Sunday, December 19, 2010

အမေစုနှင့် Exclusive Interview


“အကျယ်ချုပ် ထိန်းသိမ်းခံရစဉ်အတွင်း ရဟန်းတော်များ အိမ်ရှေ့မှ ဖြတ်လျှောက်သွားတဲ့အခါ ခြံဝအထိ ထွက်ပြီး ဖူးမြော်ခဲ့ပါတယ်.. အဲဒီအချိန်က ခြံဝကို ထွက်ပြီး သံဃာတော်တွေကို ဖူးမြော်ခဲ့ပါတယ်.. မျက်ရည်ကျ ငိုတယ်ဆိုတာတော့ မဟုတ်ပါဘူး..တကယ်တော့ မြင်လိုက်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ရပြီး ပြုံးခဲ့တာပါ…တချို့လူတွေနဲ့ သံဃာတော် အချို့ကတော့ ကျမကို မြင်တဲ့အတွက် မျက်ရည်ကျကြပါတယ်…ကျမကတော့ သူတို့ဒီလို လမ်းပေါ် ထွက်လာခွင့်ရတဲ့အတွက် မြင်ရတာနဲ့ကို အရမ်းဝမ်းသာမိတာပါပဲ”


ပြည်သူတွေအများစုက ဘယ်အချိန်ပဲ ဖြစ်ဖြစ် တွေ့မြင်လိုက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား “အမေစု”ဟု ခေါ်ဝေါ်တဲ့အပေါ် သူမရဲ့ ခံစားချက်ကို ဖြေကြားတဲ့ အခါ

"ပထမဆုံးအနေနဲ့တော့ ကျမ ဖေဖေ့ရဲ့ အမေ အဘွားကို သတိရစေပါတယ်။ အဘွားရဲ့ ဇာတိမြေ နတ်မောက်တစ်မြို့လုံးက ကျမတို့ အဘွားကို အမေစုလို့ပဲ ခေါ်ကြတယ်လေ။ အိမ်နီးချင်းတွေ အမျိုးတွေတင် မဟုတ်ဘဲ ဘာကြောင့်ရယ်တော့ မသိ တစ်မြို့လုံးက အမေစုလို့ပဲ ခေါ်ကြတယ်။ တခြားတစ်ခုကတော့ အမေရယ်လို့ အခေါ်ခံရတာ ရည်ညွှန်းခံရတာ တာဝန်တွေ ပိုကြီးလာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေတစ်ယောက်ရဲ့ အခန်းကဏ္ဍက အင်မတန် အရေးပါပြီး တာဝန်ဝတ္တရား ပိုကြီးမားလို့ပါ….”

“ကျမအထင် လူတွေက သူတို့လုပ်ချင် ဖြစ်ချင်တဲ့နေရာတွေကို သွားနိုင်ဖို့ ကျမကို ကူညီစေချင်ခဲ့တာပါ..ကျမ သူတို့ကို ကြိုးစားသင်ပေးနေတာကတော့ သူတို့ကိုယ်တိုင်က ကူညီနိုင်တယ်ဆိုတဲ့ အချက်ပါပဲ... ကျမတို့ တူတူ လုပ်ကြမယ်.. သူတို့ ကျမတစ်ယောက်တည်းကို အားကိုးလို့ မရဘူးလေ..တခြား ဘယ်သူတစ်ဦးတစ်ယောက် ပါတီအဖွဲ့အစည်းတစ်ခုကိုလည်း သူတို့ လိုချင်တာကိုရောက်ဖို့ အားကိုးလို့မရပါဘူး...”

“လူတွေကိုယ်တိုင်..အထူးသဖြင့် လူငယ်လေးတွေဟာ ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ သရုပ်ဆောင်တွေပါပဲ…"

မလွှင့်ထုတ်လိုက်ရတဲ့ အင်တာဗျူးတစ်ခုမှ ကောက်နှုတ်ချက်ကို အင်တာဗျူးခဲ့သူ သတင်းထောက်တစ်ဦးမှတဆင့် ပေးပို့လာတာကို ရေးသားချက် ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဖြေကြားတဲ့ အပေါ် ဘာသာပြန်ထားတဲ့ အတွက် စကားလုံး အတိအကျမဟုတ်ပါဘူး။

အထက်ပါစာအာလုံး (ဓါတ်ပုံမပါ)ကို မူရင်းအတိုင်း မပြောင်းလဲဘဲ http://wesheme.blogspot.com/2010/12/exclusive-interview-with-mother-su.html အား Credit ပေး၍ ပြန်လည် ဖြန့်ဝေနိုင်ပါသည်။

ဓါတ်ပုံကို မည်သူ ရိုက်မှန်းမသိ၍ Credit မပေးနိုင်တာကို တောင်းပန်ပါတယ်။ ပေးပို့လာသူကိုလည်း (တောင်းဆိုချက်အရ အမည်မဖော်နိုင်သော်လည်း) ကျေးဇူးအထူးတင်ရှိပါတယ်။

7 comments:

Shinlay - 12/19/10, 9:56 PM

မျှဝေပေးတာကျေးဇူးတင်ပါတယ်။

Anonymous - 12/19/10, 9:58 PM

ဒါကြောင့်လည်း
အမေလို့ တလေးတစားမြတ်မြတ်နိုးနိုး ခေါ်နေကြတာပါလား ။

ကျေးဇူးတင်ပါတယ် ကိုအန်ဒီ ။

JUSTICE999BURMA - 12/19/10, 10:52 PM

အမေ အမေ အမေ....... (စကားလုံးမရှိလို့ )

Ko Lay - 12/20/10, 1:36 AM

အမေ အမေ အမေ
ကျနော်က အမေကိုချစ်တဲ့သား။ အမေ့ကို ငယ်စဉ်က သိပ်အားကိုးတွယ်တာခဲ့သလို၊ ကြီးပြင်းလာတော့လည်း အမေကို စိတ်အချမ်းသာဆုံးဖြစ်စေချင်တာ။ ၉၉ % သော သားသမီးများရဲ့ တူညီသော ဆန္ဒတခုပါပဲဗျား။
ိဒီပို့လေးကဆင့် ကျနော်တို့ရဲ့အမေ သိပါစေ....။

နောင်သူ - 12/20/10, 3:19 AM

စိုးဇေယျထွန်း ရိုက်တာဗျ

Anonymous - 12/20/10, 4:07 AM

ဖတ်ရလို့ကျေးဇူးတင်ပါတယ်။

Anonymous - 12/20/10, 7:45 AM

ဝအင်္ဂလိပ်လို မေးခဲ့တဲ့ သတင်းထောက်ကို credit ပို ပေးသင့်တယ်လို့ ထင်ပါတယ်။

Post a Comment

Many thanks for dropping a comment…

Film