Tuesday, March 16, 2010

ဟစ် ၆၀ ပြည့် အမှတ်တရ

ဟုတ်ပါတယ်။ ၆၀ ပါ။ Statcounter အရ ဆိုရင်တော့ ဟစ် ၆ သိန်းပါ။ ပို့စ် ၂၄၅ ခုကို အချိန် ၃ နှစ် အတွင်းမှာ ရေးပြီး ဟစ် ၆ သိန်း ရလာတယ်ဆိုတာ ကျွန်တော် မယုံချင်ပါဘူး။ ဒီလောက် မထူးဆန်းတဲ့ အတွေ့အကြုံတွေ ဒီလောက် Cliche ဖြစ်တဲ့ စာတွေ၊ ဒီလောက် စွဲမက်ဖွယ်ရာ မရှိတဲ့ ရေးဟန်တွေနဲ့ ဒီလို ဟစ်တွေ ရတယ်ဆိုတော့ ကျွန်တော်လို ဘလော်ဂါအတွက်တော့ တန်ပါတယ်။ တစ်ဘက်ကလည်း Management စကားနဲ့ ဆိုရရင်တော့ ပို့စ်နည်းနည်းနဲ့ ဟစ်များများ ရတာ Efficiency ကောင်းတယ် ပြောရမည်။ ထားပါတော့။ ကျွန်တော့် ဘလော့က ရောင်းကောင်းတယ်။ ဟစ်ကောင်းတယ်။ ဒါပေမယ့် ဒီဘလော့က စာတွေ ဖတ်ပြီး လူတွေရော တကယ် အကျိုးရှိရဲ့လား ဆိုတာကတော့ ကိုယ့်ဘာကိုယ်အတွက် မေးစရာ တစ်ခုဖြစ်လာပါတယ်။ Efficiency တော့ ကောင်းပါတယ်။ Effective ဖြစ်ရဲ့လားပေါ့။ အဲဒီလို Effective ဖြစ်တဲ့ စာတွေ၊ ထိတဲ့ စာတွေကိုသာ ရေတွက်ကြည့်မည်ဆိုရင် ကျွန်တော်မှာ Hit ဖြစ်တာ ၆၀ တောင် ရှိပါ့မလား တွေးတောမိပါတယ်။

ကျွန်တော်ရေးတာတွေက သတ်သတ်မှတ်မှတ် ရှိပါတယ်။ တကယ်တော့ ဒီလိုဆိုတာ ကြားကောင်းအောင် ပြောတာပါ။ တကယ်တော့ ကျွန်တော့် ဗဟုသုတတွေက Limited သိပ်ဖြစ်လှပါတယ်။ ဒါကြောင့် ကျွန်တော် ရေးတာတွေက ကလေးတွေအကြောင်း ဟင်းချက်နည်း သြစတြေးလျအကြောင်းနဲ့ ITနဲ့ သက်ဆိုင်တာ နည်းနည်းပါးပါးပါ။ ဒီအကြောင်းအရာတွေထဲမှာ ဟင်းချက်နည်း ပို့စ်က Effective အဖြစ်ဆုံး ဖြစ်နေတာ ၀မ်းနည်း ၀မ်းသာ ကိုယ့်ကိုယ်ကို ရိပ်စားမိလိုက်ပါတယ်။ ဘာကြောင့် ဟင်းချက်နည်း ပို့စ်တွေက သြစတြေးလျအကြောင်းတို့ ကလေးအကြောင်းတို့ထက် Effective ဖြစ်တယ် ထင်ရသလဲဆိုတာ ရှင်းပြပါရစေ။


အထက်က ပုံမှာ ပြထားတာကို ဟင်းချက်နည်းနဲ့ စဉ်းစားကြည့်မယ်ဆိုရင် ဒီဘလော့က ဟင်းချက်နည်းကို တစ်ယောက်ယောက်က ဖတ်မိတယ်။ ပြီးတော့ Ingredient တွေ ရလို့ပဲ ဖြစ်ဖြစ် စိတ်ပါလို့ပဲ ဖြစ်ဖြစ် ချက်စားဖြစ်တယ်။ဒီဘလော့က နည်းအတိုင်း ချက်ပြုတ်လိုက်တာ အရသာ ရှိတဲ့ ဟင်းတစ်ခွက် ဖြစ်ပြီး စားလို့ ကောင်းတယ်။ အဲဒီလို ချက်စားဖြစ်တဲ့ အကြောင်းကို တနည်းနည်းနဲ့ ဥပမာ Comment နဲ့ပဲ ဖြစ်ဖြစ် Facebook မှာပဲ ဖြစ်ဖြစ် ကိုယ်ပိုင်နေရာတစ်ခုမှာ ဖြစ်ဖြစ် အသိပေးတယ် ဆိုရင် Cycle တစ်ခုလုံး ပြည့်တဲ့ အတွက် အဲဒီကျမှ တကယ့် Hit တစ်ခု ရတယ် မှတ်ယူကြည့်ရအောင်။

အဲဒီလိုသာ တိုင်းတာမယ်ဆိုရင် ဟင်းချက်နည်း ရေးတဲ့ မြန်မာ ဘလော့တွေက တခြား (ဥပမာ နယူကလီးယား) အကြောင်း ရေးတာတွေထက် Effective ဖြစ်တယ် ပြောရမည်။ ကျွန်တော်တို့ အပါအ၀င် လူတွေက ဟင်းချက်နည်းစာတွေ ဖတ်မိတယ်။ ပြီးတော့ လိုက်ချက်တယ်။ စားတယ်သောက်တယ်။ အကျိုးရှိတယ်ပေါ့။ ဒါကလည်း နယူကလီးယားလိုမျိုး တိုင်းပြည် အုပ်ချုပ်ရေးလိုမျိုး အကြောင်းတွေ ရေးတဲ့ မြန်မာ ဘလော့တွေက လက်တစ်ဘက်နဲ့ ရေလို့ ရအောင် နည်းသေးလို့ပါ။ အရေအတွက် နည်းတော့ ပြည့်စုံမှု တော်ရုံတန်ရုံ မရှိနိုင်တဲ့ အတွက် အားကိုးလို့ Reference လုပ်လို့ မရသေးတော့ Effective မဖြစ်သေးပါဘူး။ ဒီထက် ပြည့်စုံတဲ့ အင်္ဂလိပ်လို့ Web Site တွေက အရာအထောင် ရှိနေတော့ တကယ့်တကယ် လိုအပ်လာရင် အဲဒီ Web Site တွေဆီပဲ ရောက်သွားပါတယ်။ ကျွန်တော့်အတွက်လည်း IT နဲ့ ပက်သက်ရင် မြန်မာ ဘလော့တွေ Web site တွေ အတော်များများ ရှိနေတာတောင် တကယ် လိုအပ်လာရင် အင်္ဂလိပ် Web Site တွေကပဲ အကူအညီ ရတာပါ။

မြန်မာ အစားအစာ ချက်နည်းကတော့ ဘယ်တော့မှ အင်္ဂလိပ် လိုရေးထားတဲ့ Web Site တွေက ပိုကောင်းနိုင်မှာ မဟုတ်တဲ့ အတွက် Effective အဖြစ်ဆုံး မြန်မာ ဘလော့တွေ (Web Site တွေ)လို့တောင် ပြောရမည်။ တကယ်တော့ ဒီလိုရေးရတာ IT အကြောင်း Engineering အကြောင်းလိုမျိုးတွေ ရေးထားတဲ့ မြန်မာWeb Site တွေကို အားမပေးတာ မဟုတ်ပါဘူး။ မြန်မာတွေအတွက် လိုအပ်နေတဲ့ အချက်အလက်တွေကို မြန်မာလို ရေးထာတဲ့ Web Site တွေ၊ ဘလော့တွေမှာ ပိုပြီး ရှာတွေ့နိုင်အောင် ရေးရတာ ပိုပြီး Effective ဖြစ်အောင် တစ်နည်းတစ်လမ်းနဲ့ တင်ပြတာပါ။ ပညာတတ်ဆန်ဆန် ဥပမာ ပေးရရင်တော့ မြန်မာ စာလုံးပေါင်း သတ်ပုံအကြောင်း ရေးတဲ့ ဘလော့တွေ Web Site တွေကလည်း မြန်မာတွေနဲ့ ပက်သက်ရင် အင်မတန် Effective ဖြစ်တဲ့ စာတွေပါပဲ။ နိုင်ငံရေး စာတွေကလည်း မြန်မာလို ရေးရင် ပိုပြီး Effective ဖြစ်ပါတယ်။ CNN မှာ မြန်မာအကြောင်းဖတ်လို့ လူတွေ ခံစားရရုံ သက်သက်ပါ။ မြန်မာလို ရေးထာတဲ့ စာတွေကသာ မြန်မာတွေကို မျိုးချစ်စိတ် တက်ကြွစေတာပါ။ ဝတ္ထုတွေ၊ ကဗျာတွေလည်း အဲဒီလိုပါပဲ မြန်မာ ကဗျာဖတ်ပြီး ခံစားရတဲ့ ရသမျိုးလိုချင်ရင်တော့ မြန်မာ ကဗျာမှာပဲ ရနိုင်မှာပါ။ အချက်အလက်လိုချင်ရုံ ဆိုရင်တော့ အင်္ဂလိပ်လိုပဲ ဖြစ်ဖြစ် တရုတ်လိုပဲ ဖြစ်ဖြစ် ရေးထားတဲ့ စာတွေမှာလည်း ဖတ်နိုင်ပါတယ်။

တခြားဖက်က ကြည့်ရင် သြစတြေးလျ အကြောင်း ကျွန်တော်ရေးတယ်။ ဒီကိုလာချင်တဲ့ သူက ဖတ်မိတယ်။ ဖတ်မိပြီး လိုက်လုပ်လိုက်တာ သြော်ဇီကို ရောက်လာတယ်။ ဒီရောက်တော့လည်း နေရထိုင်ရတာ အဆင်ပြေတယ် ဆိုရင် Cycle တစ်ခု ပြည့်တဲ့ အတွက် Hit တစ်ခုရတယ် ဆိုပါတော့။ အဲဒီလိုဆိုရင် သြစတြေးလျနဲ့ ပက်သက်ပြီး ကျွန်တော် Hit ဘယ်နှခုများ ရနိုင်ပါသလဲ။ တစ်ခုမှ မရနိုင်သေးဘူး ထင်ပါတယ်။ ကလေး ပို့စ်တွေလည်း အနည်းနဲ့ အများ ဒီလိုပါပဲ။ စာဖတ်သူတွေက ကလေးရှိဦးမှ ပြီးတော့ ရှိရင်လည်း ဒီစာတွေက သူတို့ အတွက် အသုံးဝင်ဦးမှပါ။

မြန်မာလို ရေးမှ ဖြစ်တဲ့အကြောင်းတွေကို မြန်မာလို ရေးတာ Effective ပိုဖြစ်တယ် ကျွန်တော် ခံယူပါတယ်။ အဲဒါကြောင့် IT နဲ့ ပက်သက်ရင် ကျွန်တော် နောက် ဘလော့ တစ်ခုမှာ အင်္ဂလိပ်လိုရေးပါတယ်။ မြန်မာလိုရေးတဲ့ ဘလော့မှာတော့ (ကလေးရှိရှိ မရှိရှိ သြစတြေးလျ အကြောင်း စိတ်ဝင်စားမစား) မြန်မာ အများစုအတွက် ချိန်ရွယ်ပြီး ရေးတဲ့ အတွက် Effective မဖြစ်တဲ့ ပို့စ်တွေ အများကြီး ရှိနိုင်ပါတယ်။ IT Blog မှာတော့ အင်္ဂလိပ်စာဖတ်တဲ့ IT သမားအားလုံးအတွက်သာ ရည်ရွယ်ပြီး ရေးတဲ့ အတွက် အဲဒီ ဘလော့က အခု We She Me ဘလော့လောက် Hit မများပေမယ့် အဲဒီ ဘလော့မှာတော့ Every hit counts တယ်လို့ ပြောလို့ရပါတယ်။

ဘလော့ရေးတာ စာဖတ်သူ အကျိုးရှိမှ မဟုတ်ပါဘူး။ ကျွန်တော် အကျိုးရှိလာရင်လည်း ထိတယ်။ Hit ရတယ် ဆိုချင်ပါတယ်။ ဥပမာ ကျွန်တော်က စာတစ်ပိုဒ်ရေးမိတယ်။ အမှားအယွင်း ပါနေတယ်။ ဖြည့်စွက်ဖို့ လိုအပ်နေတယ်ဆိုရင်လည်း စာဖတ်သူတွေက ပြင်ပေးမှ၊ အဲဒီလို ပြင်ပေးတာကိုလည်း ကျွန်တော်က လက်ခံ ကျေးဇူးတင်ရင် ဟစ်တစ်ခု ရတယ် မှတ်ယူပါတယ်။ အကျိုးရှိတယ်ပေါ့။ အဲဒါကြောင့် ကျွန်တော် Comment ပေးတဲ့ နေရာမှာ Anonymous ကို ဖွင့်ထားပေးတာပါ။ အလွယ်တကူ အမှားပြင် ဝေဖန်နိုင်အောင် ခံယူချက် သဘောထား ကွဲလွဲနိုင်အောင်ပါ။


အခုခေတ်က Web 2.0 ခေတ်ပါ။ Version 2.0 ဆိုတာ နည်းပညာပိုင်းနဲ့ ပက်သက်တယ်ဆိုတာထက် ပြောင်းလဲလာတဲ့ စတိုင်ကိုပြောတာပါ။ အတိုချုပ် ပြောရရင်တော့ Web 1.0 ဆိုတဲ့ ခေတ်တုန်းက Web Site တွေကို ကုမ္ပဏီတွေ သတင်းဌာနတွေကသာ ရေးပါတယ်။ အခုခေတ်မှာတော့ content တွေကို အင်တာနက် သုံးသူတွေကပါ ရေးလာပြီ။ ဘလော့ရေးသလိုမျိုးက Web 2.0 မှာသာ ဖြစ်တဲ့ Phenomenon ပါ။ အရင်တုန်းက အင်တာနက်သုံးသူတွေက Comment တောင် အလွယ်ပေးလို့ ရတာ မဟုတ်ပါဘူး။ အဖတ်သက်သက်ပါ။ အခုတော့ ကိုယ်တိုင်ကိုယ်ကျ ပြောဆိုလို့ရတယ်။ ၀င်ရောက် ဆွေးနွေးလို့ ရတယ်။ Share လို့ရတယ်။ အင်တာနက်သုံးသူတွေမှာ Express လုပ်လို့ ရလာပါပြီ။ ပြီးတော့ ဒီဘလော့မှာ စာဖတ်သူတွေကလည်း မြန်မာပြည် ပြင်ပက ၉၉% ရှိတဲ့ အတွက် ချုပ်တည်းစရာ မလိုဘဲ အင်တာနက်ကို ဖတ်ချင်တဲ့ အချိန် ဖတ်လို့ရသလို ရေးချင်တာလည်း ရေးလိုရပါတယ်။ အဲဒါကြောင့် အခွင့်အရေး ရတုန်း ကိုယ်ပြောချင်တာတွေကို ဖွင့်ပြောလိုက်ကြပါ။ ဘလော့မှာမှ မဟုတ် Facebook မှာပြောမလား နည်းတစ်ခုခုနဲ့ အင်တာနက်ပေါ်မှာ Express လုပ်ကြပါ။ Web 2.0 ကြီးထဲမှာ ပြည့်ပြည့်၀၀ စီးမျောကြပါလို့ တိုက်တွန်းချင်ပါတယ်။ Effective ဖြစ်အောင် လုပ်နိုင်ရင်တော့ ကိုယ်ရော သူရော အကျိုးများမှာ အမှန်ပါပဲ။

နောက်တစ်ခု သတိထားမိတာက စာဖတ်မိပြီး အကျိုးလည်းရှိလျက်နဲ့ အင်တာနက်လည်း ကောင်းကောင်းသုံးတတ်ပါလျက်နဲ့ Appreciate လုပ်ဖို့ အားသိပ်မထည့်ချင်တာမျိုးလေးတွေပါ။ တကယ်တော့ "Thanks" ဆိုတဲ့ စကားလုံး တစ်လုံးက ဘယ်လောက် တာသွားနိုင်တယ် ဆိုတာ နားမလည်လို့လည်း ဖြစ်ကောင်းတယ်။ လမ်းဘေး သောက်ရေအိုးစင်လောက်တောင် အသိအမှတ် မပြုတာမျိုးလည်း ဖြစ်နိုင်ကောင်းတယ်။ လမ်းဘေးမှာ ချထားတာပဲ၊ အင်တာနက်မှာ ရှိနေတာပဲဆိုပြီး Granted လို သဘောထားတတ်ကြပါတယ်။ ဒီနေရာမှာ ကျွန်တော့်ကို ကျေးဇူးတင်ရမည် အတင်း မဆိုလိုပါဘူး။ တခြား ဘလော့ရေးနေသူတွေ အားလုံး၊ စာရေးနေသူတွေ အားလုံးအတွက်လည်း ရည်ရွယ်ပါတယ်။ စာတစ်ခု ဖတ်မိတယ်၊ ကိုယ့်အတွက်လည်း အကျိုးရှိတယ် ဆိုရင် ကျေးဇူးသာ အမြန်တင်လိုက်ပါ။ ဘလော့တွေမှာ ချရေးနေကြတာ အဲဒီစာရေးသူတွေ ဆီက ရစရာတွေထဲမှာ Tip of the iceberg ပဲ ရှိပါသေးတယ်။ ကျေးဇူးတင်လိုက်တဲ့ အတွက် စာရေးသူဆီက ဒီထက် Advance ဖြစ်တဲ့ စာတွေ ပိုပြီး ဖတ်လို့ ကောင်းတဲ့စာတွေ ရလာနိုင်စရာ အကြောင်းတွေ ရှိပါမည်။ အားပေးတော့ အားတက်တဲ့ သဘောမျိုးပါပဲ။ ကိုယ့်အတွက်လည်း ပိုအကျိုးများဖို့ပဲ ဖြစ်စေမှာပါ။ စာရေးသူတွေမှာလည်း အချိန် အတော်ယူပြီး ရေးထားရတာ မိနစ်ဝက်စာလောက်တော့ အချိန်ယူပြီး Thanks ပြောပေးလိုက်ကြပါလား။ (ဒီနေရာမှာ အကြောင်းကြောင်းကြောင့် မလုပ်နိုင်သူများကို မဆိုလိုပါဘူး။ ဥပမာ စာမရိုက်တတ်တဲ့ လူကြီး စာဖတ်သူတွေလိုမျိုး။)

ကျွန်တော့် စာဖတ်ပြီး ကြိုက်လို့ Quote လုပ်တယ်၊ အသုံးလည်းဝင်ပြီး အဲဒီတဲ့ အတွက် တစ်နည်းတစ်ဖုံနဲ့ Appreciate လုပ်တာကိုမှ Count လုပ်တယ် ဆိုရင် ကျွန်တော်လို့ သူများ ဘလော့တွေမှာ တော်ရုံတန်ရုံ Comment မပေးဖြစ်တဲ့သူ (ကိုယ့်ဘလော့ကိုယ်မှာတောင် comment တိုင်းကို စာမပြန်နိုင်တဲ့သူ) က သူများစာတွေ ဖတ်ပြီး ဘယ်လို Appreciate လုပ်သလဲ ပြန်မေးစရာ ရှိပါတယ်။ ကျွန်တော် Share ပါတယ်။ ပြီးပြီးရော အလိုအလျောက် Share တာမျိုး မဟုတ်ဘဲ မြင်တာနဲ့ ဖတ်မိအောင် Share ပါတယ်။ ကျွန်တော် တစ်ခါတစ်လေ ပထမဆုံး အပိုဒ်မဟုတ်ဘဲ မြင်တာနဲ့ စိတ်ဝင်စားမဲ့ စာနေရာကို တကူးတက Quote လုပ်ပြီး Share ပါတယ်။ အဲဒီလိုမျိုးတွေ Share ရင် အဲဒီစာရေးတဲ့ သူကို ကျွန်တော်က Comment မပေးတောင် သူ့ဘလော့ကို ကိုယ်တိုင်ကိုယ်ကျ မလာဖြစ်တောင် Hit တစ်ခု ပေးတယ် ခံစားစေချင်ပါတယ်။အဲဒီလို စေတနာပါပါ Share ပေးလို့လည်း ဒီဘလော့မှာ ပို့စ်အသစ် မတင်ထားတာတောင် နေ့တိုင်း လာအားပေးသူများကြောင့် အခုလို ဟစ်များရတာပါဆိုတာ ထပ်ပြောပါရစေဦး။

သုတ ရသ မပေးနိုင်တောင် Effective ဖြစ်တဲ့ ဘလော့မျိုး Web Site မျိုးလည်း ရှိပါသေးတယ်။ ဗဟုသုတ အချက်အလက်တော့ မပေးနိုင်ဘူး။ ဒါပေမယ့် ဖျော်ဖြေမှုတော့ ပေးနိုင်တာ မျိုးတွေပါ။ ဘလော့ဆိုတာမျိုးက သုတေသန စာတမ်းမျိုးလည်း မဟုတ်သေးဘူး။ အပျော်ရေးကြ ဖတ်ကြတာပါ။ အဲဒီလို ရည်ရွယ်ချက်နဲ့ ကြည့်မည် ဆိုရင်တော့ ဖျော်ဖြေမှု ပေးနိုင်တဲ့ ဘလော့တွေ Web Site တွေက Effective ဖြစ်တယ်တောင် ပြောလို့ ရဦးမည်။ ဥပမာ Myanmar Celebrities Web Site လိုမျိုး။ မင်းသား မင်းသမီးတွေ အကြောင်း သိရလို့ ထမင်းဝမှာ ပိုက်ဆံရမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထမင်းဖိုး တခြားနည်းနဲ့ ပိုက်ဆံရှာပြီးရင်တော့ ဖျော်ဖြေမှုလေးကလည်း လိုအပ်ပါသေးတယ်။ အထူးသဖြင့် ပြည်ပရောက် မြန်မာများကလည်း ကိုယ့်တိုင်းပြည်က မင်းသား မင်းသမီးတွေ အကြောင်း သိပ်သိချင်ကြတာ။ ဒီလိုမျိုးအတွက်တော့ ဒီလို ဖျော်ဖြေမှု ပေးနိုင်တဲ့ Web Site တွေ ဘလော့တွေက လိုအပ်နေဦးမှာပါပဲ။ ကျွန်တော့် ဘလော့ကတော့ ဖျော်ဖြေမှု ရသပေးလား အမှန်တကယ် အသုံးဝင် အသုံးချနိုင်တဲ့ သုတတွေ ပေးသလားဆိုတာတော့ နှစ်ခုစလုံး ဝေေ၀ပါးဝါးပါပဲ။

အဲဒီလို အဖတ်လည်း မတစ်၊ အရည်လည်း မတစ်နဲ့ ဘာကြောင့်များ ဘလော့နေကြသလဲ မေးစရာ ရှိပါတယ်။ IT တွေ Engineering တွေလိုမျိုး နည်းပညာ ဘလော့တွေကရော အင်္ဂလိပ်လို ရေးထားတဲ့ ဘလော့တွေ ရှိနေလျက်နဲ့ ဘာကြောင့် ရေးနေကြသေးလဲ။ အဲဒီ မေးခွန်းတွေ အတွက် အဖြေကများ အခု အချိန်မှာ အကျိုးအများကြီး မရှိသေးပေမယ့် လိုအပ်မည့် မြန်မာ တစ်ယောက်ယောက်ကများ ဖတ်မိသွားပြီး အသုံးဝင်သွားရင် ရေးရကျိုး နပ်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အချိန်တွေ ရင်းပြီး ရေးနေကြတယ် ဖြစ်မလားပဲ။ ဒါမှမဟုတ် ဘလော့ ဖတ်တဲ့သူတွေက အကျိုးတစ်ခုခု အတွက် မဟုတ်ဘဲ ဖျော်ဖြေရေးအနေနဲ့သာ ဖတ်သလို ဘလော့ ရေးတဲ့သူတွေကလည်း ကိုယ့်ဘာသာကိုယ် အပျင်းပြေ ရေးနေကြတာလည်း ဖြစ်နိုင်တယ်။ ဒီလို ဘလော့ရေးတာကို အားလပ်ချိန်မှာ Hobby တစ်ခုအနေနဲ့ ရေးနေတာမျိုး ပေါ့ပေါ့ပါးပါး သဘောထားတယ်ဆိုရင် ထိသလား မထိသလား အကျိုးရှိသလား မရှိသလား ဘာမှ စဉ်းစားနေစရာ မလိုတော့ဘူး။ အပျော်တမ်းပေါ့။ ကိုယ်တွေက Professional တွေမှ မဟုတ်တာ။ ဟစ် ၆၀ လား ဟစ် ၆ သိန်းလား ခေါင်းခြောက်ခံ စဉ်းစားမနေပါနဲ့ အထွေအထူး ခံစားမနေပါနဲ့တော့ မောင်အန်ဒီလိုသာ ပြောလိုက်ကြပါတော့။ ။

တခြားဖတ်ရန်

ဟစ် ၄ သိန်းပြည့် အမှတ်တရ
ကျွန်တော့်ပို့စ်တွေက အရမ်းကို ကိုယ်ရေးကိုယ်တာ ဆန်နေပါလား။ ကျွန်တော့်ရဲ့ Privacy တွေ အနည်းနဲ့ အများ ပွန်းပဲ့သွားတာပါလား မြင်လာတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော် ဟစ်တွေရဖို့ အတွက် Privacy တွေနဲ့ Trade လုပ်လိုက်ရပါလားလို့ သုံးသပ်မိတယ်။

ဟစ် ၃ သိန်းပြည့် အမှတ်တရ

တယ်လီဖုန်း သီအိုရီနဲ့ ကြည့်မည်ဆိုရင် တယ်လီဖုန်းကွန်ယက်တစ်ခုရဲ့ တန်ဖိုးက ချိတ်ဆက်ထားတဲ့ တယ်လီဖုန်း အရေအတွက်ရဲ့ ထပ်ကိန်းနဲ့ အချိုးကျတယ်တဲ့။ တယ်လီဖုန်း ၁ လုံးထဲနဲ့ ကွန်ယက်ဆောက်လို့ မရပါဘူး။

ဟစ် ၂ သိန်းပြည့် အမှတ်တရ
`ကွန်ပြူတာ သုံး တာ ၁၀ မိနစ် ပြည့် တိုင်း.. မျက်စိကို အနားပေးဖို့..အဝေး ကို လှမ်းလှမ်း ကြည့် ပေးပါ´ ဆို သလိုပဲ.. ပုံရိပ်ယောင် ကမ္ဘာထဲ မှာ..ပျော်မွေ့ပြီးတိုင်း.. ဘလော့ တွေ ဖတ်ပြီးတိုင်း.. ဟိုး-------အဝေးကို လှမ်း လှမ်း ကြည့်ပေး ကြ ရမယ် ..ထင်ပါရဲ့။

Hit တစ်သိန်း အမှတ်တရ

အရင်းကြေလား မကြေလား ဘယ်လို တွက်လဲဆိုတော့ ကျွန်တော် ပို့စ်တစ်ခု ရေးဖို့ အနည်းဆုံး ၂ နာရီကနေ ၆ နာရီလောက် အချိန်ယူရပါတယ်။ ပျမ်းမျှဆို ၄ နာရီပဲထား။

38 comments:

ZT - 3/16/10, 9:19 PM

အကျိုးပြု ဆိုတာမျိုးကြီးတော့ မပြောလိုပါဘူး။ ကိုယ့်စာကို တခြားသူတွေ ဖတ်ပြီး ကြိုက်တယ် ဆိုရင် ဝမ်းသာပါတယ်။ ဗဟုသုတ ရမှ ရယ်လို့လည်း မဟုတ်ပါဘူး။ အနည်းဆုံး အပျင်းပြေလောက် ဖတ်လို့ရတယ်ဆိုရင်ကို ကျေနပ်ပါတယ်။

Anyway, Thanks for your post. :)

Nge Naing - 3/16/10, 9:29 PM

Nge Naing
Congretulations!! သုံးနှစ်မှာ ပို့စ် ၂၀၀ ကျော်နဲ့ Hit Counter ၆ သိန်း စာလာဖတ်ကြတာ အားရစရာပဲ။ စာရေးတယ်ဆိုတာ ဘယ်သူမဆို ကိုယ်ရေးတာကို သူများဖတ်စေချင်လို့ ရေးတာပဲ ဖြစ်တဲ့အတွက် လက်တွေ့ ဘယ်လောက် အသုံးတည့်သွားတယ် မတည့်သွားဘူး ဆိုတာထက် လာဖတ်ကြတယ် ဆိုကတည်းက အားပေးမှုကို ရထားပြီးဖြစ်လို့ ပီတိဖြစ်မှာက သေချာပါတယ်။ လာလည်း လာဖတ်တယ် ဖတ်တဲ့သူတွေမှာ လက်တွေ့လည်း အကျိုးရှိသွားကြတယ် ဆိုရင်တာ့ အတိုင်းထက်လွန်ပဲပေါ့။ ဆက်လက်ပြီး ပျော်ရွှင်စွာ ဘလော့ဂ်ရေးနိုင်ပါစေ။

Anonymous - 3/16/10, 10:00 PM

Pls tell me IT Blog address.
Thanks a lot.

ကိုရင်နော်ခင်လေးငယ် - 3/16/10, 10:00 PM

အစ်ကို သုံးသပ်ပြထားတာတွေအားလုံးကို နှစ်သက်စွာ ထောက်ခံပါတယ်။

Congratulation ပါ အစ်ကိုရေ..
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနှင့် ပျော်ရွှင်စွာဆက်လက်ဘလော့ဂင်းနိုင်ပါစေ။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ကိုရင်နော်၊ ခင်လေးငယ်

ko 9 - 3/16/10, 10:20 PM

၁.ကလေးတွေအကြောင်းဆိုတော့ဝင်ဖတ်မိတယ်
(ကလေးအဖေဆိုတော့လေ..ဟဟ)
၂.အေ၇ာင်ကင်းတော့သင်္ဂယ၇သလေး၇တယ်
၃.လင့်ထားတာလေးတွေဖတ်ကြည်တယ်
၎.SGနဲ့AU အကြောင်းဗဟုသုတအနေနဲ့ဖတ်တယ်

ကိုယ့်ဖာသာserveyလုပ်ကြည့်တာလေ..

Anywayုkeep it up !

Anonymous - 3/16/10, 11:11 PM

Thanks for all of your posts.
At least i learned something from your posts.
i am a regular reader of your blog. but i left comments very rare.
it doesn't mean that i didn't want to say thanks...
please keep up your good works...
Good on you.

Kay - 3/17/10, 12:07 AM

အား..ဒီနှုံးအတိုင်း ဆို...မကြာခင်မှာ..ဟစ် မီလျံနာ ကြီး ဖြစ်တော့မယ်..ကိုအန်ဒီ...
း)

ရွှန်းလဲ့ - 3/17/10, 12:11 AM

ဗဟုသုတရတဲ့ ပိုစ့်တွေအတွက်ကော ရယ်ရတဲ့ပို့ စ်တွေအတွက်ပါ ကျေးဇူးတင်ပါတယ်။ :)

khin oo may - 3/17/10, 12:23 AM

ပိုစ်တင်မက ဆိုက်ဘားက လင့်တွေကပါ စိတ်ဝင်စားမှုရှိတယ်လို့ဝန်ခံပရစေ။

Min - 3/17/10, 12:27 AM

Thanks Ko Andy and Family

တောင်ငူသား - 3/17/10, 12:44 AM

ကိုအန်ဒီရေ
ကျွန်တော် ကွန်ပြူတာရှေ့ရောက်တိုင်း ဖွင့်ဖြစ်တဲ့ ဘလော့သုံးခုရှိပါတယ်။
ဒေါက်တာလွဏ်းဆွေ၊ ကိုအန်ဒီ နဲ့ ကျွန်တော့်ဘလော့ပါပဲ။ အနည်းဆုံး မဖွင့်ဖြစ်ဘူးဆိုတဲ့ နေ့မှာတောင် သုံးကြိမ်လောက် ဖွင့်ဖြစ်ပါတယ်။

ဒေါက်တာလွဏ်းဆွေဘလော့မှာ သတင်းတွေ စုံစုံလင်လင် link ချိတ်ထားလို့ ကိုယ်စိတ်ဝင်စားတဲ့ သတင်းကို အလွယ်တကူ ရှာဖတ်နိုင်သလို၊ ကိုအန်ဒီဘလော့မှာ ကောင်းနိုးရာရာ link ထားတဲ့ အကြောင်းအရာတွေက နေ့စဉ် အသစ် ဖြစ်ဖြစ်နေတာကြောင့် ဝင်ဖြစ်ပါတယ်။ အဲဒီ နှစ်ခုက ဖတ်စရာကုန်ပြီဆိုမှ ကျွန်တော့်ဘလော့ side bar က တက်လာတဲ့ အသစ်တွေကို စိတ်ဝင်စားသလို လိုက်ဖတ်ဖြစ်ပါတယ်။

ကိုအန်ဒီဘလော့က ပိုင်ရှင်က အသစ်မတင်လို့ ဖတ်စရာမရှိရင်တောင် ဘေးမှာ တက်လာတဲ့ အသစ်တွေ ဖတ်လို့ရသလို၊ တချို့ ပို့စ်အဟောင်းတွေကိုလဲ မွှေနှောက်ဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ပို့စ်တွေကိုတော့ ကျွန်တော်နဲ့ မသက်ဆိုင်ဘူးထင်ရင် မဖတ်ဖြစ်ပါဘူး။ ပို့စ်အများစုမှာ စာရေးသူရဲ့ အားစိုက်ထုတ်မှုကို မြင်နေရပါတယ်။ ဒါကြောင့်လဲ ဒီနေ့လို ခြောက်ဆယ် ဖြစ်ရတာပါ။

အထူးသဖြင့် ထူးမြတ်လင်းနဲ့ မြတ်နိုးတို့ရဲ့ ချစ်စဖွယ် ပုံတွေ ဗွီဒီယိုလေးတွေကို ကြည့်ရတာ စိတ်ကြည်နူးစရာ ကောင်းပါတယ်။ အခါအားလျော်စွာ အသစ်တင်မယ်လို့လဲ ထင်ပါတယ်။

Congratulations! ပါ ကိုအန်ဒီ

မိသားစုအားလုံး ချမ်းမြေ့ပျော်ရွှင်ပါစေ

ဒဏ္ဍာရီ - 3/17/10, 1:08 AM

Congratulations! ပါ အကို...
ဘလော့ (၃) နှစ်ပြည့်လေးမှ စပြီး ပျော်ရွှင်ဖွယ် မိသားစုတွေနဲ့ အတူ စာတွေလည်း ဆက်လက်ရေးသားနိုင်ပါစေ။
အကို့ ဘလော့လေးက စာပေတွေဟာ စာဖတ်သူတွေအတွက် တစုံတရာ အကျိုးပေးတဲ့ စာပေတွေပါ။ ဘ၀ပေးအသိ၊ ပညာအသိတွေ မှတ်သားစရာတွေနဲ့ အတုယူ သင့်တာဖြစ်လို့ လေးစား အားကျမိပါတယ်။

ခင်မင်လေးစားလျှက်

Naomie - 3/17/10, 1:20 AM

Ko Andy,
Congrats!
I always visit ur blog but it is the first time i write comment. I learned something whenever i read ur posts. So 1st want to say Thank u for sharing and plz keep it up. :)

Anonymous - 3/17/10, 1:46 AM

အားပေးလျှက်ပါ။ မှတ်ချက်ပေးရတာ မလွယ်လို့ မပေးဖြစ်တာပါ။

ဟေမာ

Shinlay - 3/17/10, 3:37 AM

Congretulations!!

nu-san - 3/17/10, 3:57 AM

ဟစ် ၆ သိန်းတဲ့..ပျော်စရာကြီး....... :)
အမကတော့ ဟင်းချက်တဲ့ပို့စ်တွေရယ်၊ ကလေးအကြောင်းတွေရယ်
၊ sidebar က share ပေးထားတာတွေရယ်ကို ပိုဖတ်ဖြစ်တယ်.. အနည်းဆုံးတော့ တစ်နေ့ တစ်ခေါက် ၀င်ကြည့်လိုက်မိတာပဲ.. ဘာမှ ကြည့်စရာမရှိရင်လည်း သားတို့ သမီးတို့ဓာတ်ပုံလေးတွေ လျှောက်ကြည့်နေလိုက်တာပဲ.. အခုနောက်ပိုင်းဆို ကလေးပို့စ်တွေကို ပြန်ပြန်ဖတ်ဖြစ်တယ်.. အမအတွက်တော့ ကလေးပို့စ်တွေက အမှန်တကယ် အသုံးဝင်ပါတယ်.. ;P

ရွှန်းမီ - 3/17/10, 4:08 AM

ရိုးသားတဲ့စာရေးပုံကို လူတွေသိပ်နှစ်သက်ကြတယ်လို့ ထင်ပါတယ်။

chit - 3/17/10, 4:41 AM

thank u much
MZT

Nu Thwe - 3/17/10, 5:36 AM

အချိန်မရလို့ သေသေချာချာ မမန့်နိုင်သေးတာ တောင်းပန်ရင်း ကျေးဇူးတင်ကြောင်း ကမန်းကတန်း ပြောသွားပါတယ်နော့။

မယ်ကိုး - 3/17/10, 10:54 AM

Congratulation ! စာအမြဲလာဖတ်ဖြစ်ပါတယ်။ ဘာရေးရေးကြိုက်ပါတယ်။ စာတွေ ဖတ်ရလို့ ကျေးဇူးပါ။

Anonymous - 3/17/10, 11:39 AM

အမလေးဟယ် ဒီလောက်ဟစ်တွေရနေတာတောင် ကျေးဇူးအတင်ခံချင်နေသေးတယ်

နွေးနေခြည် - 3/17/10, 1:30 PM

ဒီဘလော့ကို ၂၀၀၉ လောက်ကမှစသိခဲ့တာပါ။ အချိန်ရရင်ရသလို အဟောင်းတွေလည်း ပြန်ရှာဖတ်ပါတယ်။ ကွန်မန့်တော့ ချန်ထားခဲပါတယ်။ ကိုအန်ဒီဘလော့ကို အမြဲအားပေးနေပါတယ်း)

P.Ti - 3/17/10, 1:46 PM

Congratulations, Ko Andy.
ဘာပဲရေးရေး စေတနာသန့်ရင် ဖတ်လို့ကောင်းတယ်လို့ ခံစားမိတယ်။ ဘယ်လိုပဲ hit တက်တက် ၆သိန်းရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။

ကိုအန်ဒီရဲ့ ဗဟုသုတပေးတဲ့ ပို့စ်တွေနဲ့ နဲ့ ညာဖက်က Feed Roll က ဟစ်တက်စေတဲ့ အကြောင်းတွေလို့ထင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။

Rita - 3/17/10, 1:55 PM

ပထမဆုံးအနေနဲ့ ကျေးဇူးအထူးတင်ပါတယ်။ :)

reader တယောက်အနေနဲ့ ဒီဘလော့ရဲ့ ထူးခြားချက်လို့ ယူဆမိတာကို ပြောရရင် Post တွေမှာပဲ ဖြစ်ဖြစ်၊ Side Bar က Link တွေမှာပဲ ဖြစ်ဖြစ် စနစ်တကျ အသေအချာရှိတာပါပဲ။

အကြောင်းအရာကို သိပ်စိတ်မဝင်စားမိရင်တောင်မှ blogger က စနစ်တကျ အသေအချာ ရေးထားတယ် ဆိုတာကို သတိပြုမိစေပါတယ်။

စိတ်ဝင်စားရတဲ့ အကြောင်းအရာတွေက အများကြီး ပိုများပါတယ်။

Myo Kyaw Htun - 3/17/10, 2:02 PM

You missed to write 50? :) ... Congrats for your achievements Ko Andy... The stats is amazing as a personal blog.

Zephyr - 3/17/10, 2:11 PM

Congratulations ပါ ကိုအန်ဒီ ...။
ကျွန်တော်ကတော့ ဟင်းချက်နည်းတွေကြောင့် လာဖတ်တာမဟုတ်ပါဘူး။
မိသားစုတွေ တွေ့ကြုံနေရတာ ... သဘာဝကျတဲ့ မြင်ကွင်းလေးတွေလိုဖြစ်နေတာကြောင့် လာဖတ်ဖြစ်ပါတယ်။

ကိုအန်ဒီတို့ မိသားစုတွေ ပျော်ရွှင်ငြိမ်းချမ်းပါစေ။

ခင်မင်စွာဖြင့်
Zephyr

လုလု - 3/17/10, 2:38 PM

အစ်ကိုရေ့
Congratulation ပါနော်။ အစ်ကို့ဆိုက်ဒ်ကိုတော့ နေ့တိုင်းမဖြစ်မနေ ၀င်ဖတ်ဖြစ်ပါတယ်။ မိသားစုအကြောင်း ကြည်နူးစရာပါတယ်၊ ဟင်းချက်နည်းပါတယ်၊ ဗဟုသုတရဖွယ်တွေပါတယ်။ side bar ကိုလည်း သဘောကျတယ်။ အရမ်းသေသပ်လှပပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကြောင့်ပါနော်။
နောက်ထပ်လည်း ရေးပေးပါဦးနော်။ အားပေးလျက်ပါ။
ခင်မင်စွာဖြင့်
လုလု

သက်ဝေ - 3/17/10, 3:41 PM

Congratulation Ko Andy...
ဒီဘလော့ဂ်လေးကို ပိုစ့်အသစ်တင်တိုင်း လာဖတ်ဖြစ်ပါတယ်...
ပျော်စရာ မိသားစုလေးအကြောင်း ကစလို့ ဟင်းချက်တာတွေရော... လေးလေးနက်နက်ရေးထားတဲ့ တွေးစရာပိုစ့်တွေရော... အားလုံးကို နှစ်သက်ပါတယ်...။
ကျန်းမာပျော်ရွှင်စွာနဲ့ စာတွေ အများကြီး ဆက်ရေးနိုင်စေကြောင်း ဆုတောင်းတယ်နော်...

ချစ်ကြည်အေး - 3/17/10, 4:07 PM

ကိုအန်ဒီ နှင့် သူ၏ အချစ် သူမ...,၆သိန်း...၃နှစ်မှာ...နဲတာမှ မဟုတ်တာဗျာ...စာဖတ်သူများတာနဲ့တင် ရေးရကျိုး နပ်ပါပြီ၊ စာဖတ်သူ တခုခု ရသွားရင်ပဲ ကျေနပ်ရမှာ...။
Congratulation ဗျာ...ရှေ့အများကြီး ဆက်လက် ချီတက်နိုင်ပါစေ:)

T T Sweet - 3/17/10, 4:08 PM

ကိုအင်ဒီ ... ရေးတဲ့စာတွေသာမက လင့်ခ်ထားတဲ့ ဘေးက feed roll ပို့စ်လေးတွေပါ ကြိုက်လို့ နေ့တိုင်းနီးပါး လာဖတ်ဖြစ်ပါတယ်။ ငယ်ငယ်က ဖတ်ဘူးတဲ့ ပေဖူးလွှာတို့လို့ မဂ္ဂဇင်းတစ်စောင်ကို ဖတ်ရသလို အရသာမျိုး သုတ၊ ရသာအစုံပါပဲ။ ကိုအင်ဒီကိုယ်တိုင်ရေးတဲ့ ပို့စ်အသစ်တက်လို့ကတော့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ ကုက္ကားပေါ့။
ကိုယ်ရေးတဲ့ ပို့စ်လေးတွေကို လင့်ခ်ပေးတာလဲ comment ပေးတာထက်တောင် အသိအမှတ်ပြုထားတယ်၊ ရှယ်ပေးတယ်ဆိုတာ အရင်ကတည်းက သဘောပေါက်ပါတယ်ရှင့်။ အဲဒီအတွက်လဲ အများကြီးကျေးဇူးပါ။ ဒီထက်မက အောင်မြင်ပါစေ။

Mi Nwe - 3/17/10, 5:47 PM

ကိုအန်ဒီတို့မိသားစု ဘလော့ခ်လေးကို နေနေဆီကနေ သိပြီး လာဖတ်နေတာပါ..။
အဓိက ထားဖတ်ဖြစ်တာက
၁) စလုံး အော်ဇီ အကြောင်း
၂) ကလေးတွေ အကြောင်း
၃) ကလေးမီးဖွားတဲ့ အကြောင်းတွေပါ..။
ဟင်းလဲ ချက်တတ်တော့ နောက် ရုပ်ရှင်ကားလဲ ကြည့်ဖြစ်တာနဲ့ အဲဒါတွေနဲ့ ပက်သက်ရင်သိပ် မဖတ်ဖြစ်ပါဘူး..။ အိုင်တီကတော့ တစ်ခုခုလုပ်ချင်မှ ရှာဖတ်တာဆိုတော့ သွားကို မကြည့်ဖြစ်တဲ့ ခေါင်းစဉ်ပါ..။ ဥာဏ်မမီတာလဲ ပါပါတယ်..။
အခု တစ်လလောက်ကမှ စဖတ်ဖြစ်တာဆိုတော့ အကုန်ဟာ အသစ်ဖြစ်နေပြီး ရုံးကနေ အချိန်ရတိုင်း ၀င်ဖတ်ဖြစ်ပါတယ်..။
မဖြစ်ညစ်ကျယ် ကိုယ်ပိုင်ဘလော့ခ် အသေးလေးတစ်ခု ၂၀၀၄ လောက်ထဲက ရှိနေတော့ ကိုယ်ရေးတာအားလုံးက ကိုယ့်အကြောင်းကလွဲလို့ မရေးတတ်တာမို့.. ကိုအန်ဒီတို့ မောင်နှံလို သူများကို ဗဟုသုတလဲ ပေးနိုင်၊ ဖျော်ဖြေရေး ပုံစံလဲဆန်၊ တစ်ချို့ဟာတွေဆို မှတ်သားရတာမို့ အချိန်ပေးရေးနေတာကို တကယ်သတိထား ကျေးဇူးတင်ပါတယ်..။
နောက် ဒီဘလော့ခ်ကနေဆက်ပြီး ဆက်ဖတ်ဖြစ်တာတွေ ရှိပါသေးတယ်..။

kaungkinpyar - 3/17/10, 6:13 PM

Congratulations! ပါ အကို...

အမြဲ လာဖတ်မိတဲ့ ဘလော့ပါ၊ ဒီဘလော့ ကနေမှ တဆင့် ဘေးဆိုဒ်ဘား က တင်ထားတာတွေ တခါထဲ ဖတ်မိပါတယ်...

MrDBA - 3/17/10, 6:43 PM

ဆက်ချီတက်။ အားပေးလျက်ပါဗျာ။

Anonymous - 3/17/10, 9:28 PM

့HIT ဘယ်လို COUNT လုပ်သလဲဆိုတာတွေးနေတာ။ကိုအန်ဒီ
ဟစ် တွေက ၂ နဲ့ စားရမလား။ ၄ နဲ့ စားရမလားတွက်ကြည့်နေတာ။
ဘာလို့ လဲဆို တော့ ဘလော့ဂ်ကိုဝင်တာနဲ့ ဟစ်ကတစ်ကြိမ် ။နောက် ပို့ စ်တစ်ခုဖတ်တယ်ဆိုပါတော့။ အပြည့်အစုံဖတ်ရန် ကိုနှိပ်လိုက်တဲ့အခါနောက်ထပ်တစ်ကြိမ်။ လူတစ်ယောက်ထဲက ဒီပို့ စ်ကို ၂ပြန်ဖတ်ဖြစ်မယ်ဆိုရင် ဟစ်က ၄ ကြိမ် ဖြစ်သွားပီ။

ကျွန်တော်တွက်တာမှန်လားတော့မသိဘူး။ ၄နဲ့ စားမယ်ဆိုရင်တောင် ၁သိန်းခွဲ ကျန်ပါသေးတယ်။

ပရိတ်သတ်တစ်ဦး

Andy Myint - 3/17/10, 9:42 PM
တွေးတာ မှန်ပါတယ်။ ဒီလို Home Page ကနေ နောက်ထပ် ပို့စ်တစ်ခုကို ဖတ်တာ ပို့စ်တစ်ခုကို ၂ ခါဖတ်တာ "Interestingness" ကို ပြတဲ့ အတွက် ၁ နဲ့ တိုင်းတာထက် ၁x ၄ = ၄ က အတိုင်းအတာ တစ်ခုကို သိစေပါတယ်။ အဲဒီအကြောင်းကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ခင်ဗျာ http://wesheme.blogspot.com/2007/07/bouncerate.html
လသာည - 3/20/10, 12:34 PM

ကွန်ဂရက်ကျူးလေးရှင်းပါ..။
ကျွန်မကတော့ ဒီဘလော့ကို သိတာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ပထမဆုံး ဖတ်မိကတဲ့က အရမ်းကို သဘောကျသွားပါတယ်။

အပေါ်မှာပြောကြသလိုပဲ ကိုအန်ဒီတို့ ရေးတဲ့ စာတွေက စာဖတ်သူကို ဗဟုသုတရစေသလို၊ စာမြည်းတွေ ပေးထားတဲ့ ဘေးလင့်ခ်က စာတွေကြောင့် မဂ္ဂဇင်း မျက်နှာစာကို ဖတ်ရသလိုမျိုးပဲမို့ . ၀င်ပြီးရင် တော်တော်နဲ့ မထွက်ဖြစ်ပါဘူး။ ကြိုက်ရာရွေးဖတ်လို့ ရတဲ့ တကယ့်စာကြည့်တိုက် တစ်ခုပါပဲ..။

လေးစားစွာဖြင့်
လသာည

Anonymous - 3/27/10, 2:42 PM

Ko Andy & Ma
Even though your blog didn't have much post lately, I can see u put much time and effort in all of them. So, thank you for sharing.

I like your blog as it has interesting links for current affair about Burmease. May I know if you come across any blog or web page for Thayawarda Buddhism ? I am living in Aussie as well but when I try to explain about Buddhism sometimes I could not find the right words . There must be a good web page which you could read about Buddhism muesn't it?

Anonymous - 4/1/10, 11:46 PM

Quite frankly I seldom read your posts.
I visit wesheme just to go to the other links that you provide.
Thanks a lot.

Post a Comment

Many thanks for dropping a comment…

Film