Tuesday, March 30, 2010

သမီးမြတ်နိုး ၃နှစ်ပြည့်မွေးနေ့

သူများကလေးများဆို ၁ နှစ် ၁နှစ်ပြည့်သွားတာ သိပ်မြန်တာပဲလို့ စာဖတ်သူတွေ ခေါင်းစဉ်ဖတ်မိတာနဲ့ တွေးမိမှာပဲ။ ကျွန်တော်တို့လည်း အဲဒီလိုပဲ တွေးပေမယ့် ကိုယ့်ကလေး ဆိုရင် တစ်နှစ် တစ်နှစ် ကြီးပြင်းအောင် အတော် ပင်ပင်ပန်းပန်း မွေးယူရတယ်ဆိုတာတော့ ကိုယ်တွေ့မှပဲ ကြုံရတော့တယ်။ အထူးသဖြင့် မိဘဆွေမျိုး အကူအညီကို များများစားစား မရဘဲ အလုပ်တစ်ဘက်နဲ့ဆိုတော့ တစ်ရက် တစ်ရက်က အားရတယ်ကို မရှိပါဘူး။ ဒီလိုနဲ့ပဲ သမီးလေးမြတ်နိုးလည်း ၃ နှစ်ပြည့်လာတယ်။

ဒီတစ်ခေါက် သမီးမွေးနေ့ အတွက်တော့ သူတို့ ကျောင်းမှာပဲ သူ့သူငယ်ချင်းတွေနဲ့ လုပ်ပေးလိုက်တယ်။ ကျောင်းမှာဆိုတော့ ကလေး ကလေးချင်းလည်းဖြစ်တယ်။ အိမ်မှာလုပ်ရင်တော့ ကိုယ်က မလုပ်တတ်ရင် ကလေးပွဲ မဖြစ်ဘဲ လူကြီးပွဲပဲ ဖြစ်သွားမယ်။ ကျောင်းမှာတော့ ကလေးတိုင်း စားနိုင်တဲ့ ကိတ်မုန့်လေး ၃-၄ လုံး ၀ယ်သွားပြီး သူတို့လက်အပ်လိုက်ရုံပါပဲ။ အထွေအထူး မကုန်ကျပေမယ့် သူတို့က ပျော်ရတယ်။

သမီးက ကံကောင်းတယ်။ သူ့မွေးနေ့ဆိုရင် အိမ်မှာ ပွဲမလုပ်ဖြစ်ပေမယ့် အလှူလုပ်ဖြစ်တယ်။ စင်္ကာပူမှာတုန်းကတော့ ဘုန်းကြီးကျောင်း သွားပြီး ဆွမ်းတွေ ဘာတွေ ကိုယ်တိုင် ချက်ပြုတ်ပြီး ကပ်နိုင်တယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ၂ နှစ်ပြည့်အတွက် ဆစ်ဒနီက ဘုန်းကြီးကျောင်းမှာ ဆွမ်းတွေ ဘာတွေမဟုတ်ပေမယ့် သွားလှူပြီး ဘုန်းကြီးက ပရိတ်တွေ ဘာတွေ ရွတ်ပေးလိုက်သေးတယ်။ ဒီနှစ်တော့ ကိုယ်တိုင်ကိုယ်ကျလည်း မလုပ်နိုင်တာရယ်ကြောင့် မြန်မာပြန်က မိဘတွေကိုပဲ အလှူလုပ်ပေးဖို့ အကူအညီတောင်းရတယ်။ ဘိုးဘွားတွေကလည်း လူကြီးတွေဆိုတော့ အလှူများလုပ်ရရင် ဘုန်းကြီးကို ဆွမ်းတွေ ဘာတွေ ကပ်ရရင် ၀မ်းမြောက် ၀မ်းသာရှိကြ တက်တက်ကြွကြွ ရှိကြတာဆိုတော့ ကိုယ်လိုချင်တာမျိုးထက်တောင် ပိုပြီး လှူတတ် တမ်းတတ်သေးတယ်။ အဲဒါနဲ့ အဘိုးအဘွားတွေက အိမ်နားက ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်ပြီး နေ့ဆွမ်း လှူပေးတယ်။ ရွှေတိဂုံ ဘုရားမှာလည်း သွားလှူပေးဦးမည်တဲ့။ နောက်ပြီး ကိုယ့်ကလေးတွေကတော့ ကောင်းကောင်းမွန်မွန် မိဘနဲ့ နေရတာ ဆိုတော့ မိဘမဲ့ကလေးတွေ အတွက်လည်း လှူဖို့ ပြောထားတယ်။ နိုင်ငံခြားမှာ ရှာပြီး မြန်မာပြည်မှာ လှူရတာလောက် တန်တာ မရှိဘူး။ တစ်သိန်း ဆိုရင်တောင် နိုင်ငံခြားက လူတွေအတွက် အသေးအဖွဲပေမယ့် မြန်မာပြည်မှာတော့ အတော်လေး လှူလို့ကောင်းသေးတယ်။



သမီးကတော့ ၃ နှစ်ပြည့်တယ်သာ ပြောတယ် အခုကတည်းက အ၀တ်အစား ဖက်ရှင်တွေ စိတ်ဝင်စားနေပြီ။ အခုမွေးနေ့အတွက် ၀တ်စုံကလည်း သူ့ဘာသူ ရွေးဝယ်တာ။ Mall မှာ သူများ ကြိုက်ရင်တော့ လက်က မချတော့ဘူး။ မကြိုက်ရင်လည်း ဘယ်လိုမှ ၀တ်ပေးလို့ကို မရဘူး။ မနက်မနက် ကလေးထိန်းကျောင်း သွားခါနီးဆို  ရှူတင်သွားဖို့ ကျနေတာပဲ။ Daycare ရောက်ရင် သူ့ကို ဆရာမတွေက ဟယ်... မြတ်နိုးက လှလိုက်တာ.. မြတ်နိုး အင်္ကျီလေး ဖိနပ်လေးက လှလိုက်တာ ပြောပြောကြတာကို အင်မတန် ကြည်နူးနေတာလေ။

သမီးက ၃ နှစ်မှာ ၁၄.၂ ကီလို (၃၁ ပေါင်ကျော်) ရှိနေပြီ။ အဲဒါ ပေါင်တစ်ရာ မရှိတဲ့ သူ့အမေရဲ့ ၃ ပုံ ၁ ပုံ နီးပါးပါပဲ။ အရပ်ကတော့ ၉၁ စင်တီမီတာ ရှိပါတယ်။ ၃ ပေနီးပါးဆိုတော့ သူ့အမေ ချီထားရင် ကလေးနဲ့ အမေနဲ့ မမျှတော့ဘူး။ အမေမပြောနဲ့ အဖေတောင် ကြာကြာမချီနိုင်တော့ဘူး။ ဒါလည်း သူတို့ကတော့ ခပ်တည်တည်ပဲ။ လူပေါ်ကကို မဆင်းဘူး။ သမီးနဲ့ သားက ပြောင်းပြန်။ သမီးက အိမ်စာ ကြိုက်တယ်။ ဗမာစာ ကြိုက်တယ်။ ခရမ်းချဉ်သီးချက်နဲ့ ထမင်းနဲ့မျိုး ဆိုရင်လည်း ကြိုက်တယ်။ အစပ်တော့ မဟုတ်ဘူးပေါ့။ သမီးက ထမင်း မစားရရင် မနေနိုင်ဘူး။ သားကတော့ ထမင်းဆိုရင် လှည့်တောင် မကြည့်ဘူး။ သားက ကျောင်းမှ ကျွေးတာတွေကို ပိုကြိုက်တယ်။ အိမ်ရောက်ရင် အမေနို့ပဲ စို့တော့တယ်။ သမီးကတော့ အိမ်ရောက်ရင် ထမင်းလည်း စား နွားနို့လည်း သောက်ဆိုတော့ အစားအသောက်တွက် စိတ်ချရတယ်။


သမီးက စကားကတော့ အင်္ဂလိပ်လိုရော မြန်မာလိုရော ပြောတယ်။ ဘိုလိုပြောရင် ပိုသဘောကျပြီး ပြောပြောဆိုဆို ရှိတယ်။ အင်္ဂလိပ်လိုကတော့ I တွေ You တွေပါ မှန်အောင် ပြောတတ်နေပြီ။ Social ကတော့ သိပ်မကောင်းသေးဘူး။ လူစိမ်း ပတ်ဝန်ကျင်စိမ်းဆိုရင်လည်း ကြောက်တတ်တယ်။ တွေ့နေကျသူတွေတောင် မတွေ့တာ ကြာရင် ဖြစ်ဖြစ် တွေ့တွေ့ချင်းဆိုရင် ဖြစ်ဖြစ် အနေစိမ်းသေးတယ်။ ကျောင်းမှာဆိုရင်လည်း သူဘာသူ နေရတာ သဘောကျတယ်။ ဒါမျိုးက အနည်းငယ်တော့ စိုးရိမ်ရပေမယ့် သိပ်ရဲလွန်းတဲ့ ကလေးလိုမျိုး ပြောမနိုင် ဆိုမနိုင် ဖြစ်မှာတော့ မပူရဘူး။ သမီးက ပြောရင် နားလည်တယ်။ အရိပ်အကဲ သိတတ်တယ်။ သားကတော့ ငယ်လို့ မသိတာကို မဟုတ်ဘူး။  နားလည်လျက်နဲ့ ယောက်ျားလေးဆိုတော ယောက်ျားလေး အထာပေါ့။ မိဘကို ဂရုစိုက်တာ မဟုတ်ဘူး။ ပေါ့ပေါ့ပဲ။ ကိုယ်လုပ်ချင်တာပဲ သိတယ်။ ကျွန်တော်တော့ ၀ဋ်လည်တာပေါ့လေ။


သမီးက ဒီတစ်နှစ်မှာတော့ အတော်လေး သိသိသာသာ တိုးတက်လာပါတယ်။ ၂ နှစ်အထိကတော့ ပီဘိကလေးပဲ။ အခုတော့ လူကြီးစိတ်လေးတွေ ၀င်လာပြီ။ အ၀တ်အစားကြိုက်တတ်တာတို့။ အပြုအမူ အပြောအဆိုတို့။ သူ့အမေ အလှပြင် ပစ္စည်းတွေဆို အကုန် စိတ်ဝင်စားတယ်။ အပြင်သွားလို့ နှုတ်ခမ်းနီလေး စိတ်ကျေနပ်ရုံ ဆိုးပေး တို့ပတ်လေး ရိုက်ပေးရင်တော့ သူ့အမေကို ကျေးဇူးတင်လို့ မဆုံးဘူး။ သူ့အမေ ဘယ်လို ၀တ်လည်း ဘယ်လို အလှပြင်လည်းကိုလည်း ရုံးက တခြား လုပ်ဖော်ကိုင်ဖက်တွေလို သူကလည်း စောင့်ကြည့် အကဲခတ်တဲ့ အထဲပါနေပြီ။ သူ့အမေ အ၀တ်အသစ်ဝတ်လည်း သိတယ်။ လှလှပပ ပြင်ထားရင်လည်း အဖေ့သမီးက အမေ့ဆီ တန်းရောက်သွားတာပဲ။


ပြီးတော့ သီချင်းတွေ ဘာတွေလည်း ကြိုက်တတ်တယ်။ YouTube ကြည့်ပြီး လိုက်ဆိုတယ်။Hi5 တို့ဘာတို့ ကြည့်တော့တဲ့ အရွယ် မဟုတ်တော့ဘူး။ Taylor Swift ဆို အသည်းစွဲပဲ။ Taylor Swift ရဲ့ Love Story ဆိုရင်လည်း Princess ... Princess ဆိုပြီး ကြိုက်တယ်။ Fifteen သီချင်းကိုလည်း ၁၅ နှစ်သမီးလို သူကြိုက်စရာကျနေတာပဲ။ Guy Sebastian ဆိုတဲ့ Australian Idol ယောက်ျားလေး အဆိုတော်ကိုလည်း ကြိုက်တယ်။ Lady Gaga ကြိုက်တယ်။ သူ့ကိုသူများ မြီးကောက်ပေါက်ကျနေတာပဲ။ အဖေနဲ့လည်း ရုပ်ရှင်တွေလိုက်ကြည့်တယ်။ Transformer တို့ Terminator တို့ကို ကြောက်ကြေက်နဲ့ ပြီးတဲ့ အထိ ကြည့်တယ်။ ၃ နှစ် ၃နှစ် ကလေးပေါက်စ မဟုတ်တော့ဘူး။ အတော်လေး ခံစားတတ်နေပြီ။ သြော်ပြီးတော့ So You Think You Can Dance ကိုလည်းကြိုက်တယ်။

1-10 Numbering ရပြီး ရေတွက်တဲ့ နေရာမှာ သုံးမှန်း သိပေမယ့် ပစ္စည်းတွေကိုတော့ တိတိပပ Count မလုပ်တတ်သေးဘူး။ အကြီး အသေး သိတယ်။ မြန်မာလိုတော့ မဟုတ်။  Big one နဲ့ Tiny one နဲ့ ဆိုပြီးတော့။ စာတွေ ဘာတွေတော့ မသင်ပေးသေးဘူး။ ၄ နှစ်ပြည့်ပြီးရင်တော့ တစ်ခုခု စသင်ပေးမလားပဲ။ အခုတော့ ငယ်ပါသေးတယ်။



ကျွန်တော်လည်း မအားတာနဲ့ အသေအချာ မရေးနိုင်တော့ဘူး။ ဒါပေမယ့် အခုတောင် အရင်တုန်းက ကလေးတွေ အကြောင်း ကိုယ့်စာကိုယ် ပြန်ဖတ်ပြီး အမှတ်ရရတယ် ဆိုတော့ လောလောဆယ် မှတ်မိသလောက် ရေးထားလိုက်မယ်။ နောက်လည်း ကိုယ်ကိုယ်တိုင်ပြန်ဖတ်လည်း ကြည်နူးရပါတယ်။ 

လောလောဆယ်တော့ သမီးလေး မွေးနေအလှူတွေကို ရေးမှတ်ထားပြီး အမျှဝေလိုက်ပါတယ်။

ဟောဒါကတော့ သူတို့ ကျောင်းမှာ ဒီနေ့ လုပ်တဲ့ Birthday Party လေးပါပဲ။

42 comments:

ဒဏ္ဍာရိ - 3/30/10, 11:17 PM

Happy Birthday!! ပါ သမီးရေ.....

အမှန်ပဲ အကိုရေ.. ကလေးတစ်ယောက် ကြီးပြင်းအောင် ပြုစုရတာ တကယ်မလွယ်တာပါ။ အလုပ်တဖက်နဲ့ ကလေး ကြည့်ရတဲ့ ဘ၀တွေ နားလည်ပါတယ်။ မိန်းကလေးတွေ အလှကြိုက်ကတော့ ငယ်ငယ်ကတည်းက ဇာတိပြတယ် အကိုရေ..း)
မိသားစုတွေ ပျော်ရွှင်ပါစေ....။

ခင်မင်လေးစားလျှက်

Shinlay - 3/30/10, 11:20 PM

Happy Birthday... Mee Mee lay

သစ်သစ် - 3/30/10, 11:59 PM

ဟက်ပီးဘတ်ဒေး ညီမလေး
ပျော်ရွှင်ပါစေနော်..

rose of sharon - 3/31/10, 12:07 AM

Happy Birthday Myatnoe Lay...
Wishing you all the best,

Soe Mya Nandar Thet Lwin (Borros Roxo) - 3/31/10, 12:46 AM

မြတ်နိုးလေးတောင် ၃နှစ်ပြည့်ပြီ။

နန္ဒာ ဘလောဂ့် စရေးကထဲက သတိပြုမိတာ WeSheMe ရဲ့ မြတ်နိုးတို့ မောင်နှမရယ်၊ နားခိုရာက ထွန်းလင်းထွန်း ဆိုတဲ့ ကလေးငယ်ရယ်။

သူတို့ အားလုံးကို ဘလောဂ့်ဖတ်ရင်း ရင်းနှီးနေမိတာ။ အခုဆို ကိုယ့်မျက်စိရှေ့ ဘလောဂ့်ဖတ်ရင်း ကြီးလာလိုက်ကြတာ။

နန္ဒာမှာလဲ မြတ်နိုးအရွယ် တူလေးတယောက်ရှိတယ်။

''Allister''တဲ့။ San Diego, CA မှာ နေတယ်။ သူလဲ သိပ်တတ်တာ။ လာမယ့် June မှာ ၃နှစ်ပြည့်ပြီ။ ၃နှစ်နဲ့ Nintendo Wii သူ့အဖေနဲ့ ကစားနေပြီ။ အရာရာကိုလဲ အရမ်းသိချင် စပ်စုချင်ပဲ။ သူ့အဖေက US Air Force Academy က Pilot ဆိုတော့ လေယာဉ်တွေလဲ စိတ်ဝင်စားတာ အရမ်း။ နန္ဒာတို့ မိသားစုမှာ Al က မြေးဦးဆိုတော့ ဖေဖေ မေမေတို့ရဲ့ အသဲစွဲပေါ့။

မြတ်နိုးလေးက ကြီးလာတော့ ပိုလှ ပိုချောလာတယ် ကိုအန်ဒီ။ မိန်းကလေးပီပီ သဘာဝအရ အ၀တ်အစား ဖက်ရှင်တွေ ကြိုက်တတ်တာလေးတွေလဲ ရှိလာပြီဆိုတော့ ပြုံးမိတယ်။ မြတ်နိုး မျက်လုံးလေးတွေက ဝန်းဆိုပြီး စကားပြောနေတာ ဓါတ်ပုံကြည့်ပြီး ခံစားလို့ရတယ်။ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာ။ ဆံပင်လေး ဒီထက် နဲနဲပိုရှည်ရင် ကောင်းမယ်။ Ponytail လေးချည်လို့ ရအောင်။
သမီးတယောက်ပိုင်ရှင် အဖေ ကိုအန်ဒီ့ အတွက်တော့ ရှေ့လျှောက် ကုန်ပေါက်ပဲ။ :))

နန္ဒာတော့ သူနဲ့ အပြင်မှာ စကားပြော ထိတွေ့ ဆက်စံချင်လိုက်တာ။

Sydney လာဖြစ်အုံးမှာပါ။ အဲဒီကျမှ ကိုအန်ဒီတို့ မိသားစုကို ဆက်သွယ်လိုက်မယ်။ Okay!!

မြတ်နိုးရေ ''Happy Birthday''

နန္ဒာ (SMNTL)

စန္ဒကူး - 3/31/10, 1:25 AM

ံHappy Birthday ပါသမီးလေးမြတ်နိုးရေ..
မွေးနေ့မှသည်နောက်နှစ်ပေါင်းများစွာ ဖေဖေမေမေ၊ မောင်လေးတို့နဲ့အတူ
ပျော်ရွှင်စွာနေနိုင်ပီး ဘ၀မှာအောင်မြင်မှုများစွာ ရရှိနိုင်ပါစေနော်။

Anonymous - 3/31/10, 1:28 AM

မြတ်နိုးလေးရေ.. Happy Birthday ပါ...

နို့ဗူးလေးကိုင်ထားတဲ့ ကလေးလေးချစ်စရာကောင်းတယ်ဆိုပြီးကြည့်နေတာ..
နောက်မှ သားသားဖြစ်နေမှန်းသိတော့တယ်..။

Everygreen Phyo

Anonymous - 3/31/10, 1:33 AM

HAppy Birthday to myat Noe!!
and Ko Andy and family too...

rita - 3/31/10, 1:40 AM

thamee yay,,,happy birthdayyyyyyyyyyy

သက်ဝေ - 3/31/10, 1:43 AM

Happy Birthday ပါ သမီးလေး မြတ်နိုး...
မျက်စေ့ရှေ့မှာတင် ၃ နှစ်ပြည့်သွားပြီနော်... သိပ်မြန်သလိုပဲ...
သမီးလေး မြတ်နိုး... လောကအလယ်မှာ လှပ တင့်တယ်ပြီး ထူးချွန်ထက်မြက်တဲ့ သမီးလေး တယောက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...။

Zephyr - 3/31/10, 1:44 AM

ံHappy Birthday .... Myat Noe...

With Peace,
Zephyr

Aunty Tauk - 3/31/10, 2:24 AM

Happy Birthday Myat Noe !!

Rita - 3/31/10, 2:29 AM

ပျော်စရာမွေးနေ့ပါ ကလေးလေး။

ကလေးလေးတွေရဲ့ မိဘတွေကိုလဲ သိပ်ချီးကျူးမိပါတယ်။ :)
မလွယ်တဲ့ အလုပ်တွေ လုပ်နိုင်လို့ပါ။

ရွှန်းလဲ့ - 3/31/10, 2:29 AM

မြတ်နိုး တစ်ယောက် ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်းများစွာကို ဖေဖေ မေမေ မောင်လေး (နောက် လာမယ့်မောင်၊ ညီမလေး) တို့ နဲ့ အတူ စိတ်ချမ်းသာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။ ပညာထက်မြက် ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးလေးဖြစ်ပါစေ။ blogger လေးလည်းဖြစ်ပါစေ။ :)

nu-san - 3/31/10, 2:33 AM

ံHappy Birthday ပါ သမီးရေ.. ထူးချွန်ထက်မြတ်တဲ့ သမီးအလိမ္မာလေး ဖြစ်ပါစေ...

သမီးလေး မွေးနေ့က မတ်လထဲမှာဆိုတာ သတိရနေတယ်.. ဘာလိုလိုနဲ့ သမီးလေး ၃ နှစ်ပြည့်သွားပြီ။ သမီးလေးနဲ့ သားလေး ပို့စ်တွေ မဖတ်ရတာ ကြာလို့ အခုလို ပြန်ဖတ်ရတာ ဖတ် မ၀ဘူး...သမီးလေးက အခုကတည်းက အလှအပကြိုက်တတ်တယ်လား... မြတ်နိုးက အစားကောင်းကောင်း စားတော့ သူ့ကိုယ်လုံးလေး လုံးနေတာပဲ.. ချစ်ဖို့ကောင်းတယ်..

Anonymous - 3/31/10, 3:12 AM

Happy Birthday tha mee yay...

I will give you present when you come to sg nor ;)

pandora - 3/31/10, 3:39 AM

သမီးမြတ်နိုးမွေးနေ့နဲ့ ပန်ဒိုရာ ဘလော့ဂ်မွေးနေ့နဲ့ မတိမ်းမယိမ်းပေါ့။
ပညာထူးချွန်ပြီး လိမ္မာတဲ့ သမီးလေးဖြစ်ပါစေ။

Anonymous - 3/31/10, 7:11 AM

ပန်းရောင်ဂါဝန်လေးနဲ့ ပန်းလေးတွေကြည့်နေတဲ့ပုံလေးက ချစ်စရာ။
မျက်စိရှေ့တင်ကြီးလာလာတယ်နော်။

HAPPY BIRTHDAY !!!!
THS

ရွှန်းမီ - 3/31/10, 8:08 AM

“သမီးကတော့ ၃ နှစ်ပြည့်တယ်သာ ပြောတယ် အခုကတည်းက အ၀တ်အစား ဖက်ရှင်တွေ စိတ်ဝင်စားနေပြီ။ အခုမွေးနေ့အတွက် ၀တ်စုံကလည်း သူ့ဘာသူ ရွေးဝယ်တာ။” ... ဆိုတဲ့အပိုင်းကို မဖတ်ရခင်တည်းက မြတ်နိုးလေး ဝတ်ထားတာလှတယ်.. ရွေးပြီးဆင်တတ်လိုက်ကြတာလို့ ပြောမလို့.. သူ့ဘာသာရွေးတယ် ဆိုတော့ အံ့သြသွားတယ်။
မြတ်နိုးလေး မိသားစုနဲ့အတူ ပျော်ရွှင်ပြီး ကျန်းမာချမ်းသာနေပါစေ။

Anonymous - 3/31/10, 8:57 AM

Happy Birthday Myat Noe Lay!

Anonymous - 3/31/10, 10:24 AM

Happy Birthday ~~~
ပျော်စရာကြီး~~~

ကိုရင်နော်ခင်လေးငယ် - 3/31/10, 11:37 AM

Happy Birthday သမီးလေးမြတ်နိုးရေ..

အချိန်တိုင်း ပျော်ရွှင်ချမ်းမြေ့ပါစေ..။

ပန်းခရမ်းပြာ - 3/31/10, 11:41 AM

Happy Birthday, Myat Noe !!!!

တောင်ပေါ်သား - 3/31/10, 11:45 AM

ံဟတ်ပီဘတ်ဒေး သမီးလေးရေ ချစ်စရာလေး သားနဲ့သမီးကေား)
အကို ပိန်သွားတယ်နော် ကျန်းမာရေး ဂရုစိုက်ဦး


လေးစားလျက်
တောင်ပေါ်သား

Thant - 3/31/10, 12:46 PM

Happy Birthday ကလေးလေး..... :)))
ပန်းတွေနဲ့အပြိုင်လှနေတဲ့သမီးလေး...ကြည်လင် လန်းဆန်း တက်ကြွနေတာပဲ.....

Taungoo - 3/31/10, 1:39 PM

Happy Birthday...
Baby Myat Noe!

naychi - 3/31/10, 2:51 PM

Happy Birthday Myat Noe :)
ကျန်မားပျော်ရွှင်ပါစေ သမီးလေးမြတ်နိုးရေ

P.Ti - 3/31/10, 4:45 PM

ပျော်ရွှင်သောမွေးနေ့လေးပါ သမီးလေးမြတ်နိုး။
ဘလော့စရေးတုန်းက ကိုအန်ဒီကလေးမွေးတဲ့ အတွေ့အကြုံတွေဖတ်ဖူးတာ မှတ်မိသေးတယ်။ ၃နှစ်ဆိုတဲ့ အချိန်က တော်တော်လေးမြန်တာပဲနော်။

အိမ့်ချမ်းမြေ့ - 3/31/10, 4:48 PM

ပျော်ရွှင်ပါစေ သမီးလေး..

Myitchaythu - 3/31/10, 6:33 PM

Happy Birthday Myat Noe!
Very cute.

Thazin - 4/1/10, 12:31 AM

သမီးလေးက ချစ်စရာကောင်းလိုက်တာ.
Happy Birthday ပါသမီးလေး

T T Sweet - 4/1/10, 3:12 AM

မြတ်နိုးလေးက ချစ်စရာကောင်းလိုက်တာ ... ၃နှစ်ပဲရှိသေးတာကိုး ... လုံးလုံးပြည့်ပြည့်လေး ...
Happy birthday သမီးလေး ...

kokomaung.uk - 4/1/10, 5:28 AM

Happy Birthday ပါ သမီးလေးရေ..
သမီးလေးနှင့်အတူ မိသားစုအားလုံး တစ်သက်လုံးစိတ်ချမ်းသာစွာအတူတူ နေထိုင်နိုင်ကြပါစေ။

ကိုလွမ်းလူ - 4/1/10, 6:37 AM

HAPPY BIRTHDAY thameelay yay....

ချစ်ကြည်အေး - 4/2/10, 1:10 PM

နောက်ကျသွားတယ် ကိုအန်ဒီရေ...သမီးလေးက ချစ်စရာလေးနော် ကျမက သားထက် သမီးကို ပိုကြိုက်တယ် အဝတ်အစားဆင်ရတာ ပိုကောင်းတယ် အမေနဲ့ အဖော်ရတယ်လေ...သမီးလက်က ပန်းရောင်က တခါသုံး တက်တူးလေးလား စတစ်ကာလေးလား...ဟုတ်တယ် သမီးမှာ ဖက်ရှင်အမြင် ရှိနေပြီ သူမထက်တောင် သာအုံးမယ်...ဟားဟား...
သမီးလေး ကျမ်းမာ ပျော်ရွှင်ချမ်းမြေ့ပါစေ...:)

zinminn - 4/4/10, 7:12 AM

Happy birthday Myatnoe......
Thanks ko andy sharing this post, cause we have same expreince but i can't realize that how busy to take care kids.

နုသွဲ့ - 4/5/10, 7:24 AM

နောက်ကျသွားလို့ မွေးနေ့ဆုတောင်းလို့ မရတော့ဘူး။ ပျော်စရာနေ့ ဖြစ်ခဲ့မယ်လို့ မှန်းကြည့်လိုက်ပါတယ်။ သမီးက ဒီ့ထက် တတ်ဦးမှား)

ဂျေဂျူဝိုင် - 4/10/10, 4:37 PM

....

တန်ခူး - 4/13/10, 9:10 PM

သမီးလေးက ချစ်ဖို့ ကောင်းလိုက်တာနော်… အန်တီက ဘလော့နဲ့ ဝေးနေတာနဲ့  ခုမှ ရောက်ဖြစ်လို့  နောက်ကျသွားတယ် သမီးလေးရေ… သမီးလေးရဲ့ ၃နှစ်မြောက်မွေးနေ့ မှ သည် နှစ်ပေါင်းရာထောင်သောင်းအထိ ချစ်တဲ့ဖေ၊မေ၊ မောင်လေးနဲ့ ပျော်ရွှုင်ငြိမ်းချမ်းဖွယ် မွေးနေ့ ပေါင်းများစွာ ပိုင်ဆိုင်ပါစေလို့ … ကိုအန်တီရေ… social မရတာ စိတ်မပူပါနဲ့ … ငယ်သေးလို့ ပါ… နောက်တော့ သူ့ ဟာသူ ဖြစ်သွားမှာပါ… ကျွန်မလဲ အဲဒီအရွယ်တုန်းက အတော်စိတ်ပူတာ… ခုတော့ရဲလွန်းလို့ ပြန်ထိန်းနေရတယ်လေ…

Andy Myint - 4/13/10, 9:35 PM
သမီးလေး မြတ်နိုးအတွက် မွေးနေ့ဆုတောင်းပေးသွားတဲ့ စာဖတ်သူအပေါင်း သိပြီးသူများရော အခုမှတွေ့ဖူးပေမယ့် ခင်ခင်မင်မင် ဆုတောင်း ပေးသွားသူတချို့ရော အားလုံးကို WeSheMe မိသားစုက ကျေးဇူးတင်ပါတယ်။ ၀မ်းလည်းသာရပါတယ်။ အားလုံးပို့သတဲ့ မေတ္တာကြောင့် သမီးလေးလည်း ကျန်းမာချမ်းသာ အဖေနဲ့ အမေလည်း သူတို့ကို ပြုစုစောင့်ရှောက်ဖို့ အားတက်ရပါတယ်။ ကျေးဇူတင်ပါတယ်....
Nge Naing - 4/17/10, 11:07 AM

ကိုအန်ဒီသမီးလေးမွေးနေ့ပို့စ်ကို အခုမှ သတိထားမိတယ်။ ကျန်းမာပျော်ရွှင်စွာဖြင့် မွေးနေ့တရာတိုင်အောင် ဖြတ်သန်းရပါစေ။ လိမ္မာရေးခြားရှိပြီး မိဘအပေါ် ကျေးဇူးသိတတ်တဲ့ သမီးလေးဖြစ်ပါစေ။

သားသားငယ်ငယ်ကလည်း Child Care နဲ့ ဘုန်းကြီးကျောင်းမှာပဲ သွားလုပ်ပေးဖြစ်တယ်။ ကြီးလာတော့ မကြိုက်တော့ဘူး သူငယ်ချင်းတွေ စုပြီး အလည်အပတ်သွားချင်တဲ့ နေရာကိုပဲ လိုက်ပို့ရတယ်။ နှစ်သစ်မှာ မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ထပ်ဆင့်ဆုတောင်းပေးသွားပါတယ်။

Moe Cho Thinn - 5/6/10, 9:01 AM

မွေးနေ့ ဗီဒီယိုလေး ကြည့်ပြီး တချိန်လုံး ပြုံးနေမိတာ။ အဖေ အမေက ဂရုစိုက်တဲ့ ကလေးလေး ဆိုတော့ လိမ်မာရေးခြားရှိပြီး ထူးချွန်ထက်မြက်မှာ သံသယရှိစရာ မလိုပါဘူး။ သားနဲ့ သမီးကြောင့် အားအင်အသစ် လဲ မိဘတွေမှာ တိုးပါစေလို့..

(No No No.. video လေးလဲ ကြည့်လိုက်တယ်။ သားက တတ်လိုက်တာ ချစ်စရာလေးးး)

Post a Comment

Many thanks for dropping a comment…

Film