ သိမှာပါ။”

ဒီနေရာမှာ ပန်းတိုင် ဆိုတာကို သတ်မှတ်ပုံခြင်း ကွဲပါတယ်။ ချမ်းသာအောင် လုပ်မှာလား အသက်မွေးဝမ်ကျောင်း ပညာတစ်ခုနဲ့ ဘ၀ကို တိုးတက်အောင် လုပ်မှာလား ကွာပါတယ်။ ချမ်းသာအောင် လုပ်တဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အဲဒီနည်းတွေကို သုံးပြီးမှ မွဲသွားတာတွေလည်း ရှိပါတယ်။

ချမ်းသာအောင် လုပ်တဲ့သူတွေလည်း ကျောင်းမတက်တောင် သင်တန်း မတက်တောင် သင်ယူရပါတယ်။ Stock Trading လုပ်မလား သင်တန်း မတက်ဘဲ စာအုပ် မဖတ်ဘဲ လုပ်လိုက်ရင် လောက်တောင် မလောက်ပါဘူး။ ဆိုင်တစ်ဆိုင် ဖွင့်မလား သူများ ဆိုင်မှာ တစ်နှစ်လောက် မလုပ်ဘူးဘဲ ကိုယ့်ဘာကိုယ် ထလုပ်ရင် ပထမနှစ်တွေမှာ အရှုံးပေါ်မှာပဲ။

အသက်မွေးဝမ်းကျောင်းမှု တစ်ခုခုနဲ့ ဘ၀ကို တိုးတက်အောင်လုပ်မယ် (မြှောက်သလိုလိုနဲ့ နှိမ်ပြောရမယ်ဆိုရင် ရာထူးတိုးအောင်ပဲ လုပ်မယ်) ဆိုရင်လည်း စာဖတ်ရမည် ကျောင်းတက်ရပါမည်။

ဒီမှာ ဘွဲ့ယူသင့် မယူသင့် ပြောနေတယ် ဆိုတာ စာရွက်တစ်ရွက် ယူသင့် မယူသင့် မဟုတ်ပါဘူး။ ကျောင်းဆက်တက်ပြီး ပညာသင်သင့် မသင့်ပါ။ “ဘွဲ့” ဆိုတာနောက်မှာ အချိန်တွေ ငွေတွေ လုံလတွေ အများကြီး ရှိပါတယ်။ အဓိကက ပညာကို ဆက်လက် သင်ယူဖို့ပါ။ ချမ်းသာအောင် လုပ်လုပ် ရာထူးတိုးအောင် လုပ်လုပ် သင်ယူရပါမည်။ သင်ယူပုံခြင်းသာ ကွာသွားတာပါ။

အသက်မွေးဝမ်းကျောင်း ပညာကို တခြားနေရာကလည်း သင်ယူလို့ ပေမယ့် ကျောင်းတွေက စနစ်တကျ ပြဌာန်းထားတဲ့ သင်ရိုညွှန်းတမ်းတွေကနေ သင်ယူတာ အလွယ်ဆုံး နည်းလမ်းနဲ့ စနစ် အကျဆုံးပါ။ ဒီဘလော့ကို လာတဲ့ လူတိုင်း နီးပါးမှာ အလုပ်ရှိပါတယ်။ အလုပ်ထဲမှာ နေ့စဉ် တွေ့ကြုံနေရတာတွေကနေ မှတ်သားပြီး တိုးတက်အောင် လုပ်နေကြတဲ့ သူတွေချည်းပါပဲ။ ဘွဲ့ပဲ ယူပြီး ပြင်ပလောကကို အဆက်ဖြတ် မျက်စိပိတ် နားပိတ်လုပ်ထားတယ် ထင်မယ်ဆိုရင် လူတွေကို အထင်သေးရာ ကြသလို ကိုယ်အမြင်ကျဉ်းတာကို ဖော်ပြနေသလိုပါပဲ။

ဒီနေရာမှာ ဘွဲ့လွန်တက်သင့် မသင့်ပဲ ပြောနေပေမယ့် ပြင်ပလောကမှာ တွေ့ကြုံ မြင်တွေ့ နေရတာတွေကနေ ကိုယ့်ဘာကိုယ် သင်ယူဖို့က နားလည်ပြီးသားပါ။ အားလုံးနားလည်ပြီးသား လုပ်ဆောင်နေတဲ့ ကိစ္စတစ်ခုကို ရေးစရာ မလိုဘူး ထင်ပါတယ်။ ဘွဲ့လွန်တက်ပြီး စာဖတ် ပညာဆက်လေ့လာရင် “ပို” အကျိုးရှိတယ်ပဲ ဆိုသွားမှာပါ။ ဘွဲ့လက်မှတ်ကသာ ပန်းတိုင် ရောက်စေတယ်လို့လည်း အများက မခံယူထားပါဘူး။ အခြေအနေပေးရင် ပေးသလောက် ပညာသင်ယူတာ ကောင်းတယ်လို့ပဲ မှတ်ယူပါတယ်။ စာလည်းဖတ် ပညာလည်းသင်ယူပြီး အများ (အထူးသဖြင့် အလုပ်ရှင်နဲ့ အစိုးရက) သတ်မှတ်လက်ခံထားတဲ့ ဘွဲ့လက်မှတ် တစ်ခု ရှိထားတာ ပညာနဲ့ အသက်မွေးဝမ်းကျောင်းမည့်သူတွေ အကျိုးများဖို့ ပဲ ဖြစ်စေပါတယ်။

“Corporateကြီးကြီးတစ်ခုမှာ လခကောင်းကောင်းနဲ့ title ကြီးကြီးဟာ Ultimate Goal ဆိုရင် Post Grad Qualification ဟာ တကယ်အရေးကြီးပါတယ်။ ပြည်ပရောက် ဗမာအများစုဟာလည်း ဒီလောက်Scopeပဲ တွေးတတ်တယ်။”

ကျွန်တော့်ရဲ့ နောက် ၁၀ နှစ်အတွက် Ultimate Goal ဟာ ဒါပဲလို့ ပြောရမည်ဆိုရင်လည်း ရှက်စရာ ကြောက်စရာ မလိုပါဘူး။ နောက် ၁၀ နှစ်မှာ Millionaire ဖြစ်ဖို့လည်း ကျွန်တော့် ရည်မှန်းချင် ရည်မှန်းလို့ ရပါတယ်။ ရည်မှန်းချက် မတူ ရန်သူလို့လည်း မသတ်မှတ်ပါဘူး။ ကြီးကြီးမားမား မမှန်းတဲ့ အတွက် ငတုံးတစ်ကောင်လို့ ရှက်စရာ မလိုသလို အကြီးအကျယ် မှန်းထားတဲ့ အတွက်လည်း ဘ၀င် မြင့်စရာ မလိုပါဘူး။ သူ့အထွာနဲ့ သူရှိပါတယ်။ အခုတော့ ဒီ Post တွေမှာ ရာထူးကြီးကြီး ရရေးကို ရေးသွားမှာပါပဲ။ ကျွန်တော်ချမ်းသာဖို့ နည်းလမ်းတွေ့ရင်လည်း ရေးသင့်ရင် ရေးသွားမှာပါပဲ။

ကျွန်တော် Warren Buffet တို့ Bill Gates တို့နဲ့ ချည်ပြီး ဥပမာ ပေးသွားမှာမဟုတ်ဘဲ ကျွန်တော်ကျင်လည် ကျက်စားနေတဲ့ တွေ့ကြုံနေရတဲ့ လူတန်းစား တစ်ရပ် အနေနဲ့ပဲ အဲဒီမှာ တွေ့ကြုံ နေရတာတွေကို အဲဒီလူတွေ အတွက် ရေးသွားမှာပါ။ နောက်ပို့စ်တွေမှာ ကျွန်တော် ကျောင်းဆက်တက်ဖို့ ဘယ်အချိန်က စပြီး ဆုံးဖြတ်ခဲ့သလဲ၊ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲနဲ့ ဘယ်လို တက်နေတာတွေကို ရေးသွားမှာပါ။

22 comments:

JPS - 8/8/09, 12:51 PM

ဆက်ရေးပါ။ ဆက်ရေးပါ။ ခု ဒီမှာ ကျောင်းတက်ဖို့ ဟာကို ပိုက်ပိုက်က များနေလို့  ပီအာ အရင်လျှောက်ရမလားလို့  တွေးနေတာ။ ကျောင်းတွေကလည်း ခေါ်နေပြီဆိုတော့ ဘာလုပ်ရမှန်း မသိဖြစ်နေတယ်။ ရန်ကုန်က အမှတ်စာရင်းတွေက ဟိုတလောကမှ ရောက်လာလို့ ။ ဝိုင်းကူတွေးပေးပါဦး။ ဟိုမှာ ကျောင်းတက်ရတာ စိတ်ကုန်လို့ အပြင်ရောက်မှ တက်မယ်တွေးထားတာ ခုမှ အကောင်အထည်ပေါ်မလို့ ရှိသေးတယ်။ အမျိုးမျိုးကြားနေရတယ်။ အချိန်ပိုင်းတက်မယ်လေ။ ဒါဆို အလုပ်လည်း လုပ်လို့ ရသွားရော။

Anonymous - 8/8/09, 2:17 PM

ဆက်ရန်တွေကို မျှော်နေပါတယ် ကိုAndy... လောလောဆယ် ကျမကိုယ်တိုင် ဆုံးဖြတ်ဖို့လိုနေတဲ့ အကြောင်းအရာလည်း ဖြစ်နေပါတယ်...
ကျေးဇူးအထူး...

HTS

MBA - 8/8/09, 3:46 PM

ဘွဲ့ပဲ ယူပြီး ပြင်ပလောကကို အဆက်ဖြတ် မျက်စိပိတ် နားပိတ်လုပ်ထားတယ် လို့  ထင်ပီး စွပ်စွဲ နေပုံ တော့မဟုတ်လောက် ပါဘူး။
ပြင်ပလောကမှာ တွေ့ကြုံ မြင်တွေ့ နေရတာတွေကနေ ကိုယ့်ဘာကိုယ် သင်ယူဖို့ အကြောင်း ဆွေးနွေး ချင်ဟန် လည်း မပေါ်ူပါ ဘူး။ နောက် ၁၀ နှစ်မှာ Millionaire ဖြစ်ဖို့လည်း ဆွေးနွေးနေဟန်မတူပါ ဘူး။ ဝါသနာပါမယ်ဆိုရင် ဒီလိုလေးလည်း
လှည့်တွေး ကြည့်လို့ ရပါတယ် လို့ ဆိုချင်ဟန်တူပါတယ်။
ကိုယ့် ရည်မှန်းချက်နဲ့  ကိုယ်နဲ့  တော့ မှန်ပါတယ်ဗျာ။

nyimuyar - 8/8/09, 4:02 PM

Bro Ko Andy! still waiting ur posts.

Anonymous - 8/8/09, 4:44 PM

တတ်နိုင်၇င် တက်သင့်ပါတယ်...မတတ်နိုင်၇င် အလုပ်ပဲ လုပ်ပေါ့...

Anonymous - 8/8/09, 5:54 PM

we all are waiting for your sharing knowledge.Please carry on!Frankly speaking,I don't have any relative( at least one) in another nation.So,nobody can share their knowledge and thought also.I need to create my own way as much as I can think.I regard u as my own relative and admire you for sharing knowledge. Sometimes,I got depression in working here,I can relax and encourage by myself by your post and Ko ZT blog.Thank you so much.

Rita - 8/10/09, 2:20 PM

JPS နဲ့ အတွေးချင်း တူနေပါတယ်။ ကျွန်မလဲ ဒီ post series တွေ စောင့်နေပါတယ်ရှင်။

ဒီ post တွေ အတွက် အင်မတန် ကျေးဇူးတင်ရပါတယ်။

Anonymous - 8/10/09, 11:58 PM

ပ ညာ လို အို သည် မ ရှိ တဲ့
သား သား မီး မီး တို့ နဲ့ စာ တူ တူ ကြည့် လို့ ရ တာ ပေါ့

Anonymous - 8/11/09, 12:16 AM

To JSP
You can apply for school now and in the meantime apply for PR. You can defer your study after getting admission if you are not ready.

Anonymous - 8/11/09, 2:06 PM

HI AKM, I agree with U, we should attend if posiible, dont always take examples of micael dell, bill gates,
they borned in america, they started business in the rise of IT...one might say my current goal is shallow,, wanna get above the average good salary in MNC..wanna support my current and future family without worries ..
but for me now , difficult to choose pro cert (like CCNP, IE, JCNE & degree).life is so short and still need to learn a lot,,, i m over 34 now.whooo
K Nyi

JPS - 8/11/09, 4:19 PM

ကျေးဇူးအထူးတင်ပါတယ် Anonymous - 8/11/09 12:16 AM ရေ.. အဲသလို လုပ်လို့ ရတယ်ဆိုတာ မသိထားဘူးလေ.. :)

Anonymous - 8/11/09, 4:57 PM

အစကတော့ ကျောင်းတက်ဖို့ ဆုံးဖြတ်ဖို့ စဉ်းစားနေတယ်ဆိုပြီး အခုတော့ စတက်နေပြီးပြန်ပြီ။ ဖတ်၇တဲ့လူ အူကြောင်ကြောင်တော့ ဖြစ်သွားတယ်။ ဒဲ့ကြွားလည်းကြိုက်ပါတယ်။ ဆက်ေ၇းပါဦး။

Anonymous - 8/11/09, 5:02 PM

ဟုတ်ပကိုယ် MBA။ ခင်ဗျားပဲ ကျုပ်ဆိုလိုတာနားလည်တယ်ဗျာ။ လူသာအဓိကဆိုတာ နားလည်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဆိုရိုးရှိတယ်မဟုတ်လား။ ဟိုထဲကသတ္တဝါကတော့ ဟိုခွက်ကို အဟုတ်ထင်ဆိုတာ။

imaginary clouds no 2 - 8/11/09, 5:47 PM

ဘွဲလွန်တက်ဖို့ အားပေးပါတယ် ။

{ကျေးဇူးအထူးတင်ပါတယ် Anonymous - 8/11/09 12:16 AM ရေ.. အဲသလို လုပ်လို့ ရတယ်ဆိုတာ မသိထားဘူးလေ.. :)}

အထက်ပါ မှတ်ချက်ကို ကောင်းတဲ့ဘက်ကနည်းနည်းဖြည့်စွတ် ချင်ပါတယ် ၊ ဆရာလုပ်တယ်လို့ မထင်စေခြင်ပါ ။ ။ ကို၊ မ JPS ။ တချို့ ဘွဲလွန် တက်ရမယ့် စင်ကာပူ တက်ကသိုလ် များက၊ ပထမဦးဆုံး semester ကို နောက်ရွှေ့လို့ မရဘူးလို့ ကြားဖူးပါတယ် ။ ပထမ semester ပြီးသွားလို့ နောက်တက်ရမယ့် ဒုတိယ semester ကိုတော့ ရွှေ့ဆိုင်းထားလို့ရပါတယ် ။ ဟုတ်မဟုတ် အရင်စုံစမ်းပါဦး ။ ဘွဲ့လွန်တက်တာကို အားပေးပါတယ် ။

လေးစားစွာဖြင့်
Icn2

Andy Myint - 8/11/09, 6:05 PM
Anonymous - 8/11/09 5:02 PM << If you think you are on the right track, set yourself a model and convince people to follow. If you are just making noises, no one will buy it. It's that simple. We are not debating here. We are sharing.
ကိုဇေယျာ - 8/11/09, 8:36 PM

ကောင်းတယ် ကိုအင်ဒီ
ကျနော်စောင့်ဖတ်နေတယ်။ ဒါပေမယ့် ကျနော် NUS မှာ လျှောက်ဖို့လုပ်နေဘီ။ NTU ကတော့ နောက်နှစ် jan မှဆိုတော့ စောင့်လိုက်ဦးမယ်။
NUS မှာလျှောက်တာ လက်တဲ့စမ်းတာလဲ ပါပါတယ်။

P.S
@Anonymous လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်။ ဒါပေမယ့် ကောင်းသော ကွဲလွဲခြင်းမျိုးလေးနဲ့ ဆွေးနွေးနိုင်ဖို့လိုပါ့မယ်။ ဦးDBA ပြောသလို သေခြာလေး ပြောပြနိုင်ရင် ကျနော်တို့လို ဘာမှမသိတဲ့ စာဖတ်သူတွေအတွက် အကျိုးရှိတာပေါ့။ မဟုတ်ရင် ပွဲဆူအောင် ၀င်လုပ်နေတာနဲ့ တူပါတယ်။ Anonymous လုပ်ထားတော့ ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူဖို့ မလိုဘူးဖြစ်နေတာပေါ့။

Anonymous - 8/12/09, 4:20 AM

even Bill Gates is saying to attend colleges and value education in many interviews.

Anonymous - 8/12/09, 7:24 AM

ကိုအန်ဒီရေ၊ အတန်းကျောင်းပညာေ၇းနဲ့ပဲ ကြီးပြင်းလာတဲ့ ခင်ဗျားတို့လိုလူတွေကတော့ အချိန်တန်ရင် ကျောင်းပြန်သွားမှ ဘဝတိုးတက်မယ်ထင်တာ မဆန်းပါဘူးဗျား။ blogတပုဒ် ထေ၇းပြီး လူတွေကို ဆရာကြီးလုပ်ပြဖို့ ကျုပ်မှာ အချိန်လည်းမရှိ၊ တော်လည်းမတော်ပါဘူး။ ဒါပေမယ့် ကျုပ်ေ၇းခဲ့တဲ့ postတွေထဲမှာ အဖြေပါပြီးပါပြီ။ တကယ့်လောကထဲမှာရှာ။ ကျောင်းမှာမရှိ။ ဒါပေမယ့် ကို MBAပြောသလို ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်တော့ မှန်ကြပါတယ်။ No offense. ခင်ဗျား Blogမှာ ပ၇ိသတ်များလွန်းတော့ ခင်ဗျားလို ကျောင်းလေးဆက်မတက်နိုင်တဲ့သူတွေ စိတ်ဓါတ်မကျရအောင်လည်း ပါတယ်။ good luck.

zat - 8/21/09, 3:05 AM

တက်သင့်တယ်လို့ ထင်ပါတယ်။ကျွန်တော့်အယူအဆအရဆိုရင်.....
ဗုဒ္ဓတရားတော်မှာလည်း ပညာက ထိပ်ကပဲ။ သီလသိက္ခာ၊ သမာဓိ သိက္ခာ၊ပညာသိက္ခာ ဆိုပြီး သာသနာ သုံးရပ် ဗုဒ္ဓက ဟောခဲ့တာရှိတယ်။ဒါကကျွန်တော် ဆရာတက္ကသိုလ် ဘုန်းနိုင် ရဲ့ ပညာရဲ့ သဘော ဆိုတဲ့ စာအုပ်ကကောက်နှုတ်ချက်လေး ကိုဝင်ပြောပြတာပါ။ အဲဒီစာအုပ်လေး ကိုဖတ်လိုက်ရင်ပိုရှင်းသွားပါလိမ့်မယ် ။ ပညာဘယ်လောက်အရေးပါတယ်ဆိုတာ ကို။မာစတာအခွင့်အရေး ရှိခဲ့ရင်တော့ လက်မလွတ်သင့်ဘူး လို့ ဆိုချင်ပါတယ်။

Emily - 1/25/10, 9:29 PM

We appreciate your sharing ko andy.
We have pleasure in reading your blog too.
Moreover ,I do beleive that there are alot of readers in your blog.
Yes ,I am one of them.Among the readers, there may be ppl who can't study like ko Andy. There may have young ppls who are trying to struggle in their life.If I am not wrong , this kind of post may be accidentally making them to be depressed bz they can't be like you. Last but not least, I honestly think that there are alot of posts which are revealing self- esteem.My postive and sincere advice is go ahead for study if you can afford. We all ppl know that studying makes sense in your life no matter how old you are.I would appreciate if you could take this comment as a positive and humble suggestion.Please kindly remember that there are alot of mountains higher than you. Regards

Andy Myint - 1/26/10, 10:08 PM
Perhaps, I am boasting too much (of my trivial success), Emily.. but I never have intention to make any reader "depressed". I AM struggling too (with many commitments) and I'm very late for further study among my friends. Please convery message to those suffering not to get emotional but to get facts from my blog or from any other things for their success. Anyway, I do appreciate your decent reminder.
phyu phyu - 3/1/11, 3:37 AM

thanks so much for this post ko andy. i like your blog and giving me much information i want to know.

I am from singapore and considering to migrate to aussie. My plan is to apply a course in aussie university, then looking for job while studying. Once i got a job, i will convert to part-time study and working full time. Could you advise if it is possible to apply work pass when i am holding student pass?

Post a Comment

Many thanks for dropping a comment…

Film