Wednesday, January 19, 2011

လောကအလှ နှင့် အင်တာဗျူး

မဟနစံရဲ့ စီစဉ်ပေးမှုနဲ့ လောကအလှ Online Magazine နဲ့ အင်တာဗျူးလေး တစ်ခု လုပ်ဖြစ်ပါတယ်။ မေးခွန်းတွေကတော့

  • ကိုအန်ဒီ ဘလော့ဂ်နာမည်We, She,Me ဆိုတာလေးကို ဘာကြောင့် အဲဒီ နာမည်ပေးတယ်ဆိုတာ ပြောပြပါလား။
  • ဘယ်အချိန်က စရေးတာပါလဲ။
  • ခုဘာတွေ လုပ်နေပါသလဲ။
  • ဝါသနာအရ ဘလော့ဂ်ရေး၊ စာရေးတဲ့ခါ အခြား ပြင်ပက အလုပ်နဲ့ မိသားစုကိစ္စများနဲ့ဆိုတော့ အချိန် ကသီလင်တ နိုင်တာမျိုး ရှိပါသလား။
  • ကိုအန်ဒီ့စာတွေကို လာဖတ်သူတွေ နှစ်သက်ကြတာများတယ် ဆိုတာ ဘာကြောင့်ပါလဲ။
  • စာဖတ်တဲ့သူတွေအကြိုက်ဆုံး ပို့စ်တွေရှိပါသလား။ ကိုအန်ဒီ ကိုယ်ရေးတာကို ကိုယ် အနှစ်သက်ဆုံးပို့စ်ရော။
  • စိတ်ဖိစီးမှုတွေရှိလာရင် ဘယ်လို အောင်မြင်ပါသလဲ။
  • အားလပ်ချိန်များမှာ ဘာလုပ်ပါသလဲ။
  • ယနေ့ခေတ်လူငယ်များအပေါ် အမြင်လေး သိပါရစေ။
  • စာဖတ်သူများကို ဘာများ အမှာစကားပြောချင်ပါသလဲ။

အင်တာဗျူး ကဏ္ဍကို ကြည့်ကြည့်လိုက်တော့ အယောက် ၁၀၀ နီးပါးနဲ့ အင်တာဗျူးပြီးတာ တွေ့မိပါတယ်။ သိထားတဲ့ ဘလော်ဂါတွေရော မသိသေးတဲ့ ဘလော်ဂါတွေ ပါတွေ့လိုက်ရတယ်။ လောကအလှက အတော်လေးလည်း လုပ်နိုင်ကြတယ်။ တစ်နေ့ထဲမှာကို ၃-၄ ယောက်နဲ့ ဗျူးလိုက်လို့ လိုက်ဖတ်တဲ့သူတွေကတောင် အတော်လေး လိုက်ဖတ်ရမှာပါ။

အထွေအထူး မဟုတ်ပေမယ့် လောကအလှကို မရောက်ဖူးသေးတဲ့ သူများရှိရင်လည်း သိရအောင် Link ကို Share ပေးလိုက်ပါတယ်။ ဟောဒီမှာ သွားဖတ်နိုင်ပါတယ်။

8 comments:

မောင်မျိုး - 1/19/11, 12:57 AM

စိတ်ဖိစီးမှုတွေရှိလာရင် ဘယ်လို အောင်မြင်ပါသလဲ။


အဲ့တာကို ဖြေထားတာကြိုက်တယ် ကျနော်စိတ်ဖိစီးမှုရှိရင်တော့ ဖြောင်းဖျမယ့်သူမ မရှိဘူးဗျး)

ko 9 - 1/19/11, 1:25 AM

အလုပ်ကမောပြီးပြန်လာတဲ့အချိန်မှာ
ကလေး၂ယောက်ဆော့၇င်းနဲ့၇န်ဖြစ်တာတွေ့၇င်
ဘယ်လိုဖြေရှင်းပါသလဲ..ဟဟ
နောက်တာပါ..
စာပြန်ေ၇းလို့ဝမ်းသာပါတယ်ဗျာ

Anonymous - 1/19/11, 9:29 AM

Welcome back.Whoever read ur blog can clearly see ur honesty for readers.Glad to know u r writing again.....Gyidaw

ShwunMi-ရွှန်းမီ-ရွှန်းမီ - 1/19/11, 9:02 PM

ဟိုးတစ်ခါက မကြီးပန်ဒိုရာ ရေးထားသလို ဆာရှိမီနဲ့ အမျိုးတော်တယ်ပဲ ထင်နေတာ :D

Anonymous - 1/20/11, 11:11 AM

Could u pls share about time management as well. I read about, urgent, important, urgent but not important and urgent and important. But still can't separate and do. Thus at the end of the day, the result is not satiFying as expected.

Andy Myint - 1/22/11, 8:21 PM
Thanks, Reader. I will see if I can write such articles.

မောင်မျိုးက ကြော်ငြာ ၀င်သွားတာပဲ :D

ko 9 ... အလုပ်က ပြန်လာ ထမင်း ဟင်း ချက်နေတုန်း ရန်မဖြစ်အောင် TV ပေးကြည့် ထားတယ်။ တခါတလေ McDonald's Happy Meal ၀ယ်ကျွေးထားတယ်။ တခါတလေ ရေနဲ့ ဂျုံမှုန့်နဲ့ ပေးပြီး မီးဖို Counter ပေါ်မှာ ဟင်းချက်ခိုင်းထား ရတယ်။ အဲဒါမှ ရန်ဖြစ်လို့ကတော့ ဆော်ပလော်ပဲ :P

Thanks, Gyidaw :) I will try to write more when I have a chance.

မရွှန်းမီက မှတ်မိသေးတာပဲ.. အဲဒီလို မပန် Promote လုပ်ပေးလို့ ဒီဘလော့လေးကို လူသိလာတာလေ။
shwe sandy - 1/23/11, 9:30 PM

Ko Andy,

I am also from Aussie and I've been following your blog for quite some time. I wish to know what you mean by "နောင် အနာဂတ်အတွက် လိုအပ်မည် ထင်တာကို စတင်ပြီး စမ်းလုပ်ကြည့်နေတယ်" I wanna do something for my family's future as well but don't know where to begin. Any tips?

Andy Myint - 1/27/11, 9:18 PM
Thanks for your comment, Ma Shwe Sandy. Being in IT, I'm just trying to step-up from my current role or start-up something new.

My tip for you will be the same and may not be very specific to you. Please see if you can step up from the current role in the same direction or start up something new. For either way, you dont have to burn the bridge (just maintain the current status) if you dont wish to take risk. For being in AU, another tip for you will be to make tax effective in any way.

All the best to you.

Post a Comment

Many thanks for dropping a comment…

Film