Monday, May 24, 2010

သားထူးမြတ်လင်း ၂နှစ်ပြည့် မွေးနေ့

သားလေး ထူးမြတ်လင်းဟာ ဒီနေ့ဆို ၂ နှစ်ပြည့်ပါပြီ။ ၂ နှစ်ဆိုတဲ့ အချိန်အတွင်းမှာတောင် ဒုတိယနှစ်မှာ အတော်လေး ပင်ပန်းစွာ ဖြတ်သန်းလာရတယ် ဆိုရပါမယ်။ ဒီလို မိသားစုမှာ ကြီးပြင်းလာရတော့ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ရတာ (Stress ခံစားရတာ) သားလေးအတွက် တွေးမိပြီး စိတ်မကောင်းရပါဘူး။ သားလေးဟာ တစ်နှစ်သား ကျော်တာနဲ့ ကလေးထိန်းကျောင်းကို မသွားချင်ဘဲ သွားရတာတွေ၊ မနက်ဆို အိပ်ရေး၀၀ မအိပ်ရတာတွေကို တွေးကြည့်ရင်တော့ အင်မတန် သနားဖို့ ကောင်းပါတယ်။ မိဘတွေနဲ့ အတူ ရုန်းကန်နေရတာပါလား ဆိုပြီး သားလေးကို ကျေးဇူးလည်း တင်မိပါတယ်။ တဖက်မှာလည်း သားလေးရဲ့ တိုးတက်မှုတွေကို ကြည့်ရတာ အားရစေပါတယ်။ အထူးသဖြင့် Daycare သွားလို့ ပိုပြီး တတ်သိ နားလည်လာတာတွေပါ။ သားရဲ့ တိုးတက်မှုတွေကို ဒီမှာပဲ မှတ်တမ်းတင်ထားလိုက်ပါတယ်။ အထူးသဖြင့်တော့ ဒီ ဒုတိယနှစ်ဟာ ဘာသာစကား နားလည်ပြောဆိုတတ်တဲ့ နှစ်ပါပဲ။

ဒီအရွယ်ကလေးတွေဟာ မျက်နာရိပ် မျက်နာကဲကို အတော်လေး အကဲခတ်တတ်နေပါပြီ။ အထူးသဖြင့် လူကြီးတွေ စိတ်ဆိုးနေတဲ့ မျက်နာကို သိနေတာပါပဲ။ လူကြီးတွေ စိတ်ဆိုးနေရင် သားက လိုက်ချော့တတ်ပါတယ်။ သူ့ကို ဆူပြီး ခဏလောက်နေရင် စကားသာ ကောင်းကောင်း မပြောတတ်သေးတာ စကားရော ဖောရောတော့ လုပ်တတ်ပါတယ်။ အဖေ TV မှာ သတင်းကြည့်နေရင် "ဖေဖေ News .. News" ဆိုပြီး လိုက်ပြောတာမျိုးတွေပါ။ သားနဲ့ သမီးနဲ့ မတူတာက သမီးက အဖေဆူရင် အမေဆီပြေးတယ်။ အမေဆူရင် အဖေ့သမီး လာလုပ်တယ်။ သားကတော့ သူ့ကို သေးသေးမွှားမွှား ဆူလိုက်ရင်တော့ သူကပဲ ဆူတဲ့သူကို ချော့တယ်။ အရမ်း ဆူလိုက်ပြီး ငိုတာ ယိုတာတွေ ဖြစ်ရင်တော့ အဲဒီလို ဆူလိုက်တဲ့သူက ပြန်လာချော့တဲ့ အထိစောင့်တယ်။ နောက်ဆုံး သူကို ပြန်ချော့ ပြန်ချီမှ ဇာတ်လမ်းက ဆုံးတော့တယ်။ အဖေ အမေ တစ်ခုခု အနာတရ ရရင် ဖြစ်ဖြစ် ဗိုက်နာတာမျိုး ခေါင်းကိုက်တာမျိုးဆိုရင်လည်း "မေမေ.. Ouchy?" ဆိုပြီး လူကို လက်ကလေးနဲ့ ကိုင်ပြီး လာမေးတတ်ပါတယ်။ သမ်းတာမျိုးတွေရင်လည်း "ဖေဖေ Sleepy?" ဆိုပြီး မေးတတ်သေးတယ်။

လူကြီးကို ဂရုတစိုက် ရှိတတ်သလို လူကြီးကိုလည်း ဆရာ ပြန်လုပ်လာပါပြီ။ တစ်ခုခုများဆိုရင် "Stop it" ဆိုပြီး မျက်နာကပါ မာန်တွေ ဟန်တွေနဲ့ ဟန့်တားတတ်သေးတယ်။ သူတို့ ရှေ့မှာများ လင်မယားနှစ်ယောက် လက်ကလေး ခြေကလေးတောင် ကိုင်လို့ မရဘူး။ ကျွန်တော်မှာများ ယောက္ခမကြီးရှေ့မှာတောင် သူ့သမီးကို လက်ကလေးဘာလေး ကိုင်လို့ ရပေမယ့် သားသမီးတွေနဲ့ကျမှ ထိလို့တောင်မရဘူး။ အဖေနဲ့ အမေ ရယ်ရယ်မောမော ပြောဆိုနေရင်လည်း "No Funny.." ဆိုပြီး ပြောသေးတယ်။ သူအကြောင်း အဖေနဲ့ အမေက ပြောနေရင် သူက နားလည်ပြီး သူ့ကို အတင်းတုပ်နေတယ်ဆိုပြီး စိတ်ကောက်တတ်သေးတယ်ဗျာ။ သား စိတ်ကောက်ရင် မျက်လုံးက ထောင့်တစ်ဘက်ကို ကပ်ပြီး ကြည့်နေပြီး နှုတ်ခမ်းကလည်း စူနေသေးတယ်။

သားက စကားပြော အတော်လေးရတော့ "No" လို့ပဲ ပြောရုံတင်မဟုတ်ဘဲ "Dont do it" လိုမျိုး အထိ ပြောတတ်နေပါတယ်။ သူ့အစ်မ တစ်ယောက်လုံး ရှိနေတော့ ဒီလောက်အထိ ပြောတတ်တာပါ။ "ဖေဖေ.. dont do it.." လိုမျိုး "မေမေ .. dont do it" ဆိုပြီး အပြည့်အစုံကို ပြောတတ်နေပါတယ်။ သားက သူဘာသူ တစ်ခုခု လုပ်နိုင်သွားရင် ဥပမာ ဖိနပ် ချွတ်တတ်သွားတာမျိုး အင်္ကျီချွတ်တတ်သွားတာမျိုး ဆိုရင်လည်း "Yeah.. I can do it" ဆိုပြီးလည်း ပြောတတ်သေးတယ်။ "Hooray..." ဆိုပြီး သူတို့ကျောင်းမှာလိုလည်း ကြွေးကြော်တတ်သေးတယ်။ လူကြီးတွေက တစ်ခုခုကို ခက်ခက်ခဲခဲ လုပ်ပေးပြီးရင်လည်း "Yay.. you can do it" ဆိုပြီး အားပေးတတ်သေးတယ်။ ဒီနေရာမှာ စကား ပြောတတ်တာထက် လူကြီးကို Appreciate လုပ်တတ်တာကို မှတ်တမ်းတင်ထားချင်ပါတယ်။


သားက ကျောင်းမှာ အနေများလို့ အင်္ဂလိပ်လို များများ ပြောတတ်ပေမယ့် မြန်မာလိုပဲ ပြောတတ်တာတွေ ရှိသလို နှစ်ဘာသာစလုံးနဲ့ ယှဉ်ပြီးလည်း ပြောတတ်တာတွေလည်း ရှိပါတယ်။ ဘောင်းဘီကိုတော့ မြန်မာလိုပဲ "ဘောင်းဘီ" ပြောပြီး ကျောင်းမှာလည်း ဒီအတိုင်းပြောပုံ ရပါတယ်။ "Here" တို့ "There" တို့ကို မှန်အောင် ပြောတတ်သလို "ဟိုမှာ" "ဒီမှာ" ဆိုပြီးတော့လည်း ထပ်ဆောင်း ပြောတတ်ပါသေးတယ်။ သူနှစ်ဘာသာလုံး တတ်ရင် နှစ်ဘာသာစလုံးနဲ့ တစ်ခါတည်း ပြောပါတယ်။ "ပြီးပြီ"တို့ "တော်ပြီ" တို့ကို ပီပီသသကြီး ပြောတတ်သလို "Finish" ဆိုပြီးတော့လည်း ပြောပါတယ်။ သူဘာသူဆို "ပြီးပြီ" ၊ တခြားသူကို ဥပမာ အဖေက ကလိထိုးတာမျိုးဆို "တော်ပြီ..တော်ပြီ" ဆိုပြီး ပြောပါတယ်။

စကားလုံး တိုတို ဆိုရင်တော့ သူ့အစ်မ ပြောပြီး ခဏနေရင် သူက အဓိပ္ပါယ်ရော အသုံးအနှုန်းပါ သိလာပြီး လိုက်ပြောလာနိုင်ပါတယ်။ သူအစ်မက "Mine" တို့ "Yours"တို့ ပြောတတ်ပြီး မကြာခင်မှာပဲ သားက ပြောတတ်လာတာတွေ့ရပါတယ်။ သူကတောင် "My.. Ko Thoo" တို့ "ဖေဖေ.. Yours" တို့ ထည့်ပြောတတ်ပါသေးတယ်။

သားက စကားကိုတော့ အကြောင်းလိုက် မပြောတတ်သေးသလို သဒ္ဒါလည်း မမှန်သေးပါဘူး။ ပြီးတော့ သူပြောတဲ့ အသံထွက်ကို သူနဲ့ အတူနေတဲ့သူတွေ မိဘတို့ အစ်မတို့ ကလေးထိန်းတို့သာ ကြားတာနဲ့ သိပေမယ့် တခြားသူ ကြားရင်တော့ နားမလည်တတ်လို့ ရှင်းပြပေးနေရပါသေးတယ်။ မိဘထဲမှာတောင် အမေက အရင်ကြုံတွေ့ကြားဖူထားရင် အသံထွက်နဲ့ အဓိပ္ပါယ်သိနေပြီး သားက အဖေကို လာပြောရင် အမေ ပြန်ရှင်းပြမှ အဖေနားလည်နိုင်ပါတယ်။

သားက အင်္ဂလိပ်စကားကို ပီအောင် ပြောတယ်။ Milk ဆိုရင်လည်း နောက်ဆုံးမှာ "ခ" အသံကို ပီပီသသထွက်ပြီး ထည့်ပြောတယ်။ လူကြီးတွေကတောင် သူနဲ့ ပြောရင် မနည်းမှန်အောင် ပြောရတယ်။ သူက Learn လုပ်နေတဲ့ အချိန်ဆိုတော့ ကိုယ်က ပေါ့ပေါ့ ပြောရင် သူကလည်း အဲဒီအတိုင်း လိုက်ထွက်တတ်လို့။

နှစ်ယောက်ရှိတော့ အဖော်ရသလို နှစ်ယောက်ဆိုတော့ ရန်ဖြစ်ဖော်လည်း ရပါတယ်။ သူ့အစ်မကို ပြန်ပြီး ရန်ထောင်တယ်၊ သူအစ်မကို ခြောက်တတ်တယ်။ သူ့အစ်မက အနိုင်ကျင့်နေပြီဆိုရင်တော့ လူကြီးတွေ ကြားအောင် အော်ငိုတော့တယ်။ လူကြီးက ၀င်ပြီး ဖျန်ဖြေပေးရင်လည်း အလိုက်တသိ ငြိမ်ခံတယ်။ ဒါဟာ ၂ နှစ် အရွယ် ကလေးတစ်ယောက်ရဲ့ Social Development တစ်ခုပါ။

One two three four လည်း အတော်လေး ရွတ်တတ်နေပါတယ်။ Triangle နဲ့ Circle ကိုလည်း Shape တွေ သိနေပါတယ်။ Colour တွေလည်း ၃-၄ မျိုး သိနေပါပြီ။ သူတို့ ၂ ယောက် ပစ္စည်း တစ်ခုတည်းကို ရန်ဖြစ်ပြီး လုတတ်လို့ မိဘတွေက သူတို့ ပစ္စည်းတွေကို Colour coded လုပ်ပေးထားရတယ်။ သမီးက မိန်းကလေး ဆိုတော့ Pink ကြိုက်တယ်။ သားက ငယ်ငယ်တုန်းက မသိတော့ သူ့အစ်မ ကြိုက်သမျှ လိုက်ကြိုက်တယ်။ အိပ်တာလည်း သူ့အစ်မလို Princess ခေါင်းဦးနဲ့။ အခုတော့ သူ့အကြိုက်နဲ့ သူဖြစ်သွားပြီ။ ယောက်ျားလေးဆိုတော့ အနီ အပြာ ကြိုက်မယ်လို့ လူကြီးတွေက ထင်ထားတာ။ အခုတော့ သူ့အကြိုက်အရောင်က Orange တဲ့။ ခေါင်းဦးတွေ အိပ်ရာခင်းတွေကလည်း Thomas ဆိုတဲ့ ရထားလေးကို ကြိုက်တယ်။ ငယ်ငယ်လေးကတည်းက Thomas ကို အသည်းစွဲပဲ။
ဆော့တာကလည်း အစ်မနဲ့ဆိုတော့ မိန်းကလေး ဆော့စရာတွေလည်း ဆော့တယ်။ နည်းနည်း အရွယ်ရောက်လာတော့ ဇာတိကတော့ ပြလာတယ်။ ယောက်ျားကလေးဆိုတော့ တုတ်တွေ၊ ဓါးတွေကလည်း ကြိုက်တယ်။ တုတ်တစ်ချောင်း (စားတဲ့ တူ) လက်ထဲမှာ အမြဲကိုင်ထားပြီး Harry Potter လိုလို ဘာလိုလိုနဲ့။ သူ မကျေနပ်ရင် တုတ်ကို သေနတ်ပစ်သလို ရွယ်ပြီး ပွစ်ရှ်ကေး.. ဘွစ်ရှ်ကေးနဲ့ ဘာမှန်းမသိ ပြောပြီး ပစ်တတ်သေးတယ်။ သော့လည်း ကြိုက်တယ်။ သော့တွဲတစ်တွဲ ပေးထားရင် ဟိုဟာလိုက်ဖွင့် ဒီဟာလိုက်ဖွင့်နဲ့။ အခုတလောမှ တခါးမင်းတုန်းတွေ ဖွင့်တတ်တယ်။ သမီးကတော့ တစ်နှစ်ခွဲလောက်ကတည်းက တံခါးလက်ကိုင်ကို ဖွင့်ပြီး အခန်းထဲ ၀င်တာမျိုးတွေ တတ်နေပြီ။ အဖေတူသားက အချက်အပြုတ်လည်း ၀ါသနာပါလိုက်သေးတယ်။ ဟိုဟာချက်လိုက် ဒီဟာချက်လိုက်နဲ့။ အိမ်မှာရော ကျောင်းက ကလေးထိန်းတွေကလည်း သတိထားမိလို့ ပြောပြတယ်။

သားက ချောင်လည်း ကြိုက်တယ်။ သူ့မှာ Favourite Corner လေးတွေရှိတယ်။ ညည အိပ်ရင် အမေနို့ဆို့လို့ ၀ရင် တစ်ခါတစ်လေ ကုတင်အောက်က သူ့ချောင်လေးမှာ သွားသွား အိပ်တတ်တယ်။ သူအိပ်ပျော်သွားမှ လူကြီးက သူ့ကုတင်ပေါ် တင်ပေးရတယ်။ Wardrobe တစ်ခုကိုလည်း အောက်ဖက်မှာ ရှင်းပေးထားရတယ်။ အဲဒီအထဲမှာ ၀င်ဆော့နေတယ်။ တံခါးကိုလည်း ပိတ်ထားသေးတယ်။ ကြေက်လည်း မကြောက်တတ်ဘူး။ အထဲမှာတော့ အလင်းနည်းနည်း ရှိတော့ အဲဒီ အတိုင်းနေပြီးဆော့နေတယ်။ အရမ်းဆော့တတ်တယ်။

သားက နေရာတွေနဲ့ အဖြစ်အပျက်တွေကို တွဲပြီး မှတ်မိတယ်။ နေရာတစ်ခုမှာ အဖြစ်အပျက်တစ်ခုခုကို အကြိမ်နည်းနည်း များများ လုပ်ပြီးသွားရင် အဲဒီနေရာရောက်ရင် ဒီလိုမျိုး ဖြစ်မယ်ဆိုတာ ထင်တတ်တယ်။ သူ့အမေ သင်တန်း တတ်တုန်းက ကားနဲ့ လိုက်ပို့တတ်တဲ့ နေရာတစ်ခုကို အခုနေရောက်ရင် မေမေ.. Go Go ..ဆိုပြီး သွားခိုင်းတယ်။ Mall ကို သွားတာတောင် ၀င်နေကျ အပေါက်ကနေ မ၀င်ဘဲ ကျော်သွားရင် Mall မသွားရတော့ပါဘူး ဆိုပြီး ငိုတတ်သေးတယ်။ နောက်တော့ ရှင်းပြထားတာ ဘယ်စတိုးဆိုင်သွားရင် ဒီဘက် ဟိုဆိုင်သွားရင် ဒီဘက်ဆိုတော့မှ မငြင်းတော့တာ။

သားက သမီးလို Music တော့ သိပ်မကြိုက်ဘူး။ ကလေးသီချင်းတွေ ဖွင့်ထားရင်တော့ လိုက်ကတတ်တယ်။ လူကြီး သီချင်းတွေတော့ လုံးဝ မကြိုက်ဘူး။ ပန်းချီမဆွဲတတ်သေးဘူး။ စိတ်ထဲမှာတော့ ဇာတ်လမ်း လုပ်တတ်တယ်။ ညည အိပ်ခါနီး သူဘာသူ ကွက်စိတ်ဆရာလုပ်တယ်။ စကား တပြောပြောနဲ့ ဇာတ်လမ်းတွေ လုပ်နေတယ်။ တခြား သူနေရာကနေလည်း ၀င်ပြောတယ်။ ဥပမာ သူဈေးသွားတယ်ဆိုတာကို ဆိုင်တွေ နာမည်တွေ တပ်ပြောတယ်။ "Coles.. Woolworth" ပြီးတော့ ဘာတွေ ညာတွေ ၀ယ်တယ်ပေါ့ "Meat Egg.. Milk" ပြီးတော့ "Chop chop.. " တဲ့ ချက်နေတယ်. ပြီးတော့ ထည့်ပေးတယ်။ "မေမေ.. " အဲဒီမှာ အမေနေရာကနေ၀င်ပြီး .."More please" တဲ့.. ပြီးတော့ သူ့နေရာ ပြန်ရောက်သွားပြီး "More? " ဆိုပြီး ထည့်ပေးတယ်။ ပြီးတော့ အမေနေရာ ပြန်ရောက်သွားပြီး "Thank you" ဆိုပြီး ပြန်ပြောတယ်။ နှစ်ယောက် ပြောနေရင် အသံမတူဘူး။ အဲဒါကတော့ လူကြီးတွေ အံသြရဆုံး သူ့ရဲ့ တိုးတက်မှုပါပဲ။ တခြား ဇာတ်လမ်းတွေလည်း လုပ်တတ်တယ်။ သူပြောတတ်တဲ့ စကားလုံးလေးတွေနဲ့ သူဘာသူ စဉ်းစားလိုက် ပြောလိုက်နဲ့ လူကြီးတွေက အသာလေး နားထောင်ပြီး သူ ဘာဇာတ်လမ်း ပြောနေတာလည်း ဆိုတာ စပ်ဆက် အဖြေရှာရတယ်။



သားက Relationship ဆိုတာကို မသိနားမလည်သေးပေမယ့် ခံစားတတ်နေပါပြီ။ သူ့မှာ ဒီအဖေ အမေနဲ့ ဒီအစ်မရှိတဲ့ ဘ၀လေးကို သာယာ ပျော်ရွှင်နေတာပါ။ အမေနို့ဆို့တော့ အမေကိုလည်း သူ့အစ်မထက် ပိုချစ်တယ် ထင်ပါတယ်။ အဖေကိုလည်း ချစ်ကြောက်တယ်။ အဖေကို ခေါ်ရင် "ဖေဖေ" ဆိုပြီး အောက်ကျို့တဲ့ သွေးစမ်းတဲ့ လေသံမျိုးလေးနဲ့ အရင်စခေါ်တယ်။ အဖေက အရေးတယူ မရှိရင် ထပ်ခေါ်တယ်။ အဖေက ချိုချိုသာသာ ကြိုကြိုဆိုဆို ပြန်ပြောမှ သူ့မှာ သောကကင်းသွားတဲ့ မျက်နာမျိုးလေးနဲ့။ အဖေက အလုပ်ရှုပ်နေလို့ဖြစ်ဖြစ် "ဘာလဲကွာ.." ဆိုပြီးများ ပြန်ပြောလိုက်လို့ကတော့ ငိုကြီးချက်မနဲ့ သူ့အမေဆီ ပြန်ပြေးတယ်။ သူ့အစ်မကိုလည်း ဆရာတင်တတ်တယ်။ ဟိုကလည်း အစ်မကြီး ပီပီပဲ။ သူ့အစ်မကလည်း တစ်ခုခု လုပ်ပြလိုက်ရင် သူက ရယ်လိုက်နဲ့ နှစ်ယောက်သား ဟုတ်နေတယ်။ ရန်မဖြစ်မချင်း။

သားလေးက အမေနို့ပဲ စို့တဲ့အတွက်ကြောင့် ညှပ်ပါတယ်။ အစားအသောက်ကလည်း အင်မတန် ချေးများပါတယ်။ အဲဒါကြောင့် ၁၁ ကီလိုပဲ ရှိပါတယ်။ သူ့ခြေထောက်လေးတွေဆို အရိုးပေါ် အရေတင်ပဲ။ သမီးဆို ကိုက်စားချင်စရာတောင် ကောင်းတယ်။ အရပ်ကတော့ မပုပါဘူး။ အခုတော့ နွားနို့နည်းနည်း စသောက်နေပါပြီ။ အမေနို့ဖြတ်ဖို့တော့ စဉ်းစားထားတယ်။ ၂ နှစ်လည်း ကျော်ပြီဆိုတော့။ နည်းနည်း ကြီးလာရင်တော့ အစားအသောက်ကို ပိုစားတတ်အောင် လုပ်ပေးရဦးမယ်။ အသား စားတယ်။ ဟင်းသီးဟင်းရွက် စားတတ်တယ်။ ထမင်းကို လုံးဝ မစားတတ်ဘူး။ ထမင်းလုံးလေးတွေကို သူ့ပါးစပ်ထဲမှာ မထိန်းတတ်လို့။ ခေါက်ဆွဲလိုမျိုးတော့ စားတတ်တယ်။

သားလေး အတွက် မွေးနေ့ပွဲကို ဒီနေ့ သူ့ daycare မှာ စီစဉ်ထားပေးပေမယ့် လူကြီးတွေကတော့ သမီးတုန်းကလို မသွားနိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ အပတ်ကပဲ သူတို့ ကလေး ၂ ယောက်စလုံး တစ်ယောက်တစ်လှည်စီ ဖျားလို့ အဖေနဲ့ အမေခွင့်တွေ အတော်ယူလိုက်ရတော့ ဒီနေ့ပါ ခွင့်ထပ်ယူရရင် မကောင်းတော့တာနဲ့ ကျောင်းကိုပဲ အပ်လိုက်ပါတယ်။ သားလေးအတွက် မြန်မာပြည်မှာ ဒီက ဘုန်းကြီးကျောင်းမှာ လှူတန်းထားတာတွေကိုလည်း အများကို အမျှဝေပါတယ်။

တစ်ခါတစ်လေကျတော့လည်း သားလေးက Complement အနေနဲ့ လူ့လောကထဲ ရောက်လာတယ် ခံစားရပါတယ်။ အဖြည့်ခံ အရန် ဆိုတာထက် ဖြည့်စွက်ပေးသူပေါ့။ ဒီမိသားစုကလေးကို ပြည့်စုံတဲ့ မိသားစုလေး တစ်ခု ဖြစ်အောင် ဖြည့်စွက်ပေးတယ်။ သူ့အစ်မအတွက် အဖော်အဖြစ် တစ်ယောက်ရစေတယ်။ သူက ကျွန်တော်တို့ မိသားစုအတွက် လိုအပ်နေတာလေး တစ်ခု ဖြည့်စွက်ပေးလိုက်သလိုဖြစ်လို့ ကျွန်တော်တို့ ၂ ယောက်စလုံးမှာ ၀မ်းသာရပါတယ်။ သားလေးပါရပြီးတဲ့ နောက်မှာ "သားနဲ့သမီး" လိုမျိုး၊ "သားတို့ သမီးတို့" လိုမျိုး စကားလုံးတွေက ပိုပြီး အဓိပ္ပါယ်ရှိလာသလို ခံစားရပါတယ်။ သားလေး ထူးမြတ်လင်းအတွက်လည်း "The whole" ဖြစ်ပါစေ ဆိုတာမျိုးထက် လောကကြီးမှာ လိုအပ်နေတဲ့ နေရာလေးတွေအတွက် တစ်ထောင့်တစ်နေရာကနေ ဖြည့်စွက်ပေးစရာလေးတွေ ဖြစ်ပါစေလို့ ဒီနှစ်အတွက် ဆုတောင်းပေးလိုက်ပါတယ်။ ။

အောက်မှာတော့ သားလေးရဲ့ ၂နှစ်အတွင်း ကြီးပြင်းလာပုံတွေပါ။ ၂ နှစ်အတွင်းမှာ ဓါတ်ပုံပေါင်း ၇၀၀ ကျော် ရိုက်ထားတဲ့ အထဲက တချို့ပါ။ ပုံ အကုန်လုံးကတော့ ဒီမှာပါ ။

It's a boy!
IMG_4162
IMG_4173
IMG_4178
IMG_4205
Mom & Son
IMG_4328
Hey Bro...
Hey.. Yo
It's a boy.... obviously :)
IMG_4841
IMG_4872
7 Weeks
Pajama
Smiley
IMG_5334
IMG_5416
Star...
3 months
IMG_5551
IMG_5661
IMG_5710
IMG_5712
IMG_5719
IMG_5872
IMG_5887
IMG_5985
IMG_6024
Generation Y
IMG_6111
4 months
IMG_6411
5 Months
IMG_6987
IMG_6992
Baby Elmo
IMG_7053
IMG_7062
IMG_7100
Lips Mother Lips Son
IMG_7192
IMG_7227
IMG_7238
IMG_7240
WE
IMG_7446
IMG_7553
IMG_7690
IMG_7697
IMG_7792
IMG_7866
IMG_7931
IMG_8204
IMG_8212
IMG_8300
IMG_8304
IMG_8326
IMG_8413-1
Mighty
IMG_8435-1
IMG_8471
IMG_8562
IMG_8601
IMG_8669
IMG_8673
Ko Thoo
IMG_8762
IMG_8995
All my love...
IMG_9342
IMG_9648
IMG_9710
We
IMG_0022
IMG_0023
IMG_9941
IMG_9960
11 Months
IMG_0050
IMG_0075
IMG_0171
IMG_0260
IMG_0299
IMG_0304
IMG_0388
IMG_0395
IMG_0403
IMG_0434
IMG_0443
IMG_0448
IMG_0453
IMG_0509
Bloke In Flannel Shirt
A bit of care
IMG_0617
Inn-thar Costume
IMG_0654
IMG_0657
IMG_0660
IMG_0671
IMG_0681
IMG_0701
15.7.09 082
15.7.09 186
IMG_0724
IMG_0735
4-5's  05.08.09 097
IMG_0974
0-2s 18.08.09 056
0-2s 18.08.09 060
IMG_1001
IMG_1033
Penalty
0-2s 10.09.09 007
0-2s 11.09.09 008
IMG_1131
Our Bike
IMG_1218
0-2 30.09.09 007
0-2 30.09.09 099
IMG_1219
IMG_1242
IMG_1264
2-3s 2.10.09 300
2-3s 2.10.09 309
IMG_1274
IMG_1310
IMG_1317
IMG_1318
IMG_1329
preschool november 005
joeys november 009
Joey 011
Thoo 16 months
In the basket
Playful..
Ann
Arrr......
P1000215
P1000349
P1000390
DSC_8032
Cooking
MEMO0009
P1000671
P1000749
Banana Trees
P1000810
P1000824
P1000830
P1000837
Ko Thoo
P1000949
P1000967
P1010084
P1010095
P1010124
P1010153
P1010161
P1010173
BIG Chair
P1010198
P1010203
P1010223
P1010331
P1010336
P1010572
P1010717
P1010730
P1010764
P1010783
 

40 comments:

Anonymous - 5/24/10, 7:26 PM

Happy Birthday Thar Thar!!!!

Anonymous - 5/24/10, 7:28 PM

Happy birthday Thar Thar.You so clever :)

pandora - 5/24/10, 7:37 PM

မျက်စိရှေ့မှာ သားလေး ကြီးလာပြီ။ ပီတိဖြစ်စရာပါ။ သာလေး ၂ နှစ်ပြည့်မွေးနေ့မှသည် ဘ၀တလျှောက်လုံး ကျန်းမာပျော်ရွှင်ပါစေ။

Anonymous - 5/24/10, 7:52 PM

Happy Birthday Htoo Htoo... You are so cute :)

Anonymous - 5/24/10, 7:57 PM

Daddy, stop it (dont kiss my... mom)

ss - 5/24/10, 8:50 PM

Happy Birthday, Thar Htoo!!!

Anonymous - 5/24/10, 8:57 PM

Happy birthday Thar Thar

Nyein - 5/24/10, 9:10 PM

Thar Thar ka lay.....Happy Birthday to You. Ti Ti loves you so so much...

မိုးဦးစံပယ် - 5/24/10, 10:00 PM

Hi Thar Thar...Happy Birthday To You!!!.

Htoo Tay Zar - 5/24/10, 10:29 PM

"Happy Birthday!!!" =D ကျန်းမာပျော်ရွှင်ပြီး ထူးချွန်တဲ့ သူလေး ဖြစ်ပါစေ....

သစ်သစ် - 5/24/10, 10:56 PM

သားသားတောင် ၂နှစ်ပြည့်သွားပြီ အချိန်တွေမြန်လိုက်တာ...
ကိုထူး ကျန်းမာပျော်ရွှင်ပါစေ...

Khaing - 5/24/10, 11:46 PM

Happy Birthday Thar Thar!!!

တောင်ငူသား - 5/25/10, 12:29 AM

"Happy Birthday သားသားရေ"

ရွှန်းလဲ့ - 5/25/10, 12:46 AM

သားသားလေး ထူးမြတ်လင်း မင်္ဂလာရှိသောမွေးနေ့ မှသည် နောက်နှစ်မွေးနေ့ များစွာကိုလည်း ဖေဖေ မေမေ မမတို့ နဲ့ အတူ ပျော်ရွှင်စွာ ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေ... :)

Nge Naing - 5/25/10, 1:09 AM

Happy Birthday!!!
လိမ္မာရေးခြားရှိပြီး ဘာသာစကားနှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ သင်ကြားနိုင်ပါစေ။ သမီးလေး မွေးနေ့နဲ့ သားလေးမွေးနေ့က သိပ်မကွာဘူးနော့်။

khin oo may - 5/25/10, 1:33 AM

ပျော်ရွင်ပါစေ။

Thazin - 5/25/10, 1:48 AM

Happy Birthday ပါသားသားရေ။

mayatilay - 5/25/10, 2:22 AM

Happy Birthday!
သားကောင်းရတနာလေးဖြစ်ပါစေ။
We She Me ရဲ့စာဖတ်ပရိတ်သတ်ပါ။

Ko Paw - 5/25/10, 3:58 AM

ကိုအင်ဒီရဲ့ သားအကြောင်းဖတ်ရတာ ချစ်စရာကောင်းလိုက်တာ။ မျက်နှာရိပ်မျက်နှာကဲ သိတတ်တာလေးက ချစ်စရာအကောင်းဆုံးပဲ၊ Happy birthday.

:) - 5/25/10, 10:46 AM

Happy Birthday ... Htoo Myat Linn !

သက်ဝေ - 5/25/10, 11:09 AM

သားလေး ၂ နှစ်ပြည့် မွေးနေ့...
ကျန်းမာပြီး အစစ အရာရာမှာ ထူးချွန်တဲ့ သားလေး ဖြစ်ပါစေ...
သမီးတယောက် သားတယောက်နဲ့ ပြည့်စုံ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ဖြစ်ပါစေ...

Moe Cho Thinn - 5/25/10, 11:37 AM

ဒီပို့စ်လေးကတော့ မိဘမေတ္တာနဲ့ ထုံမွှမ်းနေလို့ တစိမ့်စိမ့် ပီတိ ဖြစ်ရတာမျိုးပဲ။ rate သာ ရှိရင် 5 အပြည့် ပေးလိုက်မှာပဲ။
သားသားမျက်နှာမှာ မျက်လုံးလေးက သူ့စိတ်ကို အဖော်ပြဆုံး။ မျက်လုံး နက်နက် တောက်တောက်လေးနဲ့ ဥာဏ်ကောင်း ဥာဏ်ထက် မျက်နှာရိပ် မျက်နှာကဲ သိတတ်သူဆိုတာ သိသာတယ်။ ကွက်စိတ်ဆရာ လုပ်တာကိုတော့ သဘောအကျဆုံးပဲ။
သားသားမွေးနေ့မှာ သားဖေဖေ ဖြစ်စေချင်သလို မိသားစုမှာတင်မကဘဲ လောကရဲ့ လိုအပ်ချက်လေးတွေမှာ တထောင့်တနေရာက ဖြည့်စွက် ပြည့်စုံစေသူ ဖြစ်ပါစေလို့..

Anonymous - 5/25/10, 11:38 AM

your kids are lovely kids..
Happy family forever!!
Htoo htoo...happy birthday! =)

rita - 5/25/10, 11:43 AM

KO Thoo ,,,

tarrr lay yayy
HAPPY BIRTHDAY

soe - 5/25/10, 4:44 PM

Happy Birthday Thar Thar! May u be happy,peaceful and successful in the whole Life.

nu-san - 5/25/10, 7:00 PM

Happy Birthday Thar Thar Ko Thoo!!

သားလေး ကိုထူးတောင် ၂ နှစ်ပြည့်သွားပြန်ပြီ. သားလေးက ဒီအရွယ်လေးနဲ့ လူကြီးအရိပ်အကဲ ကောင်းကောင်း သိနေတယ်ဆိုတော့ တကယ်လိမ်မာတဲ့ ကလေးပဲ.. ဖေဖေ မေမေတို့ ရဲ့ ဆုတောင်းတွေ ပြည့်ပါစေလို့ ထပ်ပြီး ဆုတောင်းပေးပါတယ် သားသားရေ..

sy - 5/25/10, 10:19 PM

ဒီပိုစ့်ကို Facebook မှာတွေ့လို့ like လုပ်လိုက်ပါသေးတယ်။
google reader မှာတော့မတက်လာဘူး။ ဘာဖြစ်လို့လဲမသိ။
သူမွေးကတည်းက ဒီဘလော့ကိုဖတ်နေတာ။ ၂နှစ်တောင်ရှိပြီပေါ့။
ကျန်းမာတဲ့ကလေးလေးဖြစ်ပါစေနော်။
တကယ့်ကလေးလေးမွေးရင်တော့ ဒီဘလော့ကို reference ယူရမယ်။ :)
ကလေးစိတ်ကို မြင်သာအောင် ရေးတတ်လိုက်တာ....... :)

Mon Petit Avatar - 5/26/10, 2:32 PM

What a cute baby boy. Wishing Thar Thar a Happy Birthday and many more to come!!!

မြရွက်ဝေ - 5/26/10, 5:56 PM

သားသားတောင် ၂နှစ် ပြည့်သွားပြီနော်
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ သားသားရေ :)
  ☆∧_∧☆
☆。◇(*゚∀゚)◇。☆
| ̄ ̄∪ ̄∪ ̄ ̄|
|HappyBirthDay!|
|_______|

Anonymous - 5/26/10, 6:31 PM

Hello,

I like to ask something.
Could you please advise me how to remit money from Myanmar to Australia ? If you know agent ( Hundi agent) contact , please let me know.

Thanks,
Linn (fridaylinn@gmail.com)

Rita - 5/27/10, 2:19 PM

Belated Happy Birthday to little boy & very much appreciate to your parents!

T T Sweet - 5/27/10, 2:50 PM

သားလေး ထူးမြတ်လင်း ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။
မောင်နှမ၂ယောက်လုံး ချစ်စရာလေးတွေ။ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက် ပြည့်စုံတဲ့ မိသားစုလေးကို အားကျသွားပါတယ်။

Anonymous - 5/27/10, 9:38 PM

if the child can not speak Burmese,can he become a Buddish for his whole life?
My friends kids r the same.his sons can not speak burmese in America.One of his son,can not speak Burmese and when he became 18,he changes the relagion.his parents can not teach about Buddishim because he can not speack burmese.

ရွှေရတုမှတ်တမ်း - 5/28/10, 11:43 AM

သားသားနဲ့ဘဘတို့ မွေးနေ့ချင်းမကွာ ပဲကိုး၊ ဘဘလဲ.ဟိုးအဝေးကလာရလို့..
ခုမှရောက်တယ်ကွာ...

မြစ်ချေသူ - 5/31/10, 2:07 AM

သားသား ထူးမြတ်လင်း လေး ပျှော်ရွှင်ပါစေ။

mae - 6/10/10, 1:55 AM

မွေးနေ့ရော အကျင့်စရိုက်ပါ တူတဲ့ သားလေးကို birthday wish လုပ်ပါတယ်၊

အပေါ်က anonymous ပြောသလို မြန်မာလို မတတ်လဲ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်အောင် သွန်သင်ပေးလို့ရပါတယ်၊ ကျမကိုယ်တိုင် နိုင်ငံခြားမှာ ကြီးပြီးတော့ ၁၅ နှစ်လောက် မြန်မာလို ဟုတ်တိပါတ်တိ မပြောပါဘူး၊ ဒါပေမယ့် အမေအဖေက သွန်သင်ခဲ့လို့ ဗုဒ္ဓဘာသာကိုပဲ စွဲစွဲမြဲမြဲ ကိုးကွယ်ပါတယ်၊ အင်္ဂလိပ်လိုလဲ ဗုဒ္ဓဘာသာစာအုပ်တွေ ရပါတယ်၊

anyway.. သားလေးက မြန်မာလိုရော အင်္ဂလိပ်လိုပါမက ဘာသာစကား ဝါသနာပါတဲ့ လူကြီးလေး ဖြစ်လာမှာပါ

Andy Myint - 6/10/10, 11:15 AM
သူများတွေကိုတော့ ကျေးဇူးတင်ခိုင်းနေပြီး ကိုယ့်သားမွေးနေ့ကို ချီးမြောက်တဲ့သူတွေကိုတော့ ကျေးဇူးမတင်မိ ဖြစ်နေပြီ။ အန်ဒီတော့ ခက်သေးတယ်။ ဟီးဟီး.. ။ ကောမန့်တွေ အလာကို စောင့်နေရင်းနဲ့ မပြန်ဖြစ်ဘူး ဖြစ်သွားတယ်။ အားလုံးကို သားလေးအတွက် ကျေးဇူးတင်ပါတယ်။ မြန်မာစာနဲ့ ဗုဒ္ဓဘာသာကိုတော့ တတ်နိုင်သလောက် စလုပ်နေပါပြီ။ ငယ်သေးတော့ ထိထိရောက်ရောက် မလုပ်ရသေးဘူး။
Aunty Tauk - 6/20/10, 1:35 PM

Happy Birthday Thar Thar!!!

လသာည - 6/22/10, 9:29 AM

သား Happy birthday!!
၂ နှစ်တောင် ပြည့်သွားပြီလား..

သားနဲ့ သမီး မွေးကတဲက အခုထိ အရိပ်တကြည့်ကြည့် မှတ်တမ်းတင်လာနိုင်တာအတွက် ကိုအန်ဒီတို့ကို တအားကို သဘောကျမိပါတယ်..။ သူတို့လေးတွေ ကြီးလာရင် ဒါတွေဟာ တကယ့် အဖိုးတန် မှတ်တမ်းလေးတွေ ဖြစ်နေမှာပါ..

နာမည်ကြီး စိတ်ပညာရှင် Jean Piaget (1896-1980)လည်းပဲ သူရဲ့ သားတွေရဲ့ဖြစ်စဉ်ကို လေ့လာရင်းနဲ့ ကလေးတွေရဲ့ cognitive development ကို တင်ပြသွားခဲ့တဲ့အတွက် အခုထိ Piaget's Theory ဟာ စိတ်ပညာမှာ နာမည်ကြီးလှပါတယ်။
(Jean Piaget (1896-1980) was a biologist who originally studied molluscs (publishing twenty scientific papers on them by the time he was 21) but moved into the study of the development of children's understanding, through observing them and talking and listening to them while they worked on exercises he set.)

ကိုအန်ဒီတို့ မိသားစုရဲ့ အခုမှတ်တမ်းတွေဟာလည်း မေတ္တာနဲ့ ရေးသီထားတဲ့အတွက် သားအတွက်သာမက အများအတွက်ပါ တချိန်မှာ တအားကို အဖိုးတန်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ခင်မင်လေးစားလျှက်
လသာည

စစ်ကိုင်းသူ - 8/17/10, 12:25 AM

ကိုအန်ဒီရေ
မြန်မာပြည်ပြန်ရောက်ကတည်းက blog တွေနဲ့ဝေးနေတာ အခုမှပဲ ဝင်ကြည့်ဖြစ်တော့တယ်။ ရောက်ရောက်ချင်း ကျန်တာတွေ မကြည့်ဘဲ သားနဲ့ သမီးပုံလေးတွေ အရင်ဆုံး ကြည့်ဖြစ်တယ်။ Post တွေတော့ နောက်မှပဲ ဖတ်တော့မယ်။ ပြောသာပြောတာ ဖတ်ဖြစ်ဖို့တောင် မလွယ်ပါဘူး။ အခုတောင် သားလေး နှစ်နှစ်ပြည့်တစ်ခုပဲဖတ်နိုင်တယ်။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်စုလေးကို အားကျတယ်ဗျာ။

Post a Comment

Many thanks for dropping a comment…

Film