Tuesday, December 21, 2010

အပြောင်းအလဲတွင် စီးမျောပါ

၂၀၁၀ ကနေ ၂၀၁၁ ကို ပြောင်းသွားမှာဟာ အားလုံးအတွက် ဆိုင်တဲ့ အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ ဒီလိုပဲ အပြောင်းအလဲတွေဟာ အခွင့်အလမ်းလို ပုဂွလိက မဆန်ဘဲ အများဆိုင် ဖြစ်တတ်ပါတယ်။ ၂၀၁၁ ကို ပြောင်းလဲသွားမှာဟာ တစ်ဦး တစ်ယောက်တည်း အတွက် အခွင့်အလမ်း မဟုတ်ပါဘူး။ အများနဲ့ ဆိုင်တယ် ဆိုပေမယ့် ၂၀၁၁ အပြောင်းအလဲမှာ စီးမျောနိုင်သလား မနိုင်သလားဆိုတာကတော့ တစ်ဦး တစ်ယောက်ချင်းစီရဲ့ အရည်အချင်း ဖြစ်ပါတယ်။ ၂၀၁၀ မှာလည်း ဒီလိုပဲ ၂၀၁၁မှာလည်း ဒီလိုပဲ ဆိုရင်တော့ အဲဒီ အပြောင်းအလဲမှာ စီမျောခြင်း မရှိဘူးလို့ ဆိုရမှာပဲ။

အပြောင်းအလဲတွေဟာ အများနဲ့ ဆိုင်တဲ့ အတွက် သိပ်ကို မြင်သာသလို သိပ်ကို ရောချလွယ်ပါတယ်။ ကိုယ်ပိုင်ဘ၀ အပြောင်းအလဲတွေဟာလည်း အများဆိုင် အပြောင်းအလဲတွေရဲ့ ဂယက်ကြောင့် ဖြစ်လာရတယ် မြင်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၁ ပြောင်းသွားမှာ အများနဲ့အတူ ကိုယ်ကိုယ်တိုင်ပဲ အမှန်တကယ် ပါဝင်သလို ထင်ရပါတယ်။ ပါဝင်တယ် မ၀င်ဘူး တကယ်တန်း အဆုံးအဖြတ် ပေးမှာကတော့ ၂၀၁၁ အတွက် ကိုယ်ကိုယ်တိုင် ပြင်ဆင်ထားသလားပါပဲ။ အပြောင်းအလဲ အတော်များများဟာ ကိုယ့်ကြောင့် ကိုယ်စတင်လို့ ဖြစ်လာတာ မဟုတ်ပေမယ့် အဲဒီအပြောင်းအလဲတွေမှာ ပါဝင်ဖို့ကတော့ အခြေအနေပေးတတ်ပါတယ်။ အပြောင်းအလဲ တစ်ခုမှာ စီးမျောရတယ် ဆိုတာ အရံသင့် ခူးခပ်ပြီး ထမင်းကို ထစားလိုက်ရုံလိုပါပဲ။ ကြိုက်တတ်ဖို့နဲ့ ၀င်စားလိုက်ဖို့ပဲ လိုတာပါ။

အပြောင်းအလဲဟာ တော်လှန်ရေး မဟုတ်ပါဘူး။ ဥပမာ ပြရရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် တော်လှန်ရေး မဟုတ်ပါဘူး။ သူမ လွတ်မြောက်အောင် လူအပေါင်းက စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြတယ် ဆိုတာရယ် သူမဟာ ဒီလို ဒီမိုကရေစီ ထွန်းကားဖို့ တော်လှန်ရေး တစ်ခုကို ဖြစ်မြောက်အောင် ဦးဆောင်နိုင်သူတွေထဲမှာ ပါဝင်တယ်ဆိုတာရယ် ကလည်း ယုံမှားဖွယ် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အပြောင်းအလဲထဲမှာ စီးမျောချင်တယ်ဆိုရင်တော့ သူမရဲ့ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး ကြိုးပန်းမှုတွေထဲမှာ တစ်တပ်တစ်အား ပါဝင်မှသာ စီးမျောနိုင်မှာပါ။ နေ့စဉ် သတင်းတွေ မလွတ်တမ်း ဖတ်ရုံနဲ့ ဒီလွတ်မြောက်မှုမှာ စီးမျောနေမှာ မဟုတ်ပါဘူး။

အပြောင်းအလဲဟာ တော်လှန်ရေးလောက် မခက်ခဲပါဘူး။ အပြောင်းအလဲတွေဟာ ကိုယ့်မျက်စိရှေမှာတင် ဖြစ်ပျက်နေတာမျိုးပါ။ တော်လှန်ရေး ဆိုတာမျိုးကတော့ ကိုယ်ကိုယ်တိုင် စတင် ပါဝင်မှသာ ဖြစ်နိုင်တာမျိုးပါ။ တော်လှန်ရေးဆိုတဲ့ စကားလုံးဟာ “နိုင်ငံရေး” ဆန်နေလျင် “စီပွားရေး” ဆန်ဆန် စွန့်ဦးတီထွင်ခြင်းလို့လည်း တွေးကြည့်နိုင်ပါတယ်။ အရပ်ဆန်ဆန် အလွယ်ပဲ ပြောရရင်တော့ မြန်မာပြည်က လူငယ်တွေ စင်္ကာပူလို နိုင်ငံတွေကို အလုပ်သွားလုပ်ကြတာ ခေတ်ရေစီးကြောင်း အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ ဒီလို ခေတ်ရေစီးကြောင်းထဲမှာ စီးမျောဖို့ဟာ ဟိုးအရင်ကတည်း စင်္ကာပူ နာမည်မကြီးခင်ကတည်းက ထွက်သွားတဲ့ သူတွေလောက်တော့ အရဲ စွန့်စရာ မလိုပါဘူး။ ဒါမှမဟုတ် ကိုယ့်လူတွေ သိပ်မသွားသေးတဲ့ နိုင်ငံကို သွားတာလောက် ပူစရာ မလိုပါဘူး။ စင်္ကာပူမှာ ရပ်တည်နိုင်သလား မရပ်တည်နိုင်ဘူးလား ဆိုတာကတော့ ဒီ ခေတ်ရေစီကြောင်းထဲမှာ စီးမျောနိုင်သလား ဆိုတာပါပဲ။

အခုခေတ်ကြီးမှာ လူငယ်တချို့ရဲ့ ထွက်ပေါက် စင်္ကာပူကို ရှိပြီးသား နာမည်နဲ့ ၀ိတ်နဲ့ သုံးပြီး ပိတ်ချင်တာတွေ တွေ့ရတော့ (လွန်ခဲ့တဲ့ နှစ်တွေက အပေါစား ဗွီဒီယိုတွေမှာ) နိုင်ငံတကာ ဘုံသုံး ဘာသာစကား တစ်ခုအနေနဲ့ ပြောဆိုနေတဲ့ အင်္ဂလိပ်စကားကို သင်္ဘောသား ငပေါယောင် သရုပ်ဆောင်ပြီး ဒွတ်ဒပ် ဘွတ်ရှပ် ဘိုလမ်းနီးတယ် ပြောချင်တဲ့ လူပျက်သရုပ်ဆောင်တွေလို ရွံရှာမိပါတယ်။ အပြောင်းအလဲကို ဖုံးကွယ်လို့ မရပါဘူး။ မဖုံးကွယ်ကောင်းပါဘူး။ ဘာနဲ့ တူသွားမလဲ ဆိုရင်တော့ အပျိုဘော် ၀င်စပြုလာတဲ့ သမီးကို နည်းလမ်းမှန်မှန် ပြုစုပျိုးထောင်တာမျိုး မဟုတ်ဘဲ ရွံရှာ စက်ဆုပ်စရာ လူတော မတိုးဝံ့စရာ တစ်ခုအနေနဲ့ ပြောဆိုနေသလို ဖြစ်ပြီး ဖွံ့ဖြိုးသင့်တာတွေ မဖွံ့ဖြိုး ဖြစ်သွားပါမည်။

အပြောင်းအလဲကို ရှုမြင်သုံးသပ်တတ်မှသာ စီးမျောနိုင်ပါတယ်။ ကိုးကွယ်ရာ ဆင်းတုတော် တစ်ဆူကို စကျင်ကျောက်တုံး တစ်တုံး၊ သစ်တုံး တစ်တုံးလို့သာ မြင်နေသေးတာဟာ အတွင်းသဘောကို သိမြင်တယ် ဆိုတာထက် အပြောင်းအလဲကို မမြင်နိုင် လက်မခံနိုင်တာပါ။ ဆင်းတုတော်ကို ကျောက်တုံးတစ်တုံးလို သစ်တုံးတစ်တုံးလို ပြုမူတာ ဘာသာရေး ကျမ်းတစ်ခုကို စာရွက် တစ်ရွက်လို့ပဲ သဘောထားတာ ကိုးကွယ်သူတွေအမြင် မသင့်တော်တာပဲ ဖြစ်သွားပါမည်။ ဆန်ကနေ ထမင်းဖြစ်သွားတယ်။ ထမင်းကို စားလိုက်လို့ မစင်ဖြစ်သွားတယ် ဆိုတယ် အပြောင်းအလဲကို သိမြင်ပြီး ဆန်နဲ့ မစင်ကို မရောထွေးသကဲ့သို့ အရာတစ်ခု လူတစ်ယောက် ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲကိုလည်း ယခင် အခြေအနေတွေနဲ့ မလိုအပ်ဘဲ မရေးထွေးသင့်ပါဘူး။ သူ့အပြောင်းအလဲမှာ သူ သင့်တင့် လျောက်ပတ်အောင် စီးမျောရပါမည်။

အပြောင်းအလဲကို ဥပက္ခာ ပြုစရာမလိုပါဘူး။ ပြုလို့မရပါဘူး။ ၂၀၁၀ကနေ ၂၀၁၁ ပြောင်းလဲ သွားမှာကို မီပန်းဖေါက် ကြိုဆိုစရာ မလိုပါဘူး ဆိုချင် ဆိုနိုင်ပေမယ့် ရက်စွဲတပ်တဲ့ အခါဖြစ်ဖြစ် လက်ပတ်နာရီ ကိုဖြစ်ဖြစ် သူ့နည်းတူ ပြောင်းလဲနေအောင် လုပ်ပေးရဦးမှာပါပဲ။ အပြောင်းအလဲကို မမြင်ချင်ယောင် ဆောင်သကဲ့သို့ အပြောင်းအလဲ ဖြစ်သွားတာတောင် မသိလိုက်တာမျိုးတွေ ရှိပါတယ်။ မျက်စိစုံလုံး ကွယ်နေသလို ကိုယ်ပတ်ဝန်းကျင်မှာ ဘာတွေ ပြောင်းလဲနေသလဲ မသိ တရေးနိုးထကြည့်တော့ အတော် နောက်ကျနေပြီ ဆိုတာမျိုးတွေလည်း အများသား ကြုံခဲ့ရတာပါ။ မြင်လိုက်လျက်နဲ့ ကိုယ်တိုင် လိုက်ပါ မစီးမျောတာကလည်း ခြေလက်မပါတဲ့သူ သာသာ ဖြစ်တော့မည်။

၂၀၁၀ကနေ ၂၀၁၁ ကိုပြောင်းသွားတော့မည်။ အသက်တွေလည်း ကြီးသထက်ကြီးလာတယ်။ ဒါကိုမှ မကြီးသယောင် ကြီးသယောင်နဲ့ ယောင်တောင်တောင် လုပ်နေလို့ကတော့ ကြောင်တောင်တောင်ပဲ ဖြစ်သွားပါမည်။ အသက်ပြောင်းလဲမှုမှာ စီလျှင်အောင် မစီးမျောနိုင်မျိုးတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နေတာပါပဲ။ ဒီပြောင်းလဲမှုဟာ နေ့စဉ်နဲ့အမျှ ဖြစ်နေတာမို့ သင့်တော်အောင် လိုက်ပါ စီးမျောဖို့ နေ့တိုင်း ကြိုးစာရမယ့် အရာတစ်ခု ဖြစ်တော့တယ်။

မှန်ကန် သေချာတဲ့ အပြောင်းအလဲအတွက် လမ်းဆုံ လမ်းခွ မရှိပါဘူး။ လမ်းဆုံး လမ်းခွမှာ ဘယ်လမ်း လိုက်ရမယ်မှန်း ဘယ်ကမ်း ကပ်ရမယ်မှန်း မသိတာဟာ အပြောင်းအလဲ မပီပြင်တာပါ။ ဒီလို မပီပြင်တဲ့ အပြောင်းအလဲတွေမှာ တံလျှပ်ရေထင် ရွှေသမင် အလိုက်မှားတာတွေဟာ ဖြစ်နိုင်တာမို့ မဖြစ်ပေါ်သေးတဲ့ အပြောင်းအလဲကိုလည်း ရှုမြင် သုံးသပ် တတ်ရပါမည်။ ဒါပေမယ့် အရာတိုင်းမှာတော ၂၀၁၀ကနေ ၂၀၁၁ကို ပြောင်းသွားမှာလို ပြက်ပြက်ထင်ထင် မမြင်သာပါဘူး။ စွန့်စားလိုက်ရတာတွေ အပြောင်းအလဲဖြစ်သွားအောင် တွန်းထိုးလိုက်ရတာတွေဟာ မြင်သာတဲ့ အပြောင်းအလဲတွေမှာ စီးမျောခြင်းထက် သာလွန် ခက်ခဲပါတယ်။

လွယ်လွယ်ကူကူ မျက်စိရှေ့မှာ ဖြစ်ပေါ်နေတဲ့ သေချာပေါက် အပြောင်းအလဲတစ်ခုမှာ စီးမျောချင်ရင်တော့ အဲဒီ အပြောင်းအလဲထဲ ခြေစုံပစ်ဝင်ပြီး ကိုယ်တိုင်ပါဝင်မှသာ ဖြစ်နိုင်တော့တယ်။ အပြောင်းအလဲတွေကို သတင်းဖတ်သလို ဖတ်နေရုံနဲ့တော့ အပြောင်းအလဲထဲမှာ စီးမျောမှာ မဟုတ်ဘဲ ကိုယ်သာလျင် နောက်ကျကျန်ခဲ့မှာပဲ။ အပြောင်းအလဲကို မြင်လျက်နဲ့ ကိုယ်စွမ်း ကိုယ်စ မရှိလို့ဘဲ ဖြစ်ဖြစ် နောက်တွန့်လို့ပဲ ဖြစ်ဖြစ် စုံဝင် မစီးမျောရင်လည်း ဒီအပြောင်းအလဲဟာ ကိုယ်နဲ့ မဆိုင် အသုံးမ၀င် ဖြစ်တော့မည်။

အပြောင်းအလဲတွေထဲမှာ မျောပါရင် ပြီးရော ကိုယ်တိုင် အဆင်သင့် မဖြစ်သေးဘဲ စုံခုန်ဝင်ရင်လည်း ရေမကူးတတ်ဘဲ မြစ်ထဲကို ခုန်ချသလိုမျိုးပဲ ဖြစ်သွားပါမည်။ အပြောင်းအလဲတွေထဲမှာ ရေစုန်မျောပြီး နောက်ဆုံး ခွေးသေကောင်ပုတ်လို ကြုံရာ ကမ်းတစ်ခုမှ တင်ပြီး ကျီးစား ငှက်စားနဲ့ ဘ၀ဆုံးရုံသာ ရှိတော့တယ်။ ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာကို သိမြင်ပြီး ကိုယ်လိုချင်တဲ့ အနအထားတစ်ခု ရောက်စေမည့် အပြောင်းအလဲတစ်ခုကို ရွေးချယ်ပြီ အဆင်သင့် ဖြစ်တယ်ဆိုရင်ဖြင့် ပါဝင် ဆင်နွှဲဖို့သာ လိုတော့တယ်။

၂၀၁၁ နှစ်ကူး အပြောင်းအလဲ မှာ အမှန်တကယ် စီးမျောနိုင်ဖို့ ဒီစာကို နှစ်ကူး လက်ဆောင်အဖြစ် ရေးလိုက်ပါတယ်။ အပြောင်းအလဲတွေကို သုံးသပ်ပြီး ဘယ်လို စီးမျောမည် ဆုံးဖြတ်ချင်သူများအတွက် နှစ်ကူး သံဓိဌာန် ချနိုင်ဖို့ နှစ်မကူးမီ ကြိုတင်ပြီး ရေးလိုက်ပါတယ်။

စာဖတ်သူအပေါင်း ၂၀၁၁ မှာ စီးမျောနိုင်ပါစေ။ ။


တခြားဖတ်ရန်

* အပြောင်းအလဲ (ကိုပေါ)
* ၂၀၁၀ အတွက် ဒိန်ချဉ် နောက်တစ်အိုး

20 comments:

MrDBA - 12/19/10, 2:39 PM

ကျွန်တော် စီးမျောဖို့ တွန့်ဆုတ်ဆုတ်ဖြစ်နေတာခင်ဗျ။ အခုစာအတွက် ကျေးဇူးတင်ပါတယ်။

ZT - 12/19/10, 2:39 PM

အတွေးအခေါ် အသစ်တွေ ပတ်ဝန်းကျင် အသစ်တွေဆိုတာတော့ အမြဲတမ်း ရှိနေမှာပါ။ လိုတာယူ မလိုတာပယ်ပြီးတော့ ရှေ့ဆက် သွားနေရမှာပါ။ နေဝင်းမြင့် ဝတ္ထုထဲကလို အရိုးစွဲ မနေဖို့ပဲ လိုပါတယ်။

Mon Petit Avatar - 12/19/10, 3:05 PM

This post makes me think what I am standing for: neglect the change? go with the flow? or still reluctant to choose one?

ကိုပေါ - 12/19/10, 3:37 PM

ဘဝရေစီးကြောင်းထဲ မြုတ်ပါမျော....
ကိုအင့်ဒီအသည်း ပျားတုပ်နေ..
မျောရတာ အရသာလား....း-)

Andy Myint - 12/19/10, 4:17 PM
@MrDBA - ကျွန်တော်လည်း စီးမျောဖို့ ရေကူးသင်နေတာ အခုအချိန်ထိပဲ ဆိုပါတော့

@ZT - အတွေးအခေါ်အသစ်တွေထဲမှာ အမှန်တကယ် စီးမျောဖို့ (ကျွန်တော့်လို Old School အတွက်တော့) အချိန်အတော်ယူရပါတယ်။

Same here, Mon Petit Avatar.

ဒီလိုပဲ ဘ၀ရေစီးကြောင်းထဲမှာ နစ်လိုက် မြုတ်လိုက်ပဲ ကိုပေါရေ။
Raymond.Kyaw Minn Naing - 12/19/10, 5:18 PM

မှန်ကန် သေချာတဲ့ အပြောင်းအလဲအတွက် လမ်းဆုံ လမ်းခွ မရှိပါဘူး ဆိုတာရယ် ရေမကူးတတ်ဘဲ မြစ်ထဲကို ခုန်ချသလိုမျိုး ရယ် ကြားကချင့်ချိန်ရင်း တွေဝေရင်း နဲ့ ၂၀၁၁ မကုန်ရင်တော်ပါပြီဗျာ..။ Anyway..ကိုအောင့် နှစ်သစ်ကူးလက်ဆောင်လေး ကကောင်းတယ်ဗျို့။ ၂၀၁၁ မယ် တစ်ခုခုတော့ လုပ်အုံးမှ။

Shinlay - 12/19/10, 7:37 PM

အပြောင်းအလဲတွေ ကို ရင်ဆိုင်လက်ခံနိုင်ဖို့  အင်အားမွေးထားပါတယ်။
သတိပေးစာလေးအတွက် ကျေးဇူးပါရှင်။
အကို တို့ မိသားစု နှစ်သစ်မှာ ကျန်းမာ၊ပျော်ရွှင်ပါစေ။

မန်းကိုကို - 12/19/10, 10:45 PM

ကို Andy ပြောတာ မှန်ပါတယ်။
ကျနော့်အနေအထားနဲ့ကျတော့ လွဲတယ်ပြောလို့ မရပေမယ့် အံနည်းနည်း ချော်နေသလိုပဲ။

ကျနော်ကတော့ ကိုယ့်ဘဝ ကိုယ်သွားချင်တဲ့လမ်းကို ကိုယ်သွားနေတယ်လို့ ထင်မိတာပဲ။ ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ မရလို့ပဲလားတော့ မပြောတတ်ဖူး ကိုAndy ပြောတဲ့ အထဲမှာ အလိုလိုစီးမျောနေမိရက်သား ဖြစ်နေပြန်ရော။

တခါ ဒီလိုစီးမျောနေရာမှာ ကိုယ့်ကို အများနဲ့ရောပြီး တံဆိပ်လာကပ်တာမျိုးကျတော့ လက်မခံချင်ပြန်ဘူး။ ဆက်ရှင်းဖို့ကြိုးစားရင်တော့ အချိန်အတော်ယူရမယ်ထင်တယ် :-)

Moe Cho Thinn - 12/20/10, 4:38 AM

အပြောင်းအလဲကို လက်ခံရမှာပေါ့။ ကိုယ်တိုင် စီးမျော ပါဝင်တာကတော့ ကောင်းသော အပြောင်းအလဲတွေသာ ဖြစ်ပါစေလို့ပဲ။ ဒေါ်စု လွတ်မြောက်တဲ့ အပြောင်းအလဲမျိုး၊ နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိ အားလုံး လွှတ်ပေးတယ်ဆိုတဲ့ အပြောင်းအလဲမျိုးကိုတော့ ပါဝင်စီးမျော တောင့်တ မိပါတယ်။

ကိုပေါ ကွန်မန့်လေး ရီသွားတယ်။

Andy Myint - 12/20/10, 2:25 PM
“တစ်ခုခုတော့ လုပ်ဦးမှ” ဆိုရင်တော့ မဆိုးပါဘူး။ ဒါပေမယ့် လုပ်ရမှာမို့ လုပ်တာထက် တကယ်လုပ်စရာ တစ်ခုကို လုပ်လိုက်တာ ပိုကောင်းမယ် ထင်တယ် ကိုချော။

@Shinlay - နှစ်သစ်မှာ အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ပြီး ပျော်ရွှင်ပါစေ။

@မန်းကိုကို - ပြောတာကို ကျွန်တော် သဘောပေါက်သလိုလိုတော့ ရှိပါတယ်။ စာကလည်း ပုံမှန်အခြေအနေနဲ့ လူတွေ မျက်စိရှေ့မှာ ဖြစ်တဲ့ အပြောင်းအလဲတွေမှာ “အမှန်တကယ်” ပါဝင်စေလိုတာပါ။ ကိုယ့်လမ်းကြောင်း ရှိပြီးသား စီးမျောပြီးသားဆိုရင်တော့ တစ်မျိုးတွေးနိုင်ပါတယ်။

ဟုတ်တယ် မချိုသင်း.. ကျွန်တော်လည်း စာစီစာကုံး ဆန်သွားမှာစိုးလို့ မကောင်းတဲ့ အပြောင်းအလဲတွေမှာတော့ မစီးဆင်းဖို့ မရေးလိုက်ရဘူး။ ခက်တာက မကောင်းတဲ့ အပြောင်းအလဲတွေကို စီးမျောဖို့ သိပ်ကိုလွယ်နေတာ။ မကောင်းမှုမှာ ပျော်ရွှင်တတ်တယ်ပဲ ဆိုပါတော့။
Anonymous - 12/21/10, 10:06 PM

"ထွက်ပေါက် စင်္ကာပူကို ရှိပြီးသား နာမည်နဲ့ ၀ိတ်နဲ့ သုံးပြီး ပိတ်ချင်တာတွေ တွေ့ရတော့".....

I am at lost and which clowsn did it?
Will you bother to point the web link
for above? Cheers!

Andy Myint - 12/22/10, 9:58 AM
I reckon I am in no position to name such a senior writer though I dislike (besides my main intention that not to dishearten people who wants change). He is one of the famous and top columnists in best-selling journals in Burma writing on current affairs. He once bad-mouthed Singapore just to butter up the authorities.
Anonymous - 12/23/10, 10:49 PM

Well said, your answer is not helpful but
fair enough. Although I prefer naming and
shaming any wanker or wankeress who thinks
that that little island needs us more than
our countrymen need it. I have seen in some blogs too! Either out of emotion or sheer foolishness, they have claimed (blogged)that
when the time comes, when their era arrives
- I did not know what do they mean by their
era, so I assume they mean an era in which
they will lead Burma, which they'd hope to
happen soon in future - they will not let
Burmese go and work there in island. I was
not feeling amused but amazed and appalled
for the ingenuity of their dick heads. No
wonder while the military regime leaders
are fools, those in opposition either in
borders or third countries are dick heads
too. Now I have learned that there are some dick headed columnists in local journals,
I thought they are only at Irrawaddy and
DVB.

Yes I agree with you that our unemployment
figures will be soared, our graduates will
no longer get meaningful employment, if that
door is closed. May I suggest you should be
a columnist (for part time) instead of that young fool or old fart author who suggested
that idea. Cheers!

Anonymous - 12/24/10, 12:32 AM

If Ko Andy is saying about လူထုစိန်ဝင်း , is this the article http://mayaonlinemagazine.blogspot.com/2010/06/blog-post_2718.html ? Or မောင်စူးစမ်း?

Anonymous - 12/24/10, 11:36 AM

Some are clueless small frogs in little ponds!

I remember one author wrote, there are no trees
bigger than Papaya tree (Thin Baw)in Singapore.
I read that in Shwe Myanmar magazine in 2003/4.
I was thinking, there are longer trees with fat
trunks to be shoved into his backside. I think
web bloggers become better than those authors.

rose - 12/24/10, 9:36 PM

ရို့စ် ဘလော့ဂ်လေး စမရေးခင်တည်းက We She Me နဲ့ ရင်းနှီးပြီးသားပါ။ စာတွေ လာဖတ်ဖြစ်ပေမယ့် ကွန်မန့်တော့ မရေးဖြစ်ခဲ့ဘူး။ ကိုအန်ဒီနှင့် ဇနီး မျှဝေပေးတဲ့ ချက်နည်းပြုတ်နည်းလေးတွေလည်း လာဖတ်နေကျ။

နှစ်သက်တယ် ဒီစာသားလေးတွေ "၂၀၁၀ ကနေ ၂၀၁၁ ပြောင်းသွားမှာ အများနဲ့အတူ ကိုယ်ကိုယ်တိုင်ပဲ အမှန်တကယ် ပါဝင်သလို ထင်ရပါတယ်။ ပါဝင်တယ် မ၀င်ဘူး တကယ်တန်း အဆုံးအဖြတ် ပေးမှာကတော့ ၂၀၁၁ အတွက် ကိုယ်ကိုယ်တိုင် ပြင်ဆင်ထားသလားပါပဲ"

kaphyo - 1/1/11, 6:03 PM
This comment has been removed by the author.
kaphyo - 1/1/11, 6:11 PM

Bro, I read this post i remember one of ur post Colour and Trend. I keep good trend and reduced my bad trend, but until i didn't get good colour from anyperson. Whatever I must be sailing year by year. Thanks for this post.

Remarks: i dont want to swim bro :D...

Happy New Year Bro, I hope your family will be happy and healthy in the whole life :)

Sincerely
Kophyo

Anonymous - 1/5/11, 1:50 PM

Hi Ko Andy,

I really recommend your thoughts.
But I understand that all of minds and thoughts about changing font to Unicode.
I am a graduated from UCSY and old student from (Hlaing Campus).But, currently far away from my mother country.
I always remember for our student life in UCSY Hlaing Campus.
At that time, we was tried to change for Unicode system and we was tested in lab and ending in thesis.But, nobody interested to change.
I also appreciate our next generation IT professionals for interesting in Unicode.
I saw some of minds and thoughts in http://www.myanmartutorials.com web site.

Nice post!

Anonymous - 1/8/11, 12:43 AM

အပြောင်းအလဲ ဆိုတာ တစ်ကယ်တော့ အပြဲအလောင်းပါပဲ။

ဒီက ဥာဏ်မရှိ ကံမရှိတိုင်းမွဲ မို့ ဒီလောက်ပဲ တွေး နိုင်တယ်။ ဟီး..

ကိုကိုလွင်

Post a Comment

Many thanks for dropping a comment…

Film